• Follow Us on

Home ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္း တရားမဝင္လုပ္ကိုင္ေနသည့္ သစ္စက္ႏွင့္ ေငြက်ပ္သိန္းသုံးေထာင္တန္ဖိုးရွိ သစ္လုံးမ်ား ဖမ္းဆီးရမိ

ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္း တရားမဝင္လုပ္ကိုင္ေနသည့္ သစ္စက္ႏွင့္ ေငြက်ပ္သိန္းသုံးေထာင္တန္ဖိုးရွိ သစ္လုံးမ်ား ဖမ္းဆီးရမိ

Share this post

ျမစ္ႀကီးနား၊ မတ္ ၁၇

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္တြင္း ယမန္ေန႔က တရားမဝင္ လုပ္ကိုင္ေနသည့္ သစ္စက္ႏွင့္ ေငြက်ပ္သိန္းသုံးေထာင္ေက်ာ္တန္ဖိုးရွိ သစ္လုံးမ်ား၊ ဆက္စပ္ပစၥည္းမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း ကနဦး သိရသည္။

ျဖစ္စဉ္မွာ မတ္လ ၁၆ ရက္ေန႔၊ ညေန ၃ နာရီအခ်ိန္ခန္႔က ဝိုင္းေမာ္ၿမိဳ႕နယ္ သစ္ေတာဦးစီးဌာန၊ နယ္ေျမခံတပ္ရင္းတပ္ဖြဲ႕၊ နယ္ေျမခံရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္ အတူ ဝိုင္းေမာ္ၿမိဳ႕နယ္ ဘြန္ေတာင္ေက်းရြာအေနာက္ဘက္ေတာတြင္ တရားမဝင္သစ္စက္ႏွင့္ သစ္မ်ား ထုတ္ယူေနသည္ဟု သတင္းအရ သြားေရာက္ စစ္ေဆးခဲ့ၾကရာ တရားမဝင္သစ္စက္(၁)လုံး၊ သစ္တန္အလုံးေရ (၁၀၀၀)ခန္႔(ကာလတန္ဖိုး တစ္တန္လွ်င္ (၃)သိန္းႏႈန္းျဖင့္) စုစုေပါင္း တန္ဖိုး ျမန္မာက်ပ္ေငြ သိန္းသုံးေထာင္ေက်ာ္၊ သစ္ခြဲသားဆိုဒ္စုံ တန္ ၂၀၊ လိုင္စင္မဲ့ ဆယ္ဘီးကား ၁ စီး၊ တို႔ကို တ႐ုတ္ႏိုင္ငံသားတစ္ဦး(စိစစ္ဆဲ)၊ ယာဉ္ေမာင္း ၁ ဦးတို႔ကို ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္သည္။

ယင္းတရားမဝင္သစ္စက္ႏွင့္ တရားမဝင္ သစ္ထုတ္ယူသည့္ လုပ္ငန္းကို လုပ္ေဆာင္ေနသူမွာ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ဘြန္ေတာင္ေက်းရြာေန ဦးအားျမင့္(တိမ္းေရွာင္ေနသူ) ဆိုသူျဖစ္ၿပီး သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႕မွ ၎၏ ဘြန္ေတာင္ေက်းရြာရွိ ေနအိမ္သို႔ သြားေရာက္ စစ္ေဆးခဲ့ရာ သစ္ခြဲသားဆိုဒ္စုံ (၁၂)တန္ကို ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဉ္ႏွင့္ ပတ္သက္၍ သက္ဆိုင္ရာပူးေပါင္းအဖြဲ႕မွ လက္ရွိ ဖမ္းဆီးရမိထားသူမ်ား၊ ဖမ္းဆီးရမိခဲ့သည့္ တရားမဝင္ သစ္မ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ဥပေဒႏွင့္အညီ ထိန္းသိမ္းထားရွိၿပီး တိမ္းေရွာင္ေနသူအား အျမန္ဆုံး ဖမ္းဆီးရမိေရး ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

လြမ္းေအာင္

#EPN #PeopleMedia

(unicode)
ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင်လုပ်ကိုင်နေသည့် သစ်စက်နှင့် ငွေကျပ်သိန်းသုံးထောင်တန်ဖိုးရှိ သစ်လုံးများ ဖမ်းဆီးရမိ
…………………………………………………………

မြစ်ကြီးနား၊ မတ် ၁၇

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင်း ယမန်နေ့က တရားမဝင် လုပ်ကိုင်နေသည့် သစ်စက်နှင့် ငွေကျပ်သိန်းသုံးထောင်ကျော်တန်ဖိုးရှိ သစ်လုံးများ၊ ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ကနဦး သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၆ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်က ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာန၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ဝိုင်းမော်မြို့နယ် ဘွန်တောင်ကျေးရွာအနောက်ဘက်တောတွင် တရားမဝင်သစ်စက်နှင့် သစ်များ ထုတ်ယူနေသည်ဟု သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြရာ တရားမဝင်သစ်စက်(၁)လုံး၊ သစ်တန်အလုံးရေ (၁၀၀၀)ခန့်(ကာလတန်ဖိုး တစ်တန်လျှင် (၃)သိန်းနှုန်းဖြင့်) စုစုပေါင်း တန်ဖိုး မြန်မာကျပ်ငွေ သိန်းသုံးထောင်ကျော်၊ သစ်ခွဲသားဆိုဒ်စုံ တန် ၂၀၊ လိုင်စင်မဲ့ ဆယ်ဘီးကား ၁ စီး၊ တို့ကို တရုတ်နိုင်ငံသားတစ်ဦး(စိစစ်ဆဲ)၊ ယာဉ်မောင်း ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ယင်းတရားမဝင်သစ်စက်နှင့် တရားမဝင် သစ်ထုတ်ယူသည့် လုပ်ငန်းကို လုပ်ဆောင်နေသူမှာ ဝိုင်းမော်မြို့နယ်၊ ဘွန်တောင်ကျေးရွာနေ ဦးအားမြင့်(တိမ်းရှောင်နေသူ) ဆိုသူဖြစ်ပြီး သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ၎င်း၏ ဘွန်တောင်ကျေးရွာရှိ နေအိမ်သို့ သွားရောက် စစ်ဆေးခဲ့ရာ သစ်ခွဲသားဆိုဒ်စုံ (၁၂)တန်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ လက်ရှိ ဖမ်းဆီးရမိထားသူများ၊ ဖမ်းဆီးရမိခဲ့သည့် တရားမဝင် သစ်များနှင့် ဆက်စပ်ပစ္စည်းများကို ဥပဒေနှင့်အညီ ထိန်းသိမ်းထားရှိပြီး တိမ်းရှောင်နေသူအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လွမ်းအောင်

#EPN #PeopleMedia


Share this post