• Follow Us on

Home ဝမ်းတွင်းမြို့၊ သဲတောလေးကျေးရွာ၊ ကျောင်းထိုင်ဆရာတော်သည် ဆွမ်းဘုန်းပေးနေစဉ် သေနတ်ဖြင့် လုပ်ကြံ ခံရ၍ ပျံလွန်တော်မူ

ဝမ်းတွင်းမြို့၊ သဲတောလေးကျေးရွာ၊ ကျောင်းထိုင်ဆရာတော်သည် ဆွမ်းဘုန်းပေးနေစဉ် သေနတ်ဖြင့် လုပ်ကြံ ခံရ၍ ပျံလွန်တော်မူ

Share this post

မန္တလေး၊ နိုဝင်ဘာ ၁၂ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာရှိ ကျောင်းထိုင်ဆရာတော်သည် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က နေ့ဆွမ်းဘုန်းပေးနေစဉ် အကြမ်းဖက်သမားများ၏ လုပ်ကြံမှုကြောင့် နေရာ၌ ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ပါတယ်။

 

“ဆရာတော်က နေ့ဆွမ်းစားနေစဉ်မှာ အကြမ်းဖက်သမားတွေက ကျောင်းပေါ်တက်လာပြီး ဆရာတော်ရဲ့ ဦး ခေါင်းကို သေနတ်နဲ့ပစ်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

အလားတူ ဝမ်းတွင်းမြို့ရှိ ပညာရေးမှူးရုံးလည်း လက်လုပ်ဗုံး ပစ်သွင်းခံရ၍ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သလို ညောင်ကားယားကျေးရွာရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ အမျိုးသားဖြစ်သူတို့သည့် လုပ်ကြံခံရပြီးနောက် ဆရာမကြီးသည် နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

 

လက်ရှိ ရက်ပိုင်းအတွင်း၌ ဝမ်းတွင်းမြို့နယ်တွင် ဆရာတော်၊ ကျောင်းအုပ်ဆရာမကြီးတို့ လုပ်ကြံသတ်ဖြတ်ခံရ မှု ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။

 

#PeopleMedia #ဝမ်းတွင်းမြို့

 

(unicode)


………………………………………………………..

 

မန်တလေး၊ နိုဝငျဘာ ၁၂ (People Media)

 


 


 


 


 



Share this post