• Follow Us on

Home ဝူဟန္ဗိုင္းရပ္စ္ ေဘးလြတ္ရာေ႐ႊ႕ေျပာင္းေရး ေလေၾကာင္းခရီးစဥ္အတြက္ အလုပ္လုပ္ဖို႔ ဘဂၤလားေဒ့႐ွ္ ေလ ယာဥ္အမႈထမ္းအဖြဲ႕ျငင္းဆို

ဝူဟန္ဗိုင္းရပ္စ္ ေဘးလြတ္ရာေ႐ႊ႕ေျပာင္းေရး ေလေၾကာင္းခရီးစဥ္အတြက္ အလုပ္လုပ္ဖို႔ ဘဂၤလားေဒ့႐ွ္ ေလ ယာဥ္အမႈထမ္းအဖြဲ႕ျငင္းဆို

Share this post

ဒါကာ၊ ေဖေဖာ္ဝါရီ – ၁၀

ဘဂၤလားေဒ့႐ွ္အမ်ိဳးသားေလေၾကာင္းလိုင္း ဘီမန္းရဲ႕ အမႈထမ္းေတြက ဝူဟန္ဗိုင္းရပ္စ္သင့္ၿမိဳ႕ေတြက ဘဂၤလား ေဒ့႐ွ္ႏိုင္ငံသားေတြကို ေဘးလြတ္ရာေ႐ႊ႕ေျပာင္းေပးဖို႔ စီစဥ္ထားတဲ့ေလေၾကာင္းခရီးစဥ္အတြက္ အလုပ္လုပ္ဖို႔ ျငင္းဆိုခဲ့ၾကလို႔ ဘဂၤလားေဒ့႐ွ္အစိုးရအေနနဲ႔ အစီအစဥ္ကို ဖ်က္သိမ္းခဲ့ရပါတယ္။

ေက်ာင္းသားအမ်ားစုပါ၀င္တဲ့ လူ ၃၁၂ ေယာက္ကို ၿပီးခဲ့တဲ့တစ္ပတ္မွာ ေ႐ႊ႕ေျပာင္းေပးခဲ့ၿပီး အခုတစ္ပတ္မွာ ေတာ့ ေနာက္ထပ္ ၁၇၁ ေယာက္အတြက္ ေလေၾကာင္းခရီးစဥ္တစ္ခုထပ္စီစဥ္ေပးထားတာပါ။

ေလယာဥ္မစီစဥ္ေပးႏိုင္လို႔ ျပန္မေခၚႏိုင္ျဖစ္ေနတယ္လို႔ ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီး ေအေက အဗၺဒူ မိုမန္ က စေနေန႔မွာ သတင္းေထာက္ေတြကိ္ုေျပာပါတယ္။ အရင္သြားခဲ့တဲ့အဖြဲ႕အပါအ၀င္ ေနာက္ထပ္အဖြဲ႕ေတြ လည္း မသြားခ်င္ၾကဘူးလို႔လည္း ေျပာတာပါ။

လက္႐ွိမွာေတာ့ ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွာ ဗိုင္းရပ္စ္ကူးစက္ခံရမႈမ႐ွိေသးပါဘူး။ ေဖေဖာ္ဝါရီ ၁ ရက္က ျပန္ေရာက္ လာတဲ့ႏိုင္ငံသားေတြကို ႏွစ္ပတ္ၾကာေစာင့္ၾကည့္ေနၿပီး တစ္ေယာက္မွ ဗိုင္းရပ္စ္မေတြ႕ရဘူးလို႔ က်န္းမာေရး အရာ႐ွိေတြကေျပာပါတယ္။ စင္းလံုးငွားေလယာဥ္လႊတ္ဖို႔ ႀကိဳးစားခဲ့ေပမဲ့ ေအာင္ျမင္မႈမ႐ွိေသးဘူးလို႔လည္း မိုမန္ကေျပာပါတယ္။

Source – AFP

Photo – AFP

#PeopleMedia #CoronaVirus #2019nCoV #Bangladesh

(Unicode)
ဝူဟန်ဗိုင်းရပ်စ် ဘေးလွတ်ရာရွှေ့ပြောင်းရေး လေကြောင်းခရီးစဉ်အတွက် အလုပ်လုပ်ဖို့ ဘင်္ဂလားဒေ့ရှ် လေ ယာဉ်အမှုထမ်းအဖွဲ့ငြင်းဆို
…………………………………………………………

ဒါကာ၊ ဖေဖော်ဝါရီ – ၁၀

ဘင်္ဂလားဒေ့ရှ်အမျိုးသားလေကြောင်းလိုင်း ဘီမန်းရဲ့ အမှုထမ်းတွေက ဝူဟန်ဗိုင်းရပ်စ်သင့်မြို့တွေက ဘင်္ဂလား ဒေ့ရှ်နိုင်ငံသားတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးဖို့ စီစဉ်ထားတဲ့လေကြောင်းခရီးစဉ်အတွက် အလုပ်လုပ်ဖို့ ငြင်းဆိုခဲ့ကြလို့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အစီအစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။

ကျောင်းသားအများစုပါဝင်တဲ့ လူ ၃၁၂ ယောက်ကို ပြီးခဲ့တဲ့တစ်ပတ်မှာ ရွှေ့ပြောင်းပေးခဲ့ပြီး အခုတစ်ပတ်မှာ တော့ နောက်ထပ် ၁၇၁ ယောက်အတွက် လေကြောင်းခရီးစဉ်တစ်ခုထပ်စီစဉ်ပေးထားတာပါ။

လေယာဉ်မစီစဉ်ပေးနိုင်လို့ ပြန်မခေါ်နိုင်ဖြစ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန် က စနေနေ့မှာ သတင်းထောက်တွေကိ်ုပြောပါတယ်။ အရင်သွားခဲ့တဲ့အဖွဲ့အပါအဝင် နောက်ထပ်အဖွဲ့တွေ လည်း မသွားချင်ကြဘူးလို့လည်း ပြောတာပါ။

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုမရှိသေးပါဘူး။ ဖေဖော်ဝါရီ ၁ ရက်က ပြန်ရောက် လာတဲ့နိုင်ငံသားတွေကို နှစ်ပတ်ကြာစောင့်ကြည့်နေပြီး တစ်ယောက်မှ ဗိုင်းရပ်စ်မတွေ့ရဘူးလို့ ကျန်းမာရေး အရာရှိတွေကပြောပါတယ်။ စင်းလုံးငှားလေယာဉ်လွှတ်ဖို့ ကြိုးစားခဲ့ပေမဲ့ အောင်မြင်မှုမရှိသေးဘူးလို့လည်း မိုမန်ကပြောပါတယ်။

Source – AFP

Photo – AFP

#PeopleMedia #CoronaVirus #2019nCoV #Bangladesh


Share this post