• Follow Us on

Home ဝန်းသို-ပင်လယ်ဘူးကားလမ်း၌ ခရီးသည်ယာဉ်တစ်စီး မိုင်းထိမှန်မှုကြောင့် ခရီးသည် ၂ ဦး(စိုးရိမ်ရ) ဒဏ်ရာရရှိ ခဲ့ပြီး ၃ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိ

ဝန်းသို-ပင်လယ်ဘူးကားလမ်း၌ ခရီးသည်ယာဉ်တစ်စီး မိုင်းထိမှန်မှုကြောင့် ခရီးသည် ၂ ဦး(စိုးရိမ်ရ) ဒဏ်ရာရရှိ ခဲ့ပြီး ၃ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိ

Share this post

မုံရွာ၊ ဒီဇင်ဘာ ၁၅ (People Media)

 

ဒီဇင်ဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဝန်ကြီးကျေးရွာနှင့် ၈ မိုင်ခန့်အ ကွာ ဝန်းသို-ပင်လယ်ဘူးကားလမ်း၌ ခရီးသည်ယာဉ်တစ်စီး မိုင်းထိမှန်မှုကြောင့် ခရီးသည် ၂ ဦး (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

 

အဆိုပါ ဒဏ်ရာရရှိသူများသည် ဝန်းသိုမြို့၊ စော်ဘွားကြီးရပ်ကွက်နှင့် အာမခံကျေးရွာနေသူ ၅ ဦးဖြစ်ကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရသိရသည်။

 

“မိုင်းစထိမှန်ဒဏ်ရာရတာက ကျား/မ ဦးယောက်ပါ။ အဲ့ဒီထဲက ၂ ဦးက စိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်” လို့ ဒေသခံ တစ်ဦးက ပြောသည်။

 

လက်ရှိအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အများပြည်သူအသုံးပြုသည့် ကားလမ်းများ၌ ခရီးသည် ယာဉ်နှင့် ပြည်သူကပိုင်ယာဉ်များ မကြာခဏ မိုင်းဆွဲခံရလျက်ရှိသည်။

 

အလားတူ စစ်ကိုင်းဒေသကြီးအတွင်းရှိ PDF အဖွဲ့များသည် လုံခြုံရေးယာဉ်တန်းများကို မကြာခဏ မိုင်းဆွဲ တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

 

#PeopleMedia #ဝန်းသို

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 



Share this post