• Follow Us on

Home ဝမ်းတွင်းမြို့၊ ပညာရေးမှူးရုံးရှေ့၌ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး တွေ့ရှိ

ဝမ်းတွင်းမြို့၊ ပညာရေးမှူးရုံးရှေ့၌ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး တွေ့ရှိ

Share this post

မိတ္ထီလာ၊ နိုဝင်ဘာ ၁၉ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့၊ ပညာရေးမှူးရုံးရှေ့၌ နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်တွင် မပေါက်ကွဲသေးသော လက်လုပ်ဗုံး တွေ့ရှိကြောင်း ဒေသခံများထံမှ သိရပါတယ်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၉ တွင် နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်က ဝမ်းတွင်းမြို့၊ ပညာရေးမှူးရုံးရှေ့တွင် လက် လုပ်ဗုံးဟု ယူဆရသောအရာတစ်ခုတွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာထံ အကြောင်းကြားပြီး ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

 

“ဗုံးတွေ့တာက ဟုတ်ပါတယ်။ ပညာရေးမှူးရုံးရှေ့က ဆိုင်းဘုတ်ရှေ့နားလေးမှာတွေ့တာ စောနတင်ပဲ တပ်က လာရှင်းသွားတယ်” ဟု ဒေသခံတစ်ဦးက အတည်ပြုပါတယ်။

 

အဆိုပါ လက်လုပ်ဗုံးကို မိတ္ထီလာခရိုင် လုံခြုံရေးအဖွဲ့များနှင့် စစ်မြေပြင်မိုင်းရှင်းလင်းရေး အင်ဂျင်နီယာတပ်မှ သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

 

Photo – CJ

 

#PeopleMedia #မိတ္ထီလာ #ပညာရေးမှူးရုံး

 

(unicode)


………………………………………………………

 

မိတ်ထီလာ၊ နိုဝငျဘာ ၁၉ (People Media)

 


 


 


 


 

Photo – CJ

 

#PeopleMedia #မိတ်ထီလာ #ပညာရေးမှူးရုံး


Share this post