• Follow Us on

Home ဝူဟန္ဗိုင္းရပ္စ္ေၾကာင့္ တစ္ကမာၻလုံး ႏိုးႏိုးၾကားၾကားရွိၾကဖို႔ WHO သတိေပး၊ ေသဆံုးသူ ၁၇၀ ေက်ာ္႐ွိလာ

ဝူဟန္ဗိုင္းရပ္စ္ေၾကာင့္ တစ္ကမာၻလုံး ႏိုးႏိုးၾကားၾကားရွိၾကဖို႔ WHO သတိေပး၊ ေသဆံုးသူ ၁၇၀ ေက်ာ္႐ွိလာ

Share this post

ဂ်ီနီဗာ၊ ဇန္နဝါရီ – ၃၀

ၾကာသပေတးေန႔မနက္ပိုင္းမွာ ေသဆုံးသူ ၁၇၀ ရွိလာၿပီလို႔ တ႐ုတ္အမ်ိဳးသားက်န္းမာေရးေကာ္မရွင္ ထုတ္ျပန္ ခဲ့တဲ့ ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ 2019-nCoV အေရး တစ္ကမာၻလုံးႏိုးႏိုးၾကားၾကားရွိရမယ္လို႔ ကမာၻ႔က်န္းမာေရး အဖြဲ႕ (W.H.O)ရဲ႕ က်န္းမာေရးအေရးေပၚအေျခအေနမ်ားအစီအစဥ္က သတိေပးလိုက္ပါတယ္။

စိန္ေခၚမႈႀကီးႀကီးမားမားရင္ဆိုင္ေနရေပမဲ့ တုံ႔ျပန္မႈကလည္း ႀကီးမားက်ယ္ျပန္႔တယ္လို႔ အစီအစဥ္တာဝန္ခံ ေဒါက္တာ မိုက္႐ိုင္ယန္က ေရာဂါျပန္႔ပြားမႈအေပၚ တ႐ုတ္ႏိုင္ငံရဲ႕တုံ႔ျပန္မႈကိုခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။ ဗိုင္းရပ္စ္ ဟာ ကမာၻ႔က်န္းမာေရးအေရးေပၚအေျခအေနအျဖစ္ ပါဝင္ပတ္သက္ေနသလား ၾကာသပေတးေန႔မွာ W.H.O က ဆုံးျဖတ္မွာပါ။

ဗိုင္းရပ္စ္အတြက္ တိက်တဲ့ေဆးဝါးနဲ႔ကာကြယ္ေဆးမရွိေသးေပမဲ့ လူေတာ္ေတာ္မ်ားမ်ားေဆး႐ုံမွာကုသၿပီး သက္ သာသြားပါတယ္။ ဗုဒၶဟူးေန႔မွာ ကူးစက္ခံရမႈျဖစ္စဥ္ ၁၇၀၀ ေက်ာ္ အသစ္ထပ္တိုးလာၿပီး လက္ရွိမွာ တ႐ုတ္ ႏိုင္ငံထဲကူးစက္ခံရသူ ၇၇၁၁ ေယာက္၊ ႏိုင္ငံနဲ႔ေဒသ ၁၉ ခုမွာ ကူးစက္ခံရသူ ၉၄ ေယာက္ရွိေနပါတယ္။

ေသဆုံးသူ ၃၀ ေက်ာ္ရွိခဲ့တာလည္း ရက္ပိုင္းအတြင္းစံခ်ိန္တင္ျမင့္တက္မႈျဖစ္ပါတယ္။ ဗိုင္းရပ္စ္စျပန္႔ႏွံ႔တဲ့ ဝူဟန္ ၿမိဳ႕ရွိတဲ့ ဟူေဘးျပည္နယ္မွာ ဗုဒၶဟူးေန႔ညအထိ ေသဆုံးသူ ၁၆၂ ေယာက္ရွိခဲ့ၿပီး အဂၤါေန႔ညကထက္ ၃၇ ေယာက္ပိုမ်ားလာတာပါ။ ဟူေဘးမွာပဲ ကူးစက္ခံရသူ ၄၅၈၆ ေယာက္ရွိေနၿပီး အဂၤါေန႔ကထက္ ၁၀၃၂ ေယာက္ ပိုမ်ားလာတာပါ။

တျခားအသက္ရႉလမ္းေၾကာင္းဆိုင္ရာဗိုင္းရပ္စ္ေတြလိုပဲ ဝူဟန္ဗိုင္းရပ္စ္ဟာလည္း ေခ်ာင္းဆိုး၊ ႏွာေခ်တာေတြ ကေန တစ္ဆင့္ကူးစက္ၿပီး ၁ ရက္ကေန ၁၄ ရက္အတြင္း ေရာဂါလကၡဏာေတြျပပါတယ္။ ေရာဂါလကၡဏာေတြ မျပခင္ ျပန္႔ႏွံ႔မႈေတြရွိတယ္လို႔လည္း လကၡဏာေတြရွိေနပါတယ္။

Source – BBC

Photo – People’s Daily

#PeopleMedia #WuhanVirus #2019nCoV #WHO

(Unicode)
ဝူဟန်ဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံး နိုးနိုးကြားကြားရှိကြဖို့ WHO သတိပေး၊ သေဆုံးသူ ၁၇၀ ကျော်ရှိလာ
………………………………………………………

ဂျီနီဗာ၊ ဇန်နဝါရီ – ၃၀

ကြာသပတေးနေ့မနက်ပိုင်းမှာ သေဆုံးသူ ၁၇၀ ရှိလာပြီလို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် ထုတ်ပြန် ခဲ့တဲ့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် 2019-nCoV အရေး တစ်ကမ္ဘာလုံးနိုးနိုးကြားကြားရှိရမယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (W.H.O)ရဲ့ ကျန်းမာရေးအရေးပေါ်အခြေအနေများအစီအစဉ်က သတိပေးလိုက်ပါတယ်။

စိန်ခေါ်မှုကြီးကြီးမားမားရင်ဆိုင်နေရပေမဲ့ တုံ့ပြန်မှုကလည်း ကြီးမားကျယ်ပြန့်တယ်လို့ အစီအစဉ်တာဝန်ခံ ဒေါက်တာ မိုက်ရိုင်ယန်က ရောဂါပြန့်ပွားမှုအပေါ် တရုတ်နိုင်ငံရဲ့တုံ့ပြန်မှုကိုချီးကျူးပြောဆိုခဲ့ပါတယ်။ ဗိုင်းရပ်စ် ဟာ ကမ္ဘာ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ပါဝင်ပတ်သက်နေသလား ကြာသပတေးနေ့မှာ W.H.O က ဆုံးဖြတ်မှာပါ။

ဗိုင်းရပ်စ်အတွက် တိကျတဲ့ဆေးဝါးနဲ့ကာကွယ်ဆေးမရှိသေးပေမဲ့ လူတော်တော်များများဆေးရုံမှာကုသပြီး သက် သာသွားပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ကူးစက်ခံရမှုဖြစ်စဉ် ၁၇၀၀ ကျော် အသစ်ထပ်တိုးလာပြီး လက်ရှိမှာ တရုတ် နိုင်ငံထဲကူးစက်ခံရသူ ၇၇၁၁ ယောက်၊ နိုင်ငံနဲ့ဒေသ ၁၉ ခုမှာ ကူးစက်ခံရသူ ၉၄ ယောက်ရှိနေပါတယ်။

သေဆုံးသူ ၃၀ ကျော်ရှိခဲ့တာလည်း ရက်ပိုင်းအတွင်းစံချိန်တင်မြင့်တက်မှုဖြစ်ပါတယ်။ ဗိုင်းရပ်စ်စပြန့်နှံ့တဲ့ ဝူဟန် မြို့ရှိတဲ့ ဟူဘေးပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ညအထိ သေဆုံးသူ ၁၆၂ ယောက်ရှိခဲ့ပြီး အင်္ဂါနေ့ညကထက် ၃၇ ယောက်ပိုများလာတာပါ။ ဟူဘေးမှာပဲ ကူးစက်ခံရသူ ၄၅၈၆ ယောက်ရှိနေပြီး အင်္ဂါနေ့ကထက် ၁၀၃၂ ယောက် ပိုများလာတာပါ။

တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်တွေလိုပဲ ဝူဟန်ဗိုင်းရပ်စ်ဟာလည်း ချောင်းဆိုး၊ နှာချေတာတွေ ကနေ တစ်ဆင့်ကူးစက်ပြီး ၁ ရက်ကနေ ၁၄ ရက်အတွင်း ရောဂါလက္ခဏာတွေပြပါတယ်။ ရောဂါလက္ခဏာတွေ မပြခင် ပြန့်နှံ့မှုတွေရှိတယ်လို့လည်း လက္ခဏာတွေရှိနေပါတယ်။

Source – BBC

Photo – People’s Daily

#PeopleMedia #WuhanVirus #2019nCoV #WHO


Share this post