• Follow Us on

Home ဝိနည်းပညတ်တော်အတိုင်း ပြောဆိုနေထိုင်သော ရဟန်းသံဃာတော်အား သာသနာတော်ကိုကြည်ညိုပြီးသော သူများက ပို၍လေးစားကြည်ညိုကြကြောင်း ဗန်းမော်ဆရာတော်ကြီး မိန့်ကြား

ဝိနည်းပညတ်တော်အတိုင်း ပြောဆိုနေထိုင်သော ရဟန်းသံဃာတော်အား သာသနာတော်ကိုကြည်ညိုပြီးသော သူများက ပို၍လေးစားကြည်ညိုကြကြောင်း ဗန်းမော်ဆရာတော်ကြီး မိန့်ကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၆ (People Media)

 

ဝိနည်းပညတ်တော်အတိုင်း ပြောဆိုနေထိုင်သော ရဟန်းသံဃာတော်အား သာသနာတော်ကို ကြည်ညိုပြီးသော သူများက ပို၍လေးစားကြည်ညိုကြပါကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက မိန့်ကြားသည်။

 

ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မ သဘင်ခန်းမ၌ ကျင်းပခဲ့သည့် သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲဖွင့်ပွဲအခမ်းအနား၌ ဗန်းမော်ဆရာတော်ကြီးမိန့်ကြားက မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

 

အခမ်းအနားတွင် ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသမှ ဝိနည်းပညတ်တော်အတိုင်း ပြောဆို နေထိုင်သော ရဟန်းသံဃာတော်အား သာသနာတော်ကို ကြည်ညိုပြီးသောသူများက ပို၍လေးစားကြည်ညို ကြကြောင်း၊ ရဟန်းသာမဏေဟူသော အဖြစ်သည်ပင် ဝိနည်းဒေသနာတော် စည်းကမ်းအတိုင်း စီစဉ်ပြုလုပ်မှ အစစ်အမှန်ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ဝိနည်းသည် သာသနာတော်၏အသက်ဟု ရှေးဆရာတော် အရှင် မြတ်တို့ အသိအမှတ်ပြုခဲ့ကြပါကြောင်း မိန်ကြားခဲ့သည်။

 

(၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖြေဆိုတော်မူကြသော အဘိဓမ္မာ (ရှေ့ပိုင်း) စာဖြေသံဃာ (၆)ပါး၊ အဘိဓမ္မာ(နောက်ပိုင်း) စာဖြေသံဃာ (၆)ပါး၊ ဒီဃနိကာယ် စာဖြေသံဃာ (၂၇)ပါးနှင့် ဝိနည်း(ရှေ့ပိုင်း) စာဖြေသံဃာ (၈၇) ပါး စုစုပေါင်း စာဖြေသံဃာတော် (၁၂၆) ပါးတို့ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ (၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေးဖြေ) စာမေးပွဲကြီးကို ဇန်နဝါရီ ၅ ရက်မှ ၉ ရက်အထိ (၅)ရက်တိုင်တိုင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာ ဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာဖြေသံဃာ (၁၉၂) ပါး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #သာသနာရေး

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 



Share this post