• Follow Us on

Home “ဝတ္ျပဳ ဆုေတာင္းပြဲမွာ ပါဝင္လို႔ အေရးယူခံထားရတဲ့ ကေလးႏွစ္ဦး ခံဝန္နဲ႔ ျပန္လႊတ္”

“ဝတ္ျပဳ ဆုေတာင္းပြဲမွာ ပါဝင္လို႔ အေရးယူခံထားရတဲ့ ကေလးႏွစ္ဦး ခံဝန္နဲ႔ ျပန္လႊတ္”

Share this post

မႏၲေလးၿမိဳ႕၊ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ကံသာယာရပ္ကြက္အတြင္းက ေနအိမ္တစ္အိမ္အတြင္း လူစုလူေဝးနဲ႔ ဘာသာေရးဝတ္ျပဳဆုေတာင္းပြဲတခုမွာ ပါဝင္ခဲ့တဲ့ အသက္ ၁၂အရြယ္ ကေလးတစ္ဦးနဲ႔ ၁၃ႏွစ္အရြယ္ ကေလးတစ္ဦးတို႔ကို ဒီကေန႔ မနက္ပိုင္းက ကေလးသူငယ္ တရား႐ုံးကေန ခံဝန္နဲ႔ ျပန္လႊတ္ေပးခဲ့ပါတယ္။

 

ကိုဗစ္ကာလအတြင္းမွာ လူစု စုေဝးေတြ မျပဳလုပ္ဖို႔ တိုင္းအစိုးရအဖြဲ႕က တားျမစ္ထားေပမယ့္ ဧၿပီလ ၁၀ရက္ေန႔က ကံသာယာရပ္ကြက္အတြင္းမွာရွိတဲ့ ေနအိမ္တစ္အိမ္မွာ အမ်ိဳးသား ၁၄ ဦးက ဝတ္ျပဳ ဆုေတာင္းပြဲလုပ္ခဲ့တာေၾကာင့္ ေအာင္ပင္လယ္ နယ္ေျမရဲစခန္းကေန  သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈဥပေဒနဲ႔အေရးယူခဲ့တာျဖစ္ပါတယ္။

အဲဒီလို အေရးယူခံထားရတဲ့ထဲကေန လူႀကီး ၁၂ ဦးကိုေတာ့ ေမလ ၇ ရက္ေန႔က ခ်မ္းျမသာစည္ၿမိဳ႕နယ္တရား႐ုံးကေန သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈဥပေဒ ပုဒ္မ ၃၀(က)နဲ႔ ေထာင္ဒဏ္ ၃လစီ အမိန္႔ခ်ခဲ့ၿပီး ဒီကေန႔ ေမလ၁၉ရက္ေန႔မွာေတာ့ က်န္ရွိေနတဲ့ ကေလး ႏွစ္ဦးကို ကေလးသူငယ္တရား႐ုံးကေန ခံဝန္နဲ႔ ျပန္လႊတ္ေပးခဲ့တာလည္း ျဖစ္ပါတယ္။

 

#PeopleMedia

 

(Unicode)

“ဝတ်ပြု ဆုတောင်းပွဲမှာ ပါဝင်လို့ အရေးယူခံထားရတဲ့ ကလေးနှစ်ဦး ခံဝန်နဲ့ ပြန်လွှတ်”

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကံသာယာရပ်ကွက်အတွင်းက နေအိမ်တစ်အိမ်အတွင်း လူစုလူဝေးနဲ့ ဘာသာရေးဝတ်ပြုဆုတောင်းပွဲတခုမှာ ပါဝင်ခဲ့တဲ့ အသက် ၁၂အရွယ် ကလေးတစ်ဦးနဲ့ ၁၃နှစ်အရွယ် ကလေးတစ်ဦးတို့ကို ဒီကနေ့ မနက်ပိုင်းက ကလေးသူငယ် တရားရုံးကနေ ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ကိုဗစ်ကာလအတွင်းမှာ လူစု စုဝေးတွေ မပြုလုပ်ဖို့ တိုင်းအစိုးရအဖွဲ့က တားမြစ်ထားပေမယ့် ဧပြီလ ၁၀ရက်နေ့က ကံသာယာရပ်ကွက်အတွင်းမှာရှိတဲ့ နေအိမ်တစ်အိမ်မှာ အမျိုးသား ၁၄ ဦးက ဝတ်ပြု ဆုတောင်းပွဲလုပ်ခဲ့တာကြောင့် အောင်ပင်လယ် နယ်မြေရဲစခန်းကနေ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့အရေးယူခဲ့တာဖြစ်ပါတယ်။
အဲဒီလို အရေးယူခံထားရတဲ့ထဲကနေ လူကြီး ၁၂ ဦးကိုတော့ မေလ ၇ ရက်နေ့က ချမ်းမြသာစည်မြို့နယ်တရားရုံးကနေ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀(က)နဲ့ ထောင်ဒဏ် ၃လစီ အမိန့်ချခဲ့ပြီး ဒီကနေ့ မေလ၁၉ရက်နေ့မှာတော့ ကျန်ရှိနေတဲ့ ကလေး နှစ်ဦးကို ကလေးသူငယ်တရားရုံးကနေ ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

#PeopleMedia


Share this post
https://www.youtube.com/watch?v=1WKgvp4qVEo