• Follow Us on

Home ဝမ်းတွင်းမြို့၊ သဲတောလေးကျေးရွာ ကျောင်းထိုင်ဆရာတော် ဆွမ်းဘုန်းနေစဉ် လုပ်ကြံသတ်ဖြတ်ခဲ့သူ အမျိုး သား နှစ်ဦး(အရှင်)၊ တစ်ဦး(အသေ)နှင့်အတူ သေနတ်များ ဖမ်းမိ

ဝမ်းတွင်းမြို့၊ သဲတောလေးကျေးရွာ ကျောင်းထိုင်ဆရာတော် ဆွမ်းဘုန်းနေစဉ် လုပ်ကြံသတ်ဖြတ်ခဲ့သူ အမျိုး သား နှစ်ဦး(အရှင်)၊ တစ်ဦး(အသေ)နှင့်အတူ သေနတ်များ ဖမ်းမိ

Share this post

မန္တလေး၊ ဇန်နဝါရီ ၂၉ (People Media)

 

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ သဲ တောလေးကျေးရွာ ကျောင်းထိုင်ဆရာတော်သည် ဆွမ်းဘုန်းနေစဉ် လုပ်ကြံသတ်ဖြတ်ခဲ့သူ သုံးဦးအနက် နှစ်ဦး(အရှင်)၊ တစ်ဦး(အသေ)နှင့် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက် ၃ လက်၊ ကျည်အတော့င် ၉၀ ခန့်နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ တဲစုကျေးရွာအနီး၌ ဆိုင်ကယ်ဆီဖြည့်နေသည့် မသင်္ကာဖွယ် အမျိုးသား သုံးဦးကို တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာအတွင် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပေါ် ခဲ့ပြီး အဆိုပါ သေနတ်သမားများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

 

“နှစ်ဦးအရှင်မိပါတယ်။ တစ်ဦးအသေဖမ်းမိပါတယ်။ လက်နက်အနေဖြင့် ပစ္စတို နှစ်လတ်၊ ငါးလုံးပြူးသေနတ် တစ်လက်နှင့် ကျည်စုစုပေါင်း အထောင့် ၉၀ ခန့် ဖြစ်ပါတယ်။” လို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဖမ်းဆီးရမိသူများဖြစ်သည် နှင်းမောင်နှင့် ကျော်သတ်သည် သဲတောလေးကျေးရွာ၌ နေထိုင်သူများဖြစ်ကြောင်း သိရပြီး အခြားတစ်ဦးသည် ဝမ်းတွင်းမြို့နယ်သားတစ်ဦးဖြစ်သည်။

 

အလားတူ ဇန်နဝါရီ ၂၈ ရက်နေ့၌ ဝမ်းတွင်းမြို့နယ်၊ ခံတောကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်သန်းသည် ကျေးရွာဘောလုံးကွင်း၌ ဘောပွဲကြည့်နေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

 

#PeopleMedia #ဝမ်းတွင်းမြို့

 

(unicode)


…………………………………………………………

 

မန်တလေး၊ ဇနျနဝါရီ ၂၉ (People Media)

 


 


 


 


 


 



Share this post