• Follow Us on

Home ဝန်းသိုမြို့ရှိ ကျောင်းထိုင်ဆရာတော်သည် ဒလန်ဟု စွပ်စွဲခံရပြီးနောက် လုပ်ကြံသတ်ဖြတ်ခြင်းခံရပြီး ပျံလွန် တော်မူ

ဝန်းသိုမြို့ရှိ ကျောင်းထိုင်ဆရာတော်သည် ဒလန်ဟု စွပ်စွဲခံရပြီးနောက် လုပ်ကြံသတ်ဖြတ်ခြင်းခံရပြီး ပျံလွန် တော်မူ

Share this post

စစ်ကိုင်း၊ စက်တင်ဘာ ၂၂ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ အလယ်ခုံကျောင်းကျောင်းထိုင် ဆရာ တော် ဘဒ္ဒန္တတေဇိန္တသည် ဒလန်ဟု စွပ်စွဲခံရပြီးနောက် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၂ နာရီ အချိန်မှာ လူတစ်စုက ဆရာတော်ကို လုပ်ကြံသတ်ဖြတ်သွားခဲ့တယ်လို့ ကျောင်းထိုင်ဆရာတော်နဲ့ နီးစပ်သူတွေက People Media သို့ ပြောဆိုသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန်၌ အမည်မသိသူ (၇) ဦးခန့်က တူမီး သေနတ်၊ ဓါးများကိုင်ဆောင်ကာ အလယ်ခုံဘုန်းတော်ကြီးကျောင်းထဲကို ဝင်ရောက်လာခဲ့ပြီး ဆရာတော် ဘဒ္ဒန္တတေဇိန္တကို ဓါးနဲ့ ထိုးသွင်းခဲ့သည်။

 

ဆရာတော်၏ ဖြစ်စဉ်အပေါ် ဆေးကုသမှုရရှိရန် ကျေးရွာသူ/သားများက ဝန်းသိုမြို့ ပြည်သူ့ဆေးရုံကို ပို့ ဆောင်ခဲ့ပေးခဲ့သော်လည်း ဒဏ်ရာတွေကြောင့် ပျံလွန်တော်မူခဲ့သည်။

 

ဆရာတော် ဘဒ္ဒန္တတေဇိန္တ ပျံလွန်တော်မူချိန်မှာတော့ သက်တော် ၄၈ နှစ်၊ ဝါတော် ၂၇ ဝါရှိပြီဖြစ်သည်။

 

#PeopleMedia #ဝန်းသိုမြို့

 

(unicode)


…………………………………………………………………

 


 


 


 


 

ဆရာတောျ ဘဒ်ဒန်တတဇေိန်တ ပြံလှနျတောျမူခြိနျမှာတော့ သကျတောျ ၄၈ နှဈ၊ ဝါတောျ ၂၇ ဝါရှိပွီဖွဈသညျ။

 



Share this post