• Follow Us on
Latest News

Home ဝက်သားရောင်းသူ ဒေါ်ပြားသည် ဝက်သားဒိုင်မှ ဝက်သားဝယ်ယူပြီး ဆိုက်ကားဖြင့် အပြန်၌ သေနတ်ဖြင့် ပစ်သတ်ခံရပြီး ဆိုက်ကားဆရာလည်း သေနတ်ထိမှန်၍ အရေးပေါ် ရောက်ရှိ

ဝက်သားရောင်းသူ ဒေါ်ပြားသည် ဝက်သားဒိုင်မှ ဝက်သားဝယ်ယူပြီး ဆိုက်ကားဖြင့် အပြန်၌ သေနတ်ဖြင့် ပစ်သတ်ခံရပြီး ဆိုက်ကားဆရာလည်း သေနတ်ထိမှန်၍ အရေးပေါ် ရောက်ရှိ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၉ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် (၅) ရပ်ကွက်၌ ဝက်သားရောင်းသူ ဒေါ်ပြားသည် ဝက်သားဒိုင်မှ ဝက်သားဝယ်ယူပြီး ဆိုက်ကားဖြင့် အပြန်၌ သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့သလို ဆိုက်ကားဆရာလည်း သေနတ်ထိမှန်၍ အရေးပေါ်ရောက်ရှိနေကြောင်း သက်ဆိုင်ရာတာဝန်ရှိအချို့က People Media ကို ပြောပါ တယ်။

 

“ဒီမနက် ဝက်သားဒိုင်ကနေ ဝက်သားဝယ်ပြီး အပြန်မှာ အနီးကပ် ပစ်သတ်ခံရတာ။ သေဆုံးသွားတယ်။ ဆိုက်ကားဆရာကတော့ အရေးပေါ် ရောက်သွားတယ်။ သူက စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့” သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ထိုကဲ့သို့ ဝက်သားသည်ဒေါ်ပြား လုပ်ကြံခံရသည့်အကြောင်းအရင်းကို People Media အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။

 

လက်ရှိအချိန်၌ ရန်ကုန်မြို့၌ တပ်မတော်သတင်းပေးဟု ယူဆခံရသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ပညာရေးဝန် ထမ်းများ၊ လုံခြုံရေးအဖွဲ့များ လုပ်ကြံသတ်ဖြတ်ခြင်းခံနေရပါတယ်။

 

Photo – credit

 

#PeopleMedia #ဝက်သားသည်ဒေါ်ပြား

 

(unicode)


…………………………………………………

 


 


 


 


 


 

Photo – credit

 



Share this post