• Follow Us on

Home ဝါးခယ္မၿမိဳ႕ NLD ပါတီ ၿမိဳ႕နယ္အလုပ္အမႈေဆာင္မ်ားကုိ တာဝန္မွ ရပ္ဆုိင္းျခင္းသည္ ဗဟုိ၏ညႊန္ၾကားခ်က္ကုိ မလုိက္နာဟု အေၾကာင္းျပန္ျခင္းေၾကာင့္ဟု မုံရြာဦးေအာင္ရွင္ဆုိ

ဝါးခယ္မၿမိဳ႕ NLD ပါတီ ၿမိဳ႕နယ္အလုပ္အမႈေဆာင္မ်ားကုိ တာဝန္မွ ရပ္ဆုိင္းျခင္းသည္ ဗဟုိ၏ညႊန္ၾကားခ်က္ကုိ မလုိက္နာဟု အေၾကာင္းျပန္ျခင္းေၾကာင့္ဟု မုံရြာဦးေအာင္ရွင္ဆုိ

Share this post

ရန္ကုန္၊ ဇူလိုင္ ၁၃

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဝါးခယ္မအမႈေဆာင္မ်ား တာ၀န္မွ ရပ္ဆိုင္းခံရျခင္းသည္ ဗဟိုအလုပ္အမႈ ေဆာင္ၫႊန္ၾကားခ်က္ကိုမလိုက္နာဟု အေၾကာင္းျပန္သည့္အတြက္ အေရးယူရျခင္းျဖစ္ေၾကာင္း ပါတီဗဟိုျပန္ ၾကားေရးမွ အတြင္းေရးမွဴး မုံ႐ြာဦးေအာင္ရွင္ကေျပာသည္။

ဝါးခယ္မၿမိဳ႕အမႈေဆာင္မ်ားရပ္ဆိုင္းခံရသည့္ျဖစ္စဥ္အေပၚ People Media မွ ဇူလိုင္ ၁၃ ရက္၌ အမ်ိဳးသားဒီမိုက ေရစီအဖြဲ႕ခ်ဳပ္ပါတီ ဗဟိုျပန္ၾကားေရးေကာ္မတီမွ အတြင္းေရးမွဴးမုံ႐ြာဦးေအာင္ရွင္ထံ ဆက္သြယ္ေမးျမန္းခဲ့ သည္။

“ကြၽန္ေတာ္ၾကားတာကေတာ့ CEC ရဲ႕ၫႊန္ၾကားခ်က္ကို မလိုက္နာနိုင္ဘူးလို႔ အေၾကာင္းျပန္တဲ့အတြက္ေၾကာင့္ အေရးယူတာပါတဲ့ အဲဒီလိုေျပာတယ္။ မလိုက္နာနိုင္လို႔ ျပန္ၿပီးေတာ့အေၾကာင္းျပန္လို႔ပါတဲ့။ စာအရ ကြၽန္ေတာ္ က သိတာေပါ့။ CEC ရဲ႕ဆုံးျဖတ္ခ်က္ဆို CEC အစည္းအေဝးရဲ႕ ဆုံးျဖတ္ခ်က္ပဲျဖစ္မွာပါ။ သမၼတက အမိန္႔ေပး တယ္ဆိုတာေတာ့ ကြၽန္ေတာ္မသိဘူး။ ဘယ္သူကဖိအားေပးလို႔ ဘယ္သူ႔ၫႊန္ၾကားခ်က္ေၾကာင့္ဆိုတာ ကြၽန္ ေတာ္ေတာ့ ဒီကိစၥကို သိပ္မထင္ပါဘူးဗ်။ အခုလိုလုပ္လို႔ ေ႐ြးေကာက္ပြဲရလဒ္ဝါးခယ္မွာ ေျပာင္းသြားမယ္လို႔ ကြၽန္ေတာ္ေတာ့ မထင္ပါဘူးဗ်။ ဒီဟာကေတာ့ တစ္စိတ္တစ္ပိုင္းျပႆနာေပါ့ေလ။ တစ္ခုလုံးျပႆနာမဟုတ္ပါ ဘူး’’ဟု ၎ကေျပာသည္။

ေခတ္သစ္မီဒီယာတြင္ ေျမာင္းျမခ႐ုိင္ ျပန္ၾကားေရးတာ၀န္ခံ ဦးသန္႔ဇင္၀င္းကို ေမးျမန္းထားရာတြင္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းမွ ႏုိင္ငံေတာ္သမၼတထံ ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္သည့္ကိစၥႏွင့္ ပတ္ သက္သည့္ တိုင္ၾကားသည့္အတြက္ ဝါးခယ္မ CEC မ်ား တာ၀န္မွ ရပ္စဲခံရျခင္း ျဖစ္သည္ဟုၾကားမိေၾကာင္း၊ ၎ကိစၥရပ္ေၾကာင့္ ေ႐ြးေကာက္ပြဲတြင္ ဝါးခယ္မမွာ ႐ံႈးနိမ့္ႏုိင္ေၾကာင္း သုံးသပ္ေျဖၾကားထားသည္။ ထုိကဲ့သုိ႔ ပါတီ၏ အမာခံျဖစ္သည့္ ၿမိဳ႕နယ္အလုပ္အမႈေဆာင္(၂၀)ကုိ တာဝန္မွ ရပ္နားထားသည့္အေပၚ ၿမိဳ႕နယ္ ေအာင္ႏုိင္ေရးအတြက္ ထိခုိက္မႈရွိႏုိင္ေၾကာင္း ဧရာဝတီတုိင္း NLD ပါတီေခါင္းေဆာင္ကပုိင္းတစ္ဦးက ေျပာ သည္။

Photo – Credit

#PeopleMedia #NLD

(unicode)
ဝါးခယ်မမြို့ NLD ပါတီ မြို့နယ်အလုပ်အမှုဆောင်များကို တာဝန်မှ ရပ်ဆိုင်းခြင်းသည် ဗဟို၏ညွှန်ကြားချက်ကို မလိုက်နာဟု အကြောင်းပြန်ခြင်းကြောင့်ဟု မုံရွာဦးအောင်ရှင်ဆို
………………………………………………………………..

ရန်ကုန်၊ ဇူလိုင် ၁၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝါးခယ်မအမှုဆောင်များ တာဝန်မှ ရပ်ဆိုင်းခံရခြင်းသည် ဗဟိုအလုပ်အမှု ဆောင်ညွှန်ကြားချက်ကိုမလိုက်နာဟု အကြောင်းပြန်သည့်အတွက် အရေးယူရခြင်းဖြစ်ကြောင်း ပါတီဗဟိုပြန် ကြားရေးမှ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်ကပြောသည်။

ဝါးခယ်မမြို့အမှုဆောင်များရပ်ဆိုင်းခံရသည့်ဖြစ်စဉ်အပေါ် People Media မှ ဇူလိုင် ၁၃ ရက်၌ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ ဗဟိုပြန်ကြားရေးကော်မတီမှ အတွင်းရေးမှူးမုံရွာဦးအောင်ရှင်ထံ ဆက်သွယ်မေးမြန်းခဲ့ သည်။

“ကျွန်တော်ကြားတာကတော့ CEC ရဲ့ညွှန်ကြားချက်ကို မလိုက်နာနိုင်ဘူးလို့ အကြောင်းပြန်တဲ့အတွက်ကြောင့် အရေးယူတာပါတဲ့ အဲဒီလိုပြောတယ်။ မလိုက်နာနိုင်လို့ ပြန်ပြီးတော့အကြောင်းပြန်လို့ပါတဲ့။ စာအရ ကျွန်တော် က သိတာပေါ့။ CEC ရဲ့ဆုံးဖြတ်ချက်ဆို CEC အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်မှာပါ။ သမ္မတက အမိန့်ပေး တယ်ဆိုတာတော့ ကျွန်တော်မသိဘူး။ ဘယ်သူကဖိအားပေးလို့ ဘယ်သူ့ညွှန်ကြားချက်ကြောင့်ဆိုတာ ကျွန် တော်တော့ ဒီကိစ္စကို သိပ်မထင်ပါဘူးဗျ။ အခုလိုလုပ်လို့ ရွေးကောက်ပွဲရလဒ်ဝါးခယ်မှာ ပြောင်းသွားမယ်လို့ ကျွန်တော်တော့ မထင်ပါဘူးဗျ။ ဒီဟာကတော့ တစ်စိတ်တစ်ပိုင်းပြဿနာပေါ့လေ။ တစ်ခုလုံးပြဿနာမဟုတ်ပါ ဘူး’’ဟု ၎င်းကပြောသည်။

ခေတ်သစ်မီဒီယာတွင် မြောင်းမြခရိုင် ပြန်ကြားရေးတာဝန်ခံ ဦးသန့်ဇင်ဝင်းကို မေးမြန်းထားရာတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းမှ နိုင်ငံတော်သမ္မတထံ ကိုယ်စားလှယ်လောင်းရွေးချယ်သည့်ကိစ္စနှင့် ပတ် သက်သည့် တိုင်ကြားသည့်အတွက် ဝါးခယ်မ CEC များ တာဝန်မှ ရပ်စဲခံရခြင်း ဖြစ်သည်ဟုကြားမိကြောင်း၊ ၎င်းကိစ္စရပ်ကြောင့် ရွေးကောက်ပွဲတွင် ဝါးခယ်မမှာ ရှုံးနိမ့်နိုင်ကြောင်း သုံးသပ်ဖြေကြားထားသည်။ ထိုကဲ့သို့ ပါတီ၏ အမာခံဖြစ်သည့် မြို့နယ်အလုပ်အမှုဆောင်(၂၀)ကို တာဝန်မှ ရပ်နားထားသည့်အပေါ် မြို့နယ် အောင်နိုင်ရေးအတွက် ထိခိုက်မှုရှိနိုင်ကြောင်း ဧရာဝတီတိုင်း NLD ပါတီခေါင်းဆောင်ကပိုင်းတစ်ဦးက ပြော သည်။

Photo – Credit

#PeopleMedia #NLD


Share this post