• Follow Us on

Home ဝူဟန္ၿမိဳ႕အနီးရွိ ဓာတုစက္႐ုံ၌ ေပါက္ကြဲမႈျဖစ္ပြားရာ ငါးဦး ေသဆုံး၊ တစ္ဦး ဒဏ္ရာရ

ဝူဟန္ၿမိဳ႕အနီးရွိ ဓာတုစက္႐ုံ၌ ေပါက္ကြဲမႈျဖစ္ပြားရာ ငါးဦး ေသဆုံး၊ တစ္ဦး ဒဏ္ရာရ

Share this post

နိုင္ငံတကာ၊ စက္တင္ဘာ ၂၉တ႐ုတ္နိုင္ငံအလယ္ပိုင္း ဟူေပျပည္နယ္ရွိ စက္မႈဥယ်ာဥ္တစ္ခုရွိ ဓာတုစက္႐ုံတစ္ခု၌ ေပါက္ကြဲမႈတစ္ခု ျဖစ္ပြားခဲ့ရာ လူငါးဦး ေသဆုံးခဲ့ၿပီး တစ္ဦး ဒဏ္ရာရရွိခဲ့သည္။
ေပါက္ကြဲမႈမွာ ဟူေပျပည္နယ္၏ ၿမိဳ႕ေတာ္ ဝူဟန္ၿမိဳ႕အေနာက္ဘက္ တီယန္မင္ၿမိဳ႕ရွိ ယြဲ႕ေကာ္စက္မႈဥ ယ်ာဥ္မွ ဓာတုစက္႐ုံတစ္ခု၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ျပည္နယ္ အေရးေပၚစီမံခန္႔ခြဲေရးဌာနက ေျပာသည္။
ရွာေဖြေရးႏွင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနၿပီး ဒဏ္ရာရရွိသူအား ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ သည္။ ေပါက္ကြဲမႈျဖစ္ရာစက္႐ုံက ေဆးဝါးမ်ားထုတ္လုပ္ရာတြင္ အသုံးျပဳသည့္ ေဆးဝါးဆိုင္ရာကုန္ပစၥည္းမ်ား ထုတ္လုပ္သည့္ Tianmen Chutian Chemical Company ပိုင္ စက္႐ုံျဖစ္သည္။
တ႐ုတ္ျပည္မႀကီးရွိ မီဒီယာမ်ားက အြန္လိုင္း၌ေဖာ္ျပခဲ့သည့္ ႐ုပ္သံဖိုင္မ်ား၌ စက္႐ုံအထက္ရွိ ေလထုထဲ သို႔ မီးခိုးမ်ား ထြက္ေပၚေနၿပီး အေဆာက္အအုံအတြင္းမွ လူတစ္ဦးအား သယ္ေဆာင္ေနပုံကို ျပသခဲ့သည္။ ထို႔အ ျပင္ ႐ုပ္သံဖိုင္အတြင္း ရဲကားတစ္စီး၊ လူနာတင္ကားႏွင့္ မီးသတ္သမားမ်ားကို ျမင္ေတြ႕ခဲ့ရသည္။
ၾသဂုတ္လအတြင္းကလည္း ဟူေပျပည္နယ္ က်င္ေတာင္ၿမိဳ႕၌ ေပါက္ကြဲမႈတစ္ခု ျဖစ္ပြားခဲ့ရာ လူေျခာက္ ဦး ေသဆုံးခဲ့ၿပီး ေလးဦး ဒဏ္ရာရရွိခဲ့သည္။ ၂၀၁၉ ခုႏွစ္ မတ္လအတြင္းက က်င္းစုျပည္နယ္ရွိ ဓာတုစက္႐ုံ၌ ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ရာ လူ ၇၈ ဦး ေသဆုံးခဲ့သည္။
၂၀၁၅ ခုႏွစ္ ၾသဂုတ္လအတြင္း တီယန္က်င္းၿမိဳ႕ရွိ ကုန္ေလာင္႐ုံတစ္ခု၌ မီးေလာင္မႈေၾကာင့္ ေပါက္ကြဲမႈ ႀကီးတစ္ခု ျဖစ္ပြားခဲ့ရာ လူ ၁၇၃ ဦး ေသဆုံးခဲ့ၿပီ ၈၀၀ ခန္႔ ဒဏ္ရာရရွိခဲ့သည္။
–ကိုးကား–
ေဆာ့ခ်ိဳင္းနားေမာနင္းပို႔စ္
Ref; Chemical plant explosion in central China kills 5 people

(unicode)

ဝူဟန်မြို့အနီးရှိ ဓာတုစက်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားရာ ငါးဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ
နိုင်ငံတကာ၊ စက်တင်ဘာ ၂၉
တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်ရှိ စက်မှုဥယျာဉ်တစ်ခုရှိ ဓာတုစက်ရုံတစ်ခု၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူငါးဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ပေါက်ကွဲမှုမှာ ဟူပေပြည်နယ်၏ မြို့တော် ဝူဟန်မြို့အနောက်ဘက် တီယန်မင်မြို့ရှိ ယွဲ့ကော်စက်မှုဥ ယျာဉ်မှ ဓာတုစက်ရုံတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ် အရေးပေါ်စီမံခန့်ခွဲရေးဌာနက ပြောသည်။
ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ဒဏ်ရာရရှိသူအား ဆေးရုံသို့ပို့ဆောင်ခဲ့ သည်။ ပေါက်ကွဲမှုဖြစ်ရာစက်ရုံက ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးဝါးဆိုင်ရာကုန်ပစ္စည်းများ ထုတ်လုပ်သည့် Tianmen Chutian Chemical Company ပိုင် စက်ရုံဖြစ်သည်။
တရုတ်ပြည်မကြီးရှိ မီဒီယာများက အွန်လိုင်း၌ဖော်ပြခဲ့သည့် ရုပ်သံဖိုင်များ၌ စက်ရုံအထက်ရှိ လေထုထဲ သို့ မီးခိုးများ ထွက်ပေါ်နေပြီး အဆောက်အအုံအတွင်းမှ လူတစ်ဦးအား သယ်ဆောင်နေပုံကို ပြသခဲ့သည်။ ထို့အ ပြင် ရုပ်သံဖိုင်အတွင်း ရဲကားတစ်စီး၊ လူနာတင်ကားနှင့် မီးသတ်သမားများကို မြင်တွေ့ခဲ့ရသည်။
သြဂုတ်လအတွင်းကလည်း ဟူပေပြည်နယ် ကျင်တောင်မြို့၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူခြောက် ဦး သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်။ ၂၀၁၉ ခုနှစ် မတ်လအတွင်းက ကျင်းစုပြည်နယ်ရှိ ဓာတုစက်ရုံ၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၇၈ ဦး သေဆုံးခဲ့သည်။
၂၀၁၅ ခုနှစ် သြဂုတ်လအတွင်း တီယန်ကျင်းမြို့ရှိ ကုန်လောင်ရုံတစ်ခု၌ မီးလောင်မှုကြောင့် ပေါက်ကွဲမှု ကြီးတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၇၃ ဦး သေဆုံးခဲ့ပြီ ၈၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်။
–ကိုးကား–
ဆော့ချိုင်းနားမောနင်းပို့စ်
Ref; Chemical plant explosion in central China kills 5 people

Share this post