• Follow Us on

Home ဝန်းသိုမြို့နယ်၌ အသက် (၇၀) ခန့်အရွယ်ရှိ ထွေအုပ်အငြိမ်းစား လင်မယားနှစ်ဦး နေအိမ်၌ ရှိနေစဉ် လုပ် ကြံခံခဲ့ရပြီး အဆိုပါဖြစ်စဉ်ကို သွားရောက်စစ်ဆေးခဲ့သည့် မြို့နယ်စခန်းမှူး မိုင်းဆွဲခံရ၍ ကျဆုံး

ဝန်းသိုမြို့နယ်၌ အသက် (၇၀) ခန့်အရွယ်ရှိ ထွေအုပ်အငြိမ်းစား လင်မယားနှစ်ဦး နေအိမ်၌ ရှိနေစဉ် လုပ် ကြံခံခဲ့ရပြီး အဆိုပါဖြစ်စဉ်ကို သွားရောက်စစ်ဆေးခဲ့သည့် မြို့နယ်စခန်းမှူး မိုင်းဆွဲခံရ၍ ကျဆုံး

Share this post

ဝန်းသို၊ ဒီဇင်ဘာ ၁၅ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ ကြိမ်ဘူးကုန်းကျေးရွာ၌ နေထိုင်သည့် အသက် (၇၀) ခန့်အရွယ်ရှိ ထွေ အုပ်အငြိမ်းစား လင်မယားနှစ်ဦး နေအိမ်၌ ရှိနေစဉ် လုပ်ကြံခံခဲ့ရပြီး အဆိုပါဖြစ်စဉ်အပေါ် သွားရောက် စစ် ဆေးခဲ့သည့် မြို့နယ်စခန်းမှူးသည် မိုင်းဆွဲခံရ၍ ကျဆုံးသွားခဲ့သည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၄ ရက်နေ့၌ ကြိမ်ဘူးကုန်း ကျေးရွာ၌ နေထိုင်သည့် အသက် (၇၀) ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် ၎င်း၏ ဇနီးဖြစ်သူ အသက် (၆၃) နှစ်အရွယ်တို့သည် နေအိမ်၌ ရှိနေစဉ် လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရသည်။

 

“မြို့နယ်စခန်းမှူးက သွားရောက်စစ်ဆေးပြီး အပြန်မှာ မိုင်းဆွဲခံရတာ။ သူက မတ်တူးကားနဲ့ သူ့ရဲ့ ကား မိုင်းဆွဲခံရတာပါ” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် ဝန်းသိုမြို့နယ် ဒု-ရဲမှူးဟန်ဝင်း ဦးဆောင်သည့်အဖွဲ့သည် သွား ရောက်စစ်ဆေးပြီးအပြန်၌ ဒေသခံ PDF များက မိုင်းဆွဲတိုက်ခိုက်ရာ ဒု-ရဲမှူးသည် မိုင်းစထိမှန်၍ ကျဆုံး ခဲ့ပြီး ရဲတပ်သားတစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။

 

#PeopleMedia #ဝန်းသိုမြို့ #PDF #ပြည်ထဲရေး

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post