• Follow Us on

Home ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘး ေနရာဆက္ခံမည့္ ပါတီေခါင္းေဆာင္အျဖစ္ ဆူဂါအား ေရြးခ်ယ္

ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘး ေနရာဆက္ခံမည့္ ပါတီေခါင္းေဆာင္အျဖစ္ ဆူဂါအား ေရြးခ်ယ္

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၁၄

အာဏာရ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီ (LDP) က ရာထူးမွႏႈတ္ထြက္ခဲ့သည့္ ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာ ေဘးေနရာ အစားထိုးရန္ ပါတီဥကၠ႒သစ္အျဖစ္ အစိုးရအဖြဲ႕ အတြင္းဝန္ခ်ဳပ္ ယိုရွီဟိုင္းဒီဆူဂါကို ယေန႔ ေရြးခ်ယ္ လိုက္သည္။

လႊတ္ေတာ္ရွိ LDP မွ လႊတ္ေတာ္အမတ္မ်ား၏ ဆႏၵမဲျပဳေရးအစည္းအေဝးတစ္ရပ္၌ ဆူဂါက ၿပိဳင္ဘက္ ႏွစ္ဦးျဖစ္ေသာ ကာကြယ္ေရးဝန္ႀကီးေဟာင္း ရွီဂီရီအိုင္ရွီဘာႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဖူမီယိုကီရွီဒါတို႔အား သက္ေသာင့္သက္သာ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။

ရွင္ဇိုအာေဘးက က်န္းမာေရးအေျခအေနေၾကာင့္ ရာထူးမွႏႈတ္ထြက္မည္ဟု ၿပီးခဲ့လအတြင္း ေျပာၾကားခဲ့ ၿပီးေနာက္ LDP ပါတီဝင္ အမ်ားစုက အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ပါတီေခါင္းေဆာင္ေနရာအတြက္ ဆူဂါအား ေထာက္ခံခဲ့ၾကသည္။

ဆူဂါက ဆႏၵမဲ ၃၇၇ မဲ၊ ကီရွီဒါက ၈၉ မဲႏွင့္ အိုင္ရွီဘာက ၆၈ မဲ ရရွိခဲ့သည္။ စက္တင္ဘာလ ၁၆ ရက္တြင္ ျပဳလုပ္မည့္ ဆူဂါအား ဝန္ႀကီးခ်ဳပ္အျဖစ္ ေရြးေကာက္မႈမွာလည္း ေသခ်ာေပါက္နီးပါး အေျခအေနျဖစ္သည္။

အဘယ္ေၾကာင့္ဆိုေသာ္ အာဏာရ LDP ပါတီက ေအာက္လႊတ္ေတာ္ႏွင့္ ၫြန္႔ေပါင္းမိတ္ဖက္ ကိုေမတို ပါတီႏွင့္အတူ အထက္လႊတ္ေတာ္၌ အမတ္ေနရာအမ်ားစု ထိန္းခ်ဳပ္ထားေသာေၾကာင့္ျဖစ္သည္။

LDP ပါတီမွ လႊတ္ေတာ္အမတ္ ၃၉၄ ဦးႏွင့္ ကိုယ္စားလွယ္ ၁၄၁ ဦးတို႔က ဆႏၵမဲေပး ေရြးခ်ယ္ခဲ့ျခင္းျဖစ္ ၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါျဖစ္ပြားေနမႈေၾကာင့္ ပါတီေခါင္းေဆာင္ ေရြးခ်ယ္ေရးလုပ္ငန္းစဉ္ ျမန္ဆန္ေစရန္ သာမန္ပါတီဝင္မ်ားကို ခ်န္လွပ္ခဲ့သည္။

ကိုးကား – က်ိဳဒိုနယူးစ္

Ref; LDP elects Suga as leader to succeed Japan PM Abe

#PeopleMedia

(unicode)
ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နေရာဆက်ခံမည့် ပါတီခေါင်းဆောင်အဖြစ် ဆူဂါအား ရွေးချယ်
……………………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၁၄

အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) က ရာထူးမှနှုတ်ထွက်ခဲ့သည့် ဝန်ကြီးချုပ် ရှင်ဇိုအာ ဘေးနေရာ အစားထိုးရန် ပါတီဥက္ကဋ္ဌသစ်အဖြစ် အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟိုင်းဒီဆူဂါကို ယနေ့ ရွေးချယ် လိုက်သည်။

လွှတ်တော်ရှိ LDP မှ လွှတ်တော်အမတ်များ၏ ဆန္ဒမဲပြုရေးအစည်းအဝေးတစ်ရပ်၌ ဆူဂါက ပြိုင်ဘက် နှစ်ဦးဖြစ်သော ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂီရီအိုင်ရှီဘာနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖူမီယိုကီရှီဒါတို့အား သက်သောင့်သက်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ရှင်ဇိုအာဘေးက ကျန်းမာရေးအခြေအနေကြောင့် ရာထူးမှနှုတ်ထွက်မည်ဟု ပြီးခဲ့လအတွင်း ပြောကြားခဲ့ ပြီးနောက် LDP ပါတီဝင် အများစုက အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပါတီခေါင်းဆောင်နေရာအတွက် ဆူဂါအား ထောက်ခံခဲ့ကြသည်။

ဆူဂါက ဆန္ဒမဲ ၃၇၇ မဲ၊ ကီရှီဒါက ၈၉ မဲနှင့် အိုင်ရှီဘာက ၆၈ မဲ ရရှိခဲ့သည်။ စက်တင်ဘာလ ၁၆ ရက်တွင် ပြုလုပ်မည့် ဆူဂါအား ဝန်ကြီးချုပ်အဖြစ် ရွေးကောက်မှုမှာလည်း သေချာပေါက်နီးပါး အခြေအနေဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အာဏာရ LDP ပါတီက အောက်လွှတ်တော်နှင့် ညွန့်ပေါင်းမိတ်ဖက် ကိုမေတို ပါတီနှင့်အတူ အထက်လွှတ်တော်၌ အမတ်နေရာအများစု ထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။

LDP ပါတီမှ လွှတ်တော်အမတ် ၃၉၄ ဦးနှင့် ကိုယ်စားလှယ် ၁၄၁ ဦးတို့က ဆန္ဒမဲပေး ရွေးချယ်ခဲ့ခြင်းဖြစ် ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် ပါတီခေါင်းဆောင် ရွေးချယ်ရေးလုပ်ငန်းစဉ် မြန်ဆန်စေရန် သာမန်ပါတီဝင်များကို ချန်လှပ်ခဲ့သည်။

ကိုးကား – ကျိုဒိုနယူးစ်

Ref; LDP elects Suga as leader to succeed Japan PM Abe

#PeopleMedia


Share this post