• Follow Us on

Home ဝိုင်းမော်တွင် မြေကျင်းတူးရာမှ ဗုဒ္ဓကျောက်ဘုရားဆင်းတုတော် နှစ်ဆူတွေ့

ဝိုင်းမော်တွင် မြေကျင်းတူးရာမှ ဗုဒ္ဓကျောက်ဘုရားဆင်းတုတော် နှစ်ဆူတွေ့

Share this post

ဝိုင်းမော်၊ ဇန်နဝါရီ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် မြေကျင်းတူးရာမှ တစ်ထွာခန့်ရှိသည့် ဗုဒ္ဓကျောက်ဘုရား ဆင်းတုတော် (၂) ဆူကို ယနေ့ ဇန်နဝါရီလ (၁၄)ရက်နေ့ မနက် (၉)နာရီအချိန်က တွေ့ရှိခဲ့ရကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် တာဝန်ယူကာ ဆောက်လုပ်နေသော ဒေါင်းဒေဝီ ဆောက်လုပ်ရေးကုမ္ပဏီမှ လုပ်သားများ အလုပ်ခွင်တွင်း ဖောင်ဒေရှင်းမြေတူးရာမှ ကျောက်ဘုရားဆင်းတုတော် (၂) ဆူ တူး ဖော်တွေ့ရှိခဲ့ရကြောင်း ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းမြို့ကပြောသည်။

“ဒီနေ့ မနက်က (၉)နာရီလောက်တွေတာဖြစ်ပါတယ်၊ ဝန်ထမ်းတွအတွက် ဝန်ထမ်းအိမ်ရာဆောက်လုပ်ဖို့ ဒေါင်းဒေဝီ ကုမ္ပဏီကနေ ဖောင်ဒေးရှင်းမြေတူးတဲ့အချိန်မှာတွေ့မြင်ရတာပါ၊ အခုလက်ရှိမှာတော့ အုပ်ချုပ်ရေးအဖွဲ့တွေခေါ်ထားပြီး သူတို့ဆက်လက်ဆောင်ရွက်နေပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါဆင်းတုတော်(၂)ဆူကို ဇန်နဝါရီလ (၁၃)ရက်နေ့ ညနေ့ခန့်က စတင်တွေရှိခဲ့တာဖြစ်ပြီး ဆင်းတုတော်အောက်ခြေ သာတွေမြင်ခဲ့ရ၍ ယနေ့မှသာ တူးဖော်ခဲ့ကြောင်း သိရသည်။

ယင်း ဆင်းတုတော်(၂)ဆူကို ဦးခေါင်းတော် မပါရှိဘဲတွေ့မြင်ခဲ့ရပြီး တစ်ဆူမှာ ဉာဏ်တော်အမြင့် (၈)လက်မခွဲနှင့် ကျန်တစ်ဆူမှာ (၅) လက်မခွဲခန့်ရှိကြောင်းသိရသည်။

ဝေယံ၊ ထွန်းနိုင်

ဓာတ်ပုံ – ထွန်းနိုင်

#PeopleMedia #ဝိုင်းမော်

(unicode)
…………………………………………………











Share this post