• Follow Us on

Home ဝိုင္းေမာ္−ဆဒုံး−ကန္ပိုက္တီသြားကားလမ္းတြင္ ဌက္ေပ်ာကားေမာင္းႏွင္သည့္ တ႐ုတ္နိုင္ငံသားခ်င္း စကားမ်ားရာမွ ဓားခုတ္မႈျဖစ္ပြား

ဝိုင္းေမာ္−ဆဒုံး−ကန္ပိုက္တီသြားကားလမ္းတြင္ ဌက္ေပ်ာကားေမာင္းႏွင္သည့္ တ႐ုတ္နိုင္ငံသားခ်င္း စကားမ်ားရာမွ ဓားခုတ္မႈျဖစ္ပြား

Share this post

ဝိုင္းေမာ္၊ စက္တင္ဘာ ၇

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားခရိုင္၊ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ဆဒုံးၿမိဳ႕၊ ဝိုင္းေမာ္−ဆဒုံး−ကန္ပိုင္တီသြား ကားလမ္းတြင္ ဌက္ေပ်ာကားေမာင္းႏွင္သည့္ တ႐ုတ္နိုင္ငံသားခ်င္း စကားမ်ားရာမွ ဓားခုတ္မႈျဖစ္ပြားခဲ့ေၾကာင္း ဆဒုံးနယ္ေျမရဲစခန္းမွ သိရသည္။

ဝိုင္းေမာ္ၿမိဳ႕နယ္ ဝိုင္းေမာ္−ဆဒုံး−ကန္ပိုင္တီ သြားကားလမ္း၊ မိုင္တိုင္အမွတ္ (၃၄/၃၅)ၾကား၊ ဆနာေက်း႐ြာ အနီးတြင္ ေမာ္ေတာ္ယာဥ္ (၂)စီး၊ ယာဥ္ေမာင္း (၂)ဦး ဓါးခုတ္မႈျဖစ္ပြားေၾကာင္း သတင္းအရ ဆဒုံးနယ္ေျမရဲစခန္းမွ ဒုရဲအုပ္ ေအာင္ေက်ာ္ေက်ာ္ထက္ဦးစီးသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္ အတူသြားေရာက္စစ္ေဆးရာ ဝိုင္းေမာ္ဘက္မွ ကန္ပိုက္တီဘက္သို႔ တ႐ုတ္ငွက္ေပ်ာဖာမ်ား တင္ေဆာင္ေမာင္းႏွင္ လာေသာ ေမာ္ေတာ္ယာဥ္ (၂)စီးမွာ ေရျဖည့္ေရေဆးရပ္နားေနစဥ္ တ႐ုတ္နိုင္ငံသား ယာဥ္ေမာင္း(၂)ဦးသည္ အခ်င္းခ်င္းစကားမ်ားၾကရာမွ ယာဥ္အမွတ္ M×××× နံပါတ္ ပါ DAYUN အနီေရာင္(၂၂)ဘီးယာဥ္ေမာင္း တ႐ုတ္နိုင္ငံသား ဟုန္စိဟြ(က်ား)(၄၂)ႏွစ္၊ (ဘ)ဦးဟုန္က်ဲၿပီ၊ ယြန္းခ်ိန္ၿမိဳ႕နယ္၊ ရွန္းစီးျပည္နယ္၊ တ႐ုတ္နိုင္ငံ၊ လက္ရွိေနရပ္ တာေလာႀကီးေက်း႐ြာရွိ ငွက္ေပ်ာစိုက္ၿခံကုမၸဏီတစ္ခုတြင္ ေနထိုင္သူမွ ယာဥ္အမွတ္ M×××× နံပါတ္ပါ (၂၂)ဘီးယာဥ္ေမာင္း ေရာင္က်ယ္ေ႐ႊ႕(၃၈)ႏွစ္၊ (ဘ)ဦးေရာင္ရီခ်န္း၊ ယြန္းခ်ိန္ၿမိဳ႕၊ ရွန္းစီး ျပည္နယ္၊ တ႐ုတ္နိုင္ငံ၊ လက္ရွိ တာေလာႀကီးေက်း႐ြာရွိ ငွက္ေပ်ာစိုက္ၿခံကုမၸဏီတစ္ခုအတြင္း ေနထိုင္သူ အား အသင့္ပါလာေသာ စတီးဓါးေခြးတပ္၊ သစ္သားလက္ကိုင္ရိုးပါ အရိုးအသြား (၃၀)လက္မခန႔္ရွိ ဓါးဦးခြၽန္ဓါးရွည္ႏွင့္ ခုတ္ခဲ့ သျဖင့္ ေရာင္က်ယ္ေ႐ႊ႕တြင္ ဦးေခါင္း ေနာက္ေစ့ ျပတ္ရွဒဏ္ရာ၊ ဝဲဘက္တံေတာင္ဆစ္ ျပတ္ရွဒဏ္ရာ(စိုးရိမ္ရ) ရရွိခဲ့ေသာေၾကာင့္ ျမစ္ႀကီးနားျပည္သူ႕ေဆး႐ုံႀကီးသို႔ ရဲေဆးစာ ျဖင့္ပို႔ေဆာင္ထားေၾကာင္း သိရသည္။

ျဖစ္စဥ္ေၾကာင့္ ေရာင္က်ယ္ေ႐ႊ႕အား ဓါးျဖင့္ခုတ္၍ ဒဏ္ရာရရွိေစခဲ့သူ တ႐ုတ္ နိုင္ငံသား ဟုန္စိဟြ(က်ား) အား ဆဒုံးနယ္ေျမ ရဲစခန္းတြင္ (ပ)၁၈/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

လူေမာ္

#PeopleMedia #EPN #ဝိုင္းေမာ္

[Unicode]
ဝိုင်းမော်−ဆဒုံး−ကန်ပိုက်တီသွားကားလမ်းတွင် ဌက်ပျောကားမောင်းနှင်သည့် တရုတ်နိုင်ငံသားချင်း စကားများရာမှ ဓားခုတ်မှုဖြစ်ပွား

ဝိုင်းမော်၊ စက်တင်ဘာ ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့၊ ဝိုင်းမော်−ဆဒုံး−ကန်ပိုင်တီသွား ကားလမ်းတွင် ဌက်ပျောကားမောင်းနှင်သည့် တရုတ်နိုင်ငံသားချင်း စကားများရာမှ ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း ဆဒုံးနယ်မြေရဲစခန်းမှ သိရသည်။

ဝိုင်းမော်မြို့နယ် ဝိုင်းမော်−ဆဒုံး−ကန်ပိုင်တီ သွားကားလမ်း၊ မိုင်တိုင်အမှတ် (၃၄/၃၅)ကြား၊ ဆနာကျေးရွာ အနီးတွင် မော်တော်ယာဉ် (၂)စီး၊ ယာဉ်မောင်း (၂)ဦး ဓါးခုတ်မှုဖြစ်ပွားကြောင်း သတင်းအရ ဆဒုံးနယ်မြေရဲစခန်းမှ ဒုရဲအုပ် အောင်ကျော်ကျော်ထက်ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူသွားရောက်စစ်ဆေးရာ ဝိုင်းမော်ဘက်မှ ကန်ပိုက်တီဘက်သို့ တရုတ်ငှက်ပျောဖာများ တင်ဆောင်မောင်းနှင် လာသော မော်တော်ယာဉ် (၂)စီးမှာ ရေဖြည့်ရေဆေးရပ်နားနေစဉ် တရုတ်နိုင်ငံသား ယာဉ်မောင်း(၂)ဦးသည် အချင်းချင်းစကားများကြရာမှ ယာဉ်အမှတ် M×××× နံပါတ် ပါ DAYUN အနီရောင်(၂၂)ဘီးယာဉ်မောင်း တရုတ်နိုင်ငံသား ဟုန်စိဟွ(ကျား)(၄၂)နှစ်၊ (ဘ)ဦးဟုန်ကျဲပြီ၊ ယွန်းချိန်မြို့နယ်၊ ရှန်းစီးပြည်နယ်၊ တရုတ်နိုင်ငံ၊ လက်ရှိနေရပ် တာလောကြီးကျေးရွာရှိ ငှက်ပျောစိုက်ခြံကုမ္ပဏီတစ်ခုတွင် နေထိုင်သူမှ ယာဉ်အမှတ် M×××× နံပါတ်ပါ (၂၂)ဘီးယာဉ်မောင်း ရောင်ကျယ်ရွှေ့(၃၈)နှစ်၊ (ဘ)ဦးရောင်ရီချန်း၊ ယွန်းချိန်မြို့၊ ရှန်းစီး ပြည်နယ်၊ တရုတ်နိုင်ငံ၊ လက်ရှိ တာလောကြီးကျေးရွာရှိ ငှက်ပျောစိုက်ခြံကုမ္ပဏီတစ်ခုအတွင်း နေထိုင်သူ အား အသင့်ပါလာသော စတီးဓါးခွေးတပ်၊ သစ်သားလက်ကိုင်ရိုးပါ အရိုးအသွား (၃၀)လက်မခန့်ရှိ ဓါးဦးချွန်ဓါးရှည်နှင့် ခုတ်ခဲ့ သဖြင့် ရောင်ကျယ်ရွှေ့တွင် ဦးခေါင်း နောက်စေ့ ပြတ်ရှဒဏ်ရာ၊ ဝဲဘက်တံတောင်ဆစ် ပြတ်ရှဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သောကြောင့် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာ ဖြင့်ပို့ဆောင်ထားကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ရောင်ကျယ်ရွှေ့အား ဓါးဖြင့်ခုတ်၍ ဒဏ်ရာရရှိစေခဲ့သူ တရုတ် နိုင်ငံသား ဟုန်စိဟွ(ကျား) အား ဆဒုံးနယ်မြေ ရဲစခန်းတွင် (ပ)၁၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

လူမော်

#PeopleMedia #EPN #ဝိုင်းမော်


Share this post