• Follow Us on

Home ဝန်းသိုမြို့နယ်၌ မိုင်းထောင်ရန် ပြင်ဆင်နေသည့် အမျိုးသားနှစ်ဦး ဖမ်းဆီးခံရ

ဝန်းသိုမြို့နယ်၌ မိုင်းထောင်ရန် ပြင်ဆင်နေသည့် အမျိုးသားနှစ်ဦး ဖမ်းဆီးခံရ

Share this post

ဝန်းသို၊ ဇန်နဝါရီ ၈ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ရွှေဝန်းသီးတာရပ်ကွက်၊ သုဿန်အနီး၌ မိုင်းထောင်ရန် ပြင်ဆင်နေ သည့် CDM ကျန်းမာရေးဝန်ထမ်းနှင့်အတူ အခြားသော အမျိုးသားတစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံ အချို့က ပြောသည်။

 

ဖမ်းဆီးခံရသူသည် ဝန်းသိုမြို့နယ် ပြည်သူ့ကျန်းမာရေးမှ CDM ဝန်ထမ်းဖြစ်သူ ဦးဇော်မြင့်ထွန်းနှင့် ဦးမိုး ကျော်တို့ဖြစ်ကြောင်း ဒေသခံအချို့က ဆက်သွယ်ပြောဆိုသည်။

 

“ဖမ်းဆီးခံရသူတွေက လမ်းဘေးမိုင်းထောင်ဖို့ ပြုလုပ်စဉ် ဖမ်းဆီးခံရတာ။ မိုင်းထောင်မည့်နေရာက လုံခြုံ ရေးယာဉ်တန်းတွေ သွားလာနေတဲ့လမ်းကြောင်းဖြစ်တယ်။ မိုင်းက အင်ဂျင်စလစ်အိုးနဲ့ ပြုလုပ်ထားတာပါ။ ဖြစ်စဉ်က ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက ဖြစ်တာပါ။” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

လက်ရှိအချိန်၌ ဝန်းသိုမြို့နယ် ပြည်သူ့ကျန်းမာရေးမှ CDM ဝန်ထမ်းဖြစ်သူ ဦးဇော်မြင့်ထွန်းနှင့် ဦးမိုးကျော်တို့ ဝန်းသိုမြို့နယ်၌ ထိန်းသိမ်းထားသည်။

 

#PeopleMedia #ဝန်းသိုမြို့

 

(unicode)


…………………………………………………

 


 


 


 


 


 



Share this post