• Follow Us on

Home ဝန္ထမ္းမ်ား ေထာက္ပံ့ေငြတိုးေပးရန္ ဘတ္ဂ်တ္လ်ာထားမႈမရွိသလို ယခုထြက္ေပၚေနေသာ သတင္းမ်ားသည္ ေကာလဟာလသာျဖစ္ဟု သမၼတ႐ုံးေျပာဆို

ဝန္ထမ္းမ်ား ေထာက္ပံ့ေငြတိုးေပးရန္ ဘတ္ဂ်တ္လ်ာထားမႈမရွိသလို ယခုထြက္ေပၚေနေသာ သတင္းမ်ားသည္ ေကာလဟာလသာျဖစ္ဟု သမၼတ႐ုံးေျပာဆို

Share this post

ရန္ကုန္၊ေအာက္တိုဘာ-၂၅

နိုင္ငံဝန္ထမ္းအသီးသီးကို ေထာက္ပံ့ေငြ (၅၄၀၀၀)က်ပ္ နိုင္ငံေတာ္မွ ထပ္မံ ခ်ီးျမႇင့္မည္ဟု သတင္းမ်ားထြက္ေပၚမႈသည္ ေကာလဟာလသာျဖစ္ၿပီး တိုးေပးရန္ ဘတ္ဂ်တ္လ်ာထားမႈ မရွိေၾကာင္း နိုင္ငံေတာ္သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာဆိုလိုက္သည္။

လက္ရွိအခ်ိန္၌ နိုင္ငံဝန္ထမ္းတစ္ဦးလွ်င္ နိုင္ငံေတာ္မွ ေထာက္ပံေငြ (၅၄၀၀၀)က်ပ္ကို ေအာက္တိုဘာလမွ စတင္ၿပီး ေထာက္ပံ့မည္ျဖစ္ေၾကာင္း ဝန္ထမ္းေလာက၌ သတင္းမ်ားထြက္ေပၚေနခဲ့သည္။

လက္ရွိအခ်ိန္၌ ျမန္မာနိုင္ငံတြင္ ဝန္ထမ္းေပါင္း တစ္သိန္းကိုးေသာင္းေက်ာ္ရွိၿပီး အဆိုပါ ဝန္ထမ္းအေရအတြက္ကို (၅၄၀၀၀) ထပ္တိုးေပးရန္ ဘတ္ဂ်က္မရွိေၾကာင္း သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက Mizzima သတင္းဌာနကို ေအာက္တိုဘာ (၂၅)ရက္၌ အတည္ျပဳ႕ေျပာဆိုခဲ့ျခင္းျဖစ္သည္။

“ဝန္ထမ္းက ဆယ္သိန္းနဲ႕ ကိုးေသာင္းေက်ာ္ ရွိတယ္။ ဆယ္သိန္းနဲ႕ ကိုးေသာင္းေက်ာ္ကို ၅၄၀၀၀စီ ေပးဖို႔ ဆိုတာက ဘတ္ဂ်က္ ရွိမွ ရမွာေလ။ ဘတ္ဂ်က္လည္း လ်ာထားထားတာ မရွိဘူး။ အဲ့ေတာ့ ဒါက မဟုတ္ပါဘူး”-ဦးေဇာ္ေဌး(နိုင္ငံေတာ္သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ)ကေျပာသည္။

[Unicode]
ဝန်ထမ်းများ ထောက်ပံ့ငွေတိုးပေးရန် ဘတ်ဂျတ် လျာထားမှုမရှိသလို ယခုထွက်ပေါ်နေသော သတင်းများသည် ကောလဟာလသာဖြစ်ဟု သမ္မတရုံးပြောဆို
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရန်ကုန်၊အောက်တိုဘာ-၂၅

နိုင်ငံဝန်ထမ်းအသီးသီးကို ထောက်ပံ့ငွေ (၅၄၀၀၀)ကျပ် နိုင်ငံတော်မှ ထပ်မံ ချီးမြှင့်မည်ဟု သတင်းများထွက်ပေါ်မှုသည် ကောလဟာလသာဖြစ်ပြီး တိုးပေးရန် ဘတ်ဂျတ်လျာထားမှု မရှိကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုလိုက်သည်။

လက်ရှိအချိန်၌ နိုင်ငံဝန်ထမ်းတစ်ဦးလျှင် နိုင်ငံတော်မှ ထောက်ပံငွေ (၅၄၀၀၀)ကျပ်ကို အောက်တိုဘာလမှ စတင်ပြီး ထောက်ပံ့မည်ဖြစ်ကြောင်း ဝန်ထမ်းလောက၌ သတင်းများထွက်ပေါ်နေခဲ့သည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ဝန်ထမ်းပေါင်း တစ်သိန်းကိုးသောင်းကျော်ရှိပြီး အဆိုပါ ဝန်ထမ်းအရေအတွက်ကို (၅၄၀၀၀) ထပ်တိုးပေးရန် ဘတ်ဂျက်မရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက Mizzima သတင်းဌာနကို အောက်တိုဘာ (၂၅)ရက်၌ အတည်ပြု့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဝန်ထမ်းက ဆယ်သိန်းနဲ့ ကိုးသောင်းကျော် ရှိတယ်။ ဆယ်သိန်းနဲ့ ကိုးသောင်းကျော်ကို ၅၄၀၀၀စီ ပေးဖို့ ဆိုတာက ဘတ်ဂျက် ရှိမှ ရမှာလေ။ ဘတ်ဂျက်လည်း လျာထားထားတာ မရှိဘူး။ အဲ့တော့ ဒါက မဟုတ်ပါဘူး”-ဦးဇော်ဌေး(နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ)ကပြောသည်။

#PeopleMedia# #CivilServent#


Share this post