• Follow Us on
Latest News

Home ဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာနိုင်ငံသို့ ဇန်နဝါရီ (၇-၈) နှစ်ရက်ကြာ သွားရောက်လည်ပတ်မည်ဟု ကမ္ဘောဒီး ယားနိုင်ငံ ထုတ်ပြန်

ဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာနိုင်ငံသို့ ဇန်နဝါရီ (၇-၈) နှစ်ရက်ကြာ သွားရောက်လည်ပတ်မည်ဟု ကမ္ဘောဒီး ယားနိုင်ငံ ထုတ်ပြန်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၆ (People Media)

 

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်တက်ချိုဟွန်ဆန် (Samdech Techo Hun Sen) သည် ယခုရက် သတ္တပတ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ဝန်ကြီးချုပ်ဟွန်ဆန်နှင့်အတူ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နှင့် အစိုးရအဖွဲ့ အ ဆင့်မြင့်ကိုယ်စားလှယ်များ လိုက်ပါသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

ဇန်နဝါရီ ၇ ရက်တွင် စတင်မည့် နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံခေါင်းဆောင် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် နှစ်နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တွင် မကြာ သေးခင်က ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍  အမြင်ချင်းဖလှယ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဝန်ကြီး ဌာနက ဆိုသည်။

 

ကမ္ဘောဒီးယားနိုင်ငံသည် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ဖြင့် ဖွဲ့စည်းထားသော အာဆီယံအသင်း၏ ၂၀၂၂ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌတာဝန်ယူ ထားသောနိုင်ငံဖြစ်သည်။

 

ယင်းနေ့(ဇန်နဝါရီ ၅ ရက်) မှာပင် ဝန်ကြီးချုပ်ဟွန်ဆန်က ၎င်း၏ ခရီးစဉ်သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ပြီးခဲ့သောနှစ် ဧပြီ ၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအရေးပေါ်ထိပ်သီးအစည်းအဝေးအတွင်း ချ မှတ်ခဲ့သော ဘုံသဘောတူညီချက် ၅ ရက်အား အခြေခံ၍ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအကြပ် အတည်းကို ကူညီဖြေရှင်းရန်အတွက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 

(Xinhua)

 

#PeopleMedia #ကမ္ဘောဒီးယား #မြန်မာ

 

(unicode)


…………………………………………………………

 


 


 


 


 


 


(Xinhua)

 

#PeopleMedia #ကမ်ဘောဒီးယား #မွနျမာ


Share this post