• Follow Us on

Home ဝါးခယ္မ NLD ၿမိဳ႕နယ္အလုပ္အမႈေဆာင္ ၂၁ ေယာက္ကို ဗဟိုေကာ္မ တီ၏ စာျဖင့္ ရာထူးမွရပ္စဲခံရ

ဝါးခယ္မ NLD ၿမိဳ႕နယ္အလုပ္အမႈေဆာင္ ၂၁ ေယာက္ကို ဗဟိုေကာ္မ တီ၏ စာျဖင့္ ရာထူးမွရပ္စဲခံရ

Share this post

ရန္ကုန္၊ ဇူလိုင္ ၁၃

ဝါးခယ္မ NLD ၿမိဳ႕နယ္အလုပ္အမႈေဆာင္အားလုံး ဗဟိုေကာ္မတီစာျဖင့္ ရာထူးမွရပ္စဲခံရေၾကာင္း ဧရာ၀တီ တိုင္းေဒသႀကီး ဝါးခယ္မၿမိဳ႕နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးေအာင္ထံမွသိရသည္။

ၿမိဳ႕နယ္အလုပ္အမႈေဆာင္မ်ားအား ပါတီတာ၀န္မွ ရပ္ဆိုင္းခံရေၾကာင္းသတင္းအား အတည္ျပဳေမးျမန္းရာတြင္ ဧရာ၀တီတိုင္းေဒသႀကီး ဝါးခယ္မၿမိဳ႕နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးေအာင္က people media သို႔ ဇူလိုင္ ၁၃ ရက္ကေျပာသည္။

“ေသခ်ာေတာ့ ကြၽန္ေတာ္မသိဘူး။ သတင္းတက္လာေတာ့ ကြၽန္ေတာ္လည္းေတြ႕လိုက္တယ္။ သတင္းဌာနက ၿမိဳ႕နယ္အတြင္းေရးမွဴးကိုေအာင္ေက်ာ္ကိုေမးတယ္နဲ႔တူပါတယ္။ ေမးတဲ့အခါၾကေတာ့ ကိုေအာင္ေက်ာ္က ၿမိဳ႕နယ္အလုပ္အမႈေဆာင္ ၂၁ ေယာက္ကို ဗဟိုေကာ္မတီကေန အားလုံး တာ၀န္ကေနဖ်က္သိမ္းလိုက္တယ္။ ရပ္စဲလိုက္တယ္ဆိုတာကို သူေျပာျပသြားတာပဲသိတယ္။ အသိဆုံးကေတာ့ ဒီစာက ဗဟိုကပို႔တာကို တိုင္းအဖြဲ႕ ခ်ဳပ္ကပို႔တာဆိုေတာ့ တိုင္းအဖြဲ႕ခ်ဳပ္ကပိုသိလိမ့္မယ္’’ဟု ၎ကေျပာသည္။

NLD ပါတီအတြင္း ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းေနရာမ်ားကို ဗဟိုကခ်ေပးသည့္ အတိုင္း သေဘာတူၾကရန္၊ သေဘာထားႀကီးၾကရန္ မၾကာေသးမီက အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဒုဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္ကလည္းေျပာၾကားထားသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အတြင္း ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်အား ပါတီမွထုတ္ပယ္ျခင္း၊ ေဒါက္တာမ်ိဳးၫြန္႔အား ေျပာေရးဆိုခြင့္ရွိသူအျဖစ္မွ ရပ္ဆိုင္းျခင္း၊ လႊတ္ေတာ္ကိုယ္စား လွယ္မ်ားကို ပါတီမွထုတ္ပယ္ျခင္းတို႔ ရွိခဲ့သည္။

#PeopleMedia #ဝါးခယ္မ #NLD

(unicode)
ဝါးခယ်မ NLD မြို့နယ်အလုပ်အမှုဆောင် ၂၁ ယောက်ကို ဗဟိုကော်မ တီ၏ စာဖြင့် ရာထူးမှရပ်စဲခံရ
………………………………………………………

ရန်ကုန်၊ ဇူလိုင် ၁၃

ဝါးခယ်မ NLD မြို့နယ်အလုပ်အမှုဆောင်အားလုံး ဗဟိုကော်မတီစာဖြင့် ရာထူးမှရပ်စဲခံရကြောင်း ဧရာဝတီ တိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်ထံမှသိရသည်။

မြို့နယ်အလုပ်အမှုဆောင်များအား ပါတီတာဝန်မှ ရပ်ဆိုင်းခံရကြောင်းသတင်းအား အတည်ပြုမေးမြန်းရာတွင် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်က people media သို့ ဇူလိုင် ၁၃ ရက်ကပြောသည်။

“သေချာတော့ ကျွန်တော်မသိဘူး။ သတင်းတက်လာတော့ ကျွန်တော်လည်းတွေ့လိုက်တယ်။ သတင်းဌာနက မြို့နယ်အတွင်းရေးမှူးကိုအောင်ကျော်ကိုမေးတယ်နဲ့တူပါတယ်။ မေးတဲ့အခါကြတော့ ကိုအောင်ကျော်က မြို့နယ်အလုပ်အမှုဆောင် ၂၁ ယောက်ကို ဗဟိုကော်မတီကနေ အားလုံး တာဝန်ကနေဖျက်သိမ်းလိုက်တယ်။ ရပ်စဲလိုက်တယ်ဆိုတာကို သူပြောပြသွားတာပဲသိတယ်။ အသိဆုံးကတော့ ဒီစာက ဗဟိုကပို့တာကို တိုင်းအဖွဲ့ ချုပ်ကပို့တာဆိုတော့ တိုင်းအဖွဲ့ချုပ်ကပိုသိလိမ့်မယ်’’ဟု ၎င်းကပြောသည်။

NLD ပါတီအတွင်း ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းနေရာများကို ဗဟိုကချပေးသည့် အတိုင်း သဘောတူကြရန်၊ သဘောထားကြီးကြရန် မကြာသေးမီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ကလည်းပြောကြားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျအား ပါတီမှထုတ်ပယ်ခြင်း၊ ဒေါက်တာမျိုးညွန့်အား ပြောရေးဆိုခွင့်ရှိသူအဖြစ်မှ ရပ်ဆိုင်းခြင်း၊ လွှတ်တော်ကိုယ်စား လှယ်များကို ပါတီမှထုတ်ပယ်ခြင်းတို့ ရှိခဲ့သည်။

#PeopleMedia #ဝါးခယ်မ #NLD


Share this post