• Follow Us on

Home ဝိသမလောဘသားတွေကို ငါးပိကျော်ကျွေးဖို့ စီစဉ်နေကြောင်း ပြောဆိုလိုက်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုး

ဝိသမလောဘသားတွေကို ငါးပိကျော်ကျွေးဖို့ စီစဉ်နေကြောင်း ပြောဆိုလိုက်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုး

Share this post

နေပြည်တော်၊ သြဂုတ် ၅ (People Media)

 

ကိုဗစ်-၁၉ ကာလတွင် ပြည်သူတွေအပေါ် အခက်မတွေ့အောင် သင့်တင့်မျှတတဲ့ အကျိုးအမြတ်သာ ယူဖို့နှင့် ဝိသမလောဘသားတွေကို ငါးပိကျော်ကျွေးဖို့ စီစဉ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးမှ သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

 

၎င်းမှ ရန်ကုန်တွင် အရန်ဆန်တန်ချိန်များစွာ အလုံအလောက်ရှိကြောင်း၊ သားငါး၊ ကြက်ဥထုတ်လုပ်မှုများ ပိုအောင်လုပ်ထားကြောင်းနှင့် ယခုမှထလုပ်ခြင်းမဟုတ်ကြောင်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရန်ကုန်ပြည်သူတွေအတွက် Food security ကို ကြိုတင်မျှော်တွေးပြီး ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ရေးသား ထားသည်။

 

ထို့အပြင် အချို့သော မသမာသူတွေက ပြည်သူတွေရဲ့ ရိုးသားမှုကိုအခွင့်အရေးယူပြီး Facebook ကနေ ပြည်သူတွေ စိုးရိမ်စိတ်တွေဝင်အောင်လုပ်ဆောင်ပြီး စီးပွားရေးအမြတ်ထုတ်လာကြတာကို တွေ့ရှိရသည်ဟု ဆိုသည်။

 

၎င်းမှ သြဂုတ်လ ၄ ရက်နေ့တွင် UMFCCI ၌ ဆေးဝါးလက်ကားဆိုင်ကြီးများနှင့် ကုန်စည်ဒိုင်မှ တာဝန်ရှိသူတွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး၊ YCDC၊ စသုံးလုံး၊ စားသုံးသူရေးရာ ဦးစီးတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်သူတွေအပေါ် အခက်မတွေ့အောင်၊ သင့်တင့်မျှတသည့်အကျိုးအမြတ်သာယူဖို့နှင့် ဝိသမလော ဘသားတွေကို ငါးပိကျော်ကျွေးဖို့ အစီအစဉ်တွေ ပြောပြလိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

 

အလားတူ အစိုးရအဖွဲ့ဆိုသည်မှာ ပြည်သူတွေစားဝတ်နေရေးပြေလည်ရန်၊ တရားဥပဒေစိုးမိုးတည်ငြိမ်အေး ချမ်းရန် အုပ်ချုပ်ရေးနည်းလမ်း၊ တရားရေးနှင့် ဥပဒေနည်းလမ်းတွေနှင့် ပြတ်ပြတ်သားသား ဆောင်ရွက်ရန် တာဝန်ယူထားသည့်အဖွဲ့ဖြစ်ပြီး အများသုံးစွဲသည့် ဆေးဝါးနှင့် စားသောက်ကုန်တွေ ပုံမှန်ဈေးနှင့် ဝယ်ယူ သုံးစွဲခွင့်ရရန် စီစဉ်နေပြီး အမြတ်ကြီးစားလောဘသားများကို သတင်းပေးတိုင်ကြားကြရန် ရေးသားဖော်ပြ ပါရှိသည်။

 

#Peoplemedia #ရန်ကုန်တိုင်းဝန်ကြီးချုပ်

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 



Share this post