• Follow Us on

Home ဝန်းသိုမြို့ PDF စခန်းတစ်ခု ရှင်းလင်းခံရပြီးနောက် PDF အဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့

ဝန်းသိုမြို့ PDF စခန်းတစ်ခု ရှင်းလင်းခံရပြီးနောက် PDF အဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့

Share this post

စစ်ကိုင်း၊ ဒီဇင်ဘာ ၇ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ တက်လွင်တောင်ကျေးရွာအုပ်စုအနီးရှိ PDF စခန်းတစ်ခု ဝင်ရောက်ရှင်း လင်းခံရပြီးနောက် PDF အဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရပါတယ်။

 

“ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ရှင်းလင်းခံလိုက်ရတာ။ PDF အဖွဲ့နဲ့ နီးစပ်သူတွေ ပြောတာက PDF အဖွဲ့ဝင် နှစ်ဦးကျတယ်ပေါ့။ စခန်းလည်း မီးရှို့ခံလိုက်ရတယ်ပြောတယ်လို့” ဒေသခံတစ်ဦးက ပြောပါတယ်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက PDF အဖွဲ့ဝင်များသည် ကောလင်းမြို့ရဲတပ်ဖွဲ့ဝင် ယာဉ်တန်းကို လူအင်အား ၄၀ ဖြင့် တားဆီးပြီးနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာ PDF အဖွဲ့ဝင်အချို့ ကျဆုံးခဲ့သလို လုံ ခြုံရေးအဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

 

လက်ရှိအချိန်၌ ဝန်းသိုမြို့ လုံခြုံရေးနှင့်ပတ်သက်ပြီး လုံခြုံရေးပူးပေါင်းအဖွဲ့များက ဆောင်ရွက်နေကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။

 

Photo – Credit

 

#PeopleMedia #ဝန်းသိုမြို့

 

(unicode)


………………………………………………….

 


 


 


 


 


 

Photo – Credit

 



Share this post