• Follow Us on

Home ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး ရထားလမ်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံရ

ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး ရထားလမ်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံရ

Share this post

မန္တလေး၊ ၂၀၂၁ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်- မန္တလေး ရထားလမ်းသည် လက်လုပ်ဗုံးဖြင့် ဖောက်ခွဲ ဖျက်ဆီးခံရသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် အင်းကုန်းရွာနှင့် သဘင်ကျေးရွာကြားရှိ ရန်ကုန် မန္တလေး မီးရထားလမ်းတံတားကို ရထားသံလမ်းအား မိုင်းခွဲဖျက်ဆီးခံရခြင်း ဖြစ်သည်။

 

“မနက်ပိုင်းလောက်ကဖြစ်တာ ပေါက်ကွဲမှုကြောင့်တော့ သံလမ်းကတော့ ပျက်ဆီးသွားတယ်။ သိပ်အများကြီး တော့ာမဟုတ်ပါဘူး။ အင်ဂျင်နီယာတပ်က လူတွေလာပြင်လိုက်တာကတော့ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

 

ယခုရက်ပိုင်း၌ ရန်ကုန်-မန္တလေး မီးရထားလမ်းများကိုအမည် မသိလက်နက်ကိုင်များ၏ ဖောက်ခွဲဖျက်ဆီးမှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

 

#PeopleMedia #ရထားသံလမ်း #မန္တလေး

 

(unicode)


…………………………………………….

 

မန်တလေး၊ ၂၀၂၁ (People Media)

 


 


 


 


 

#PeopleMedia #ရထားသံလမျး #မန်တလေး


Share this post