• Follow Us on

Home ဝိုင္းေမာ္ၿမိဳ႕အ၀င္ဆိုင္းဘုတ္သေကၤတအား ျပင္ဆင္ေျပာင္းလဲေပးရန္ ရွမ္းနီပါတီမွ ၀န္ႀကီးခ်ဳပ္ထံတင္ျပ

ဝိုင္းေမာ္ၿမိဳ႕အ၀င္ဆိုင္းဘုတ္သေကၤတအား ျပင္ဆင္ေျပာင္းလဲေပးရန္ ရွမ္းနီပါတီမွ ၀န္ႀကီးခ်ဳပ္ထံတင္ျပ

Share this post

ဝိုင္းေမာ္၊ ေအာက္တိုဘာ ၁၅
ကခ်င္ျပည္နယ္၊ ၀ိုင္းေမာ္ၿမိဳ႕အ၀င္တြင္ စိုက္ထူမည့္ ဆိုင္းဘုတ္တြင္ ကခ်င္လူမ်ိဳးႏြယ္စုသေကၤတျဖစ္သည့္ မေနာတိုင္ ပါဝင္သည့္အတြက္ ၿမိဳအ၀င္ဆိုင္းဘုတ္သေကၤတကို ျပင္ဆင္ေျပာင္းလဲေပးရန္အတြက္ ကခ်င္ ျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ၀န္ႀကီးခ်ဳပ္ထံ စာတင္ျပေတာင္းဆိုထားေၾကာင္း ရွမ္းနီ (တိုင္းလၽွန္) ေသြးစည္း ညီညႊတ္ေရးပါတီမွ သိရသည္။
 
ယင္းဆိုင္းဘုတ္ကို ကခ်င္လူမ်ိဳးသေကၤတျဖင့္ စိုက္ထူရန္ စီစဥ္ေနမႈအေပၚ ၀ိုင္းေမာ္ၿမိဳ႕နယ္သည္ ရွမ္းလူမ်ိဳး မ်ားသာ အမ်ားဆုံးေနထိုင္ၾကေသာေၾကာင့္ ေဒသခံေတြရဲ့ သေဘာထားဆႏၵေတြကို ရယူၿပီး ၿမိဳ႕အ၀င္ဆိုင္း ဘုတ္ကို ေျပာင္းလဲေပးေစရန္အတြက္ ယခုကဲ့သို႔ စာျဖင့္ တင္ျပေတာင္းဆိုျခင္းျဖစ္သည္ဟု ကခ်င္ျပည္နယ္၊ ရွမ္းနီ(တိုင္းလၽွန္)ေသြးစည္းညီညႊတ္ေရးပါတီဥကၠ႒ ဦးညႊန႔္ေမာင္က ေျပာသည္။
“ဆိုင္းဘုတ္မွာ ကခ်င္လူမ်ိဳးႏြယ္စုရဲ႕သေကၤတ လုပ္ထားတယ္၊ ၀ိုင္းေမာ္မွာက ရွမ္းလူမ်ိဳးေတြ မ်ားတယ္။ ကၽြန္ေတာ္တို႔ ညႇိနိုင္းတိုင္ပင္ျခင္းမရွိပဲ သူတို႔ဘာသာ အတင္းအက်ပ္လုပ္သြားမယ္ဆိုရင္ ေနာက္ျဖစ္လာမယ့္ ျပႆနာေတြကေတာ့ အမ်ားႀကီးရွိတာေပါ့။ ဒ့ါေၾကာင့္ ကၽြန္ေတာ္တို႔ ေဒသခံေတြရဲ့ သဘာထားဆႏၵကိုရယူၿပီး ၿမိဳ႕အ၀င္ဆိုင္းဘုတ္ကို ေျပာင္းလဲေစခ်င္တယ္ဆိုၿပီး ၀န္ႀကီးခ်ဳပ္ထံစာတင္ရျခင္းျဖစ္တယ္”ဟု ၎ကဆိုသည္။
 
အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး ရွမ္းနီလူငယ္ကြန္ရက္မွ ကခ်င္ျပည္နယ္ တာဝန္ခံ စိုင္းေအာင္မ်ိဳးကလည္း ကခ်င္ျပည္နယ္အစိုးရအေနျဖင့္ ၀ိုင္းေမာ္ၿမိဳ႕အ၀င္ ဆိုင္းဘုတ္ကိစၥအား တိက်ေသခ်ာစြာ တိုင္တြယ္ေျဖရွင္း ေပးျခင္းမရွိပါက ျပႆနာႀကီးထြားသြားနိုင္ေၾကာင္း EPN ကို ယခုကဲ့သို႔ ေျပာျပသည္။
 
“ဌာေနတိုင္းရင္းသားေတြရဲ႕ အေနအထားကို နားလည္ဖို႔ လိုတယ္။ ေနာက္ၿပီး အစိုးရအေနနဲ႔လည္း တစ္ခုခု ဘာပဲလုပ္လုပ္ ေဒသခံတိုင္းရင္းသားေတြကို အသိေပးသင့္တယ္ တိုင္ပင္သင့္တယ္။ အာဏာရွင္စနစ္ကို ေတာ္လွန္ဆိုၿပီး အာဏာရွင္ဆန္ေနတာမ်ိဳးက မျဖစ္သင့္ဘူး” ဟု ဆိုသည္။
 
ရွမ္းနီ(တိုင္းလၽွန္) ေသြးစည္းညီညႊတ္ေရးပါတီမွ ၀ိုင္းေမာ္ၿမိဳ႕အ၀င္ဆိုင္းဘုတ္သေကၤတအား ျပင္ဆင္ ေျပာင္းလဲေပးရန္အတြက္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္အျပင္၊ ဗမာတိုင္းရင္းသား ေရးရာဝန္ႀကီးဌာန၊ ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီးဌာန၊ လီဆူတိုင္းရင္းသားေရးရာဝန္ႀကီးဌာန၊ ရ၀မ္တိုင္းရင္း သားေရးရာဝန္ႀကီးဌာန၊ တိုင္းရင္းသားအခြင့္အေရးမ်ား ကာကြယ္ေစာင့္ေရွာက္ေရးဦးစီးဌာနႏွင့္ ရွမ္းမ်ိဳးႏြယ္စု မ်ား စာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီဥကၠ႒ စသည္တို႔တြင္လည္း စာျဖင့္တင္ျပေတာင္းဆိုထားသည္ဟု သိရသည္။
 
သတင္း – သက္ေဝ
 
ဓါတ္ပုံ – ဝိုင္းေမာ္စည္ပင္
 
#PeopleMedia #ဝိုင္းေမာ္ၿမိဳ႕
 
(unicode)
ဝိုင်းမော်မြို့အဝင်ဆိုင်းဘုတ်သင်္ကေတအား ပြင်ဆင်ပြောင်းလဲပေးရန် ရှမ်းနီပါတီမှ ဝန်ကြီးချုပ်ထံတင်ပြ
……………………………………………………………………
 
ဝိုင်းမော်၊ အောက်တိုဘာ ၁၅
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့အဝင်တွင် စိုက်ထူမည့် ဆိုင်းဘုတ်တွင် ကချင်လူမျိုးနွယ်စုသင်္ကေတဖြစ်သည့် မနောတိုင် ပါဝင်သည့်အတွက် မြိုအဝင်ဆိုင်းဘုတ်သင်္ကေတကို ပြင်ဆင်ပြောင်းလဲပေးရန်အတွက် ကချင် ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်ထံ စာတင်ပြတောင်းဆိုထားကြောင်း ရှမ်းနီ (တိုင်းလျှန်) သွေးစည်း ညီညွှတ်ရေးပါတီမှ သိရသည်။
 
ယင်းဆိုင်းဘုတ်ကို ကချင်လူမျိုးသင်္ကေတဖြင့် စိုက်ထူရန် စီစဉ်နေမှုအပေါ် ၀ိုင်းမော်မြို့နယ်သည် ရှမ်းလူမျိုး များသာ အများဆုံးနေထိုင်ကြသောကြောင့် ဒေသခံတွေရဲ့ သဘောထားဆန္ဒတွေကို ရယူပြီး မြို့အဝင်ဆိုင်း ဘုတ်ကို ပြောင်းလဲပေးစေရန်အတွက် ယခုကဲ့သို့ စာဖြင့် တင်ပြတောင်းဆိုခြင်းဖြစ်သည်ဟု ကချင်ပြည်နယ်၊ ရှမ်းနီ(တိုင်းလျှန်)သွေးစည်းညီညွှတ်ရေးပါတီဥက္ကဋ္ဌ ဦးညွှန့်မောင်က ပြောသည်။
“ဆိုင်းဘုတ်မှာ ကချင်လူမျိုးနွယ်စုရဲ့သင်္ကေတ လုပ်ထားတယ်၊ ၀ိုင်းမော်မှာက ရှမ်းလူမျိုးတွေ များတယ်။ ကျွန်တော်တို့ ညှိနိုင်းတိုင်ပင်ခြင်းမရှိပဲ သူတို့ဘာသာ အတင်းအကျပ်လုပ်သွားမယ်ဆိုရင် နောက်ဖြစ်လာမယ့် ပြဿနာတွေကတော့ အများကြီးရှိတာပေါ့။ ဒ့ါကြောင့် ကျွန်တော်တို့ ဒေသခံတွေရဲ့ သဘာထားဆန္ဒကိုရယူပြီး မြို့အဝင်ဆိုင်းဘုတ်ကို ပြောင်းလဲစေချင်တယ်ဆိုပြီး ဝန်ကြီးချုပ်ထံစာတင်ရခြင်းဖြစ်တယ်”ဟု ၎င်းကဆိုသည်။
 
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရှမ်းနီလူငယ်ကွန်ရက်မှ ကချင်ပြည်နယ် တာဝန်ခံ စိုင်းအောင်မျိုးကလည်း ကချင်ပြည်နယ်အစိုးရအနေဖြင့် ၀ိုင်းမော်မြို့အဝင် ဆိုင်းဘုတ်ကိစ္စအား တိကျသေချာစွာ တိုင်တွယ်ဖြေရှင်း ပေးခြင်းမရှိပါက ပြဿနာကြီးထွားသွားနိုင်ကြောင်း EPN ကို ယခုကဲ့သို့ ပြောပြသည်။
 
“ဌာနေတိုင်းရင်းသားတွေရဲ့ အနေအထားကို နားလည်ဖို့ လိုတယ်။ နောက်ပြီး အစိုးရအနေနဲ့လည်း တစ်ခုခု ဘာပဲလုပ်လုပ် ဒေသခံတိုင်းရင်းသားတွေကို အသိပေးသင့်တယ် တိုင်ပင်သင့်တယ်။ အာဏာရှင်စနစ်ကို တော်လှန်ဆိုပြီး အာဏာရှင်ဆန်နေတာမျိုးက မဖြစ်သင့်ဘူး” ဟု ဆိုသည်။
 
ရှမ်းနီ(တိုင်းလျှန်) သွေးစည်းညီညွှတ်ရေးပါတီမှ ၀ိုင်းမော်မြို့အဝင်ဆိုင်းဘုတ်သင်္ကေတအား ပြင်ဆင် ပြောင်းလဲပေးရန်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်အပြင်၊ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီးဌာန၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ရဝမ်တိုင်းရင်း သားရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် ရှမ်းမျိုးနွယ်စု များ စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ စသည်တို့တွင်လည်း စာဖြင့်တင်ပြတောင်းဆိုထားသည်ဟု သိရသည်။
 
သတင်း – သက်ဝေ
 
ဓါတ်ပုံ – ဝိုင်းမော်စည်ပင်
 
#PeopleMedia #ဝိုင်းမော်မြို့

Share this post