• Follow Us on

Home ဝမ်းတွင်းမြို့နယ်ရှိ မူလတန်းပြကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ အမျိုးသားဖြစ်သူတို့ လုပ်ကြံခံရပြီး ဆရာမကြီး သည် ပွဲချင်းပြီး သေဆုံး အမျိုးသားဖြစ်သူမှာ စိုးရိမ်ရဒဏ်ရာရရှိ

ဝမ်းတွင်းမြို့နယ်ရှိ မူလတန်းပြကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ အမျိုးသားဖြစ်သူတို့ လုပ်ကြံခံရပြီး ဆရာမကြီး သည် ပွဲချင်းပြီး သေဆုံး အမျိုးသားဖြစ်သူမှာ စိုးရိမ်ရဒဏ်ရာရရှိ

Share this post

မန္တလေး၊ နိုဝင်ဘာ ၁၂ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ညောင်ကားယားကျေးရွာ၊ မူလတန်းပြကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ အမျိုးသားဖြစ်သူတို့ လုပ်ကြံခံခဲ့ရပြီး ဆရာမကြီးမှာ ပွဲချင်းပြီး သေဆုံးခဲ့သလို ၎င်း၏ အမျိုးသားဖြစ်သူ သည် စိုးရိမ်ရဒဏ်ရာရရှိထားတယ်လို့ ဒေသခံများပြောဆိုချက်အရ သိရပါတယ်။

 

“မူလတန်းပြကျောင်းအုပ်ဆရာမကြီးရဲ့အမည်က ဒေါ်စိန်ကြည်ပါ။ အကြမ်းဖက်သမားတွေ လက်ချက်နဲ့ ဆုံးသွားပါတယ်။ ဆရာမကြီးရဲ့ အမျိုးသားလည်း စိုးရိမ်ရပါတယ်။ နေအိမ်ထဲ ဝင်ပစ်သွားတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

 

အဆိုပါ သတ်ဖြတ်မှုကို ဝမ်းတွင်းမြို့ PDF အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ပြန်မှုများ ရှိခဲ့ပါတယ်။

 

ထို့အတူ ယနေ့ နံနက်ပိုင်းကလည်း ဝမ်းတွင်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး လုပ်ကြံခံခဲ့ရတယ်လို့ ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။

 

#PeopleMedia #ဝမ်းတွင်းမြို့

 

(unicode)


…………………………………………………………

 

မန်တလေး၊ နိုဝငျဘာ ၁၂ (People Media)

 


 


 


 


 



Share this post