• Follow Us on

Home ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရွေးကောက်ပွဲအငြင်းပွားဖွယ်ရာကိစ္စများပြောဆိုရင်း ရိုဟင်ဂျာများ ရာဇဝတ်မှုများ တွင် ပါဝင်ပတ်သက်နေကြောင်းပြော

ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရွေးကောက်ပွဲအငြင်းပွားဖွယ်ရာကိစ္စများပြောဆိုရင်း ရိုဟင်ဂျာများ ရာဇဝတ်မှုများ တွင် ပါဝင်ပတ်သက်နေကြောင်းပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၅ (People Media)

 

ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP) ခေါင်းဆောင်များကို ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ၁၂ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်းပြီး ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP) ခေါင်းဆောင်များပြောကြား ခဲ့သည့် စကားများနှင့်ပတ်သက်၍ (BNP) ခေါင်းဆောင်များကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက ဝေ ဖန်ပြောကြားလိုက်သည်။

 

“BNP ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲမှာ သူတို့ဘယ်လိုမှ မနိုင်နိုင်ဘူးဆိုတာ သိပါတယ်။ ဒါ့ကြောင့် သူတို့ အနေနဲ့ နည်းလမ်းမျိုးစုံအသုံးပြုပြီး အငြင်းပွားစရာတွေဖြစ်လာအောင်လုပ်ဖို့ ကြိုးစားနေတယ်။ လူထုကြားမှာ ရှုပ်ထွေးလာအောင် ဖန်တီးဖို့ ကြိုးစားနေတယ်။ လူထုထိခိုက်နစ်နာအောင်လုပ်ဖို့ ကြိုးစားနေတယ်။” ဟု အောက်တိုဘာလ ၄ ရက်နေ့က ဝန်ကြီးချုပ်နေအိမ်တွင်ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြော ကြားခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP) ၏ ဥက္ကဋ္ဌဖြစ်သူ ခါလီဒါဇီယာသည် အဂတိလိုက်စားမှုဖြင့် ပြစ်ဒဏ်ချ မှတ်ခံထားရသည့်အတွက် ရွေးကောက်ပွဲဝင်နိုင်မည်မဟုတ်ကြောင်း အေဝါမီအဖွဲ့ချုပ်ပါတီ၏အကြီးအကဲက ပြောသည်။

 

ခါလီဒါဇီယာ၏သားဖြစ်သူ BNP ပါတီ၏ ခေတ္တဥက္ကဋ္ဌရာထူးတာဝန်ထမ်းဆောင်နေသည့် တာရီကွီးမှာလည်း သြ ဂုတ်လ ၂၁ ရက်နေ့က ဗုံးဖောက်ခွဲမှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံထားရသည်။ တာရီကွီးသည် ခံဝန်ချက်ဖြင့် အကျဉ်းမှလွှတ်ထားပေးပြီးနောက် ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ကတည်းက လန်ဒန် မြို့တွင် ဆေးကုသရန်အကြောင်းပြချက်ဖြင့် ရောက်ရှိနေသည်။

 

“အဲဒီလူတွေကို လူထုက ဘယ်လိုမဲပေးရွေးချယ်မလဲ။ တခြားအကြောင်းပြချက် တစ်ခုခုရှိသလား။ သူတို့ အနိုင် ရလိမ့်မယ်လို့ သူတို့ မယုံကြည်ပါဘူး။” ဟု ရှိတ်ခ်ဟာစီနာကပြောသည်။ ရှိတ်ခ်ဟာစီနာသည် စာဖြင့်ရေးသား ထားသောမိန့်ခွန်းကိုဖတ်ပြသွားပြီး ဂျာနယ်လစ်များထံမှ မေးခွန်းပေါင်း ၁၅ ခုကိုဖြေကြားသွားခဲ့သည်။

 

ရိုဟင်ဂျာဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ရှိနေခြင်းမှ အကျိုးအမြတ်ရနေသူများသည် ရိုဟင်ဂျာများ မူရင်း နေရပ်နိုင်ငံသို့ပြန်လည်ပို့ဆောင်ရေးကို ဆောင်ရွက်လိမ့်မည်မဟုတ်ကြောင်း ရှိတ်ခ်ဟာစီနာက အမည်မတပ်ဘဲ ပြောကြားသွားခဲ့သည်။

 

“နိုင်ငံတကာအဖွဲ့အစည်းတချို့က အရာရာဟာ သူတို့စီးပွားရေးနဲ့ ပတ်သက်နေတဲ့အတိုင်းပဲ  အပြုသဘော ဆောင်တဲ့ တုံ့ပြန်မှုမျိုးကို လုပ်လေ့မရှိဘူး။ ကျွန်မ ဒီလိုပြောရတာ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အဖွဲ့အစည်း တချို့ဟာ ရိုဟင်ဂျာတွေနဲ့ပတ်သက်ရင် ဘာအလုပ်မှမလုပ်ကြဘူး။” ဟု ၎င်းကပြောသည်။

 

ရိုဟင်ဂျာများသည် မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှု၊ လူကုန်ကူးမှှု၊ အမျိုးသမီးများကုန်ကူးမှုကဲ့သို့ ရာဇဝတ်မှု များတွင်ပါဝင်ပတ်သက်ခဲ့ကြောင်း၊ ၎င်းတို့သည် စိမ်းလန်းသာယာသည့် ကော့ဘဇားမြေကို ကျတ်တီးမြေဖြစ် အောင်လပ်နေကြကြောင်း ရှိတ်ခ်ဟာစီနာက ပြောသည်။

 

Ref: PM Hasina: BNP out to make polls controversial

 

#PeopleMedia

 

(unicode)


………………………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: PM Hasina: BNP out to make polls controversial

 

#PeopleMedia


Share this post