• Follow Us on

Home ဝူဟန္ၿမိဳ႕႐ွိတဲ့ျပည္နယ္ကေဒသခံေတြကို စင္းလံုးငွားေလယာဥ္ေတြနဲ႔ တ႐ုတ္အစိုးရျပန္ေခၚဖို႔စီစဥ္ေန

ဝူဟန္ၿမိဳ႕႐ွိတဲ့ျပည္နယ္ကေဒသခံေတြကို စင္းလံုးငွားေလယာဥ္ေတြနဲ႔ တ႐ုတ္အစိုးရျပန္ေခၚဖို႔စီစဥ္ေန

Share this post

ေဘက်င္း၊ ဇန္နဝါရီ – ၃၁

ကို႐ိုနာဗိုင္းရပ္စ္ဒဏ္ခံေနရတဲ့ဝူဟန္ၿမိဳ႕႐ွိတဲ့ ဟူေဘးျပည္နယ္ေဒသခံေတြကို စင္းလံုးငွားေလယာဥ္ေတြနဲ႔ အျမန္ ဆံုးျပန္ေခၚဖို႔ တ႐ုတ္အစိုးရကေသာၾကာေန႔မွာ ဆံုးျဖတ္လိုက္ပါတယ္။ အထူးသျဖင့္ ဝူဟန္ၿမိဳ႕ခံေတြအပါအ၀င္ ဟူေဘးျပည္နယ္က တ႐ုတ္ႏိုင္ငံသားေတြ လက္ေတြ႕ခံစားေနရတဲ့ကြဲျပားမႈေတြကို႐ွဴျမင္တဲ့အေနနဲ႔ ဆံုးျဖတ္ တာလို႔ တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရသူဟြာခၽြန္းယြင္က ေျပာပါတယ္။

အေသအေပ်ာက္မ်ားတဲ့ဗိုင္းရပ္စ္သစ္နဲ႔ ရင္ဆိုင္ေနရတဲ့တ႐ုတ္ႏိုင္ငံကို ေလေၾကာင္းခရီးစဥ္ေတြရပ္ဆိုင္းတာနဲ႔ ေလွ်ာ့ခ်တာေတြလုပ္ဖို႔ ေလေၾကာင္းလိုင္းေတြကေၾကညာခဲ့ၿပီးတဲ့ေနာက္ အခုလိုေၾကညာတာပါ။

ႏိုင္ငံျခားခရီးစဥ္ေတြ ေ႐ႊ႕ဆိုင္းဖို႔နဲ႔ အုပ္စုလိုက္ႏိုင္ငံျခားအေပ်ာ္တမ္းခရီးသြားတာေတြ ဖ်က္သိမ္းဖို႔ တ႐ုတ္ႏိုင္ငံ သားေတြကို အႀကံျပဳထားတာပါ။ တ႐ုတ္ႏိုင္ငံဆီ ခရီးသြားတာေ႐ွာင္ၾကဖို႔ ဂ်ာမနီ၊ ၿဗိတိန္ႏိုင္ငံတို႔က ႏိုင္ငံသား ေတြကို တိုက္တြန္းထားသလို အျမင့္ဆံုးသတိေပးခ်က္ထုတ္ျပန္ၿပီး တ႐ုတ္ႏိုင္ငံကိုမသြားၾကဖို႔လည္း အေမရိ ကန္ႏိုင္ငံက ၫႊန္ၾကားထားပါတယ္။

Source – Agencies/jt

Photo – People’s Daily China

#Wuhan #2019nCoV #CarterPlane #ChineseGovernment

(Unicode)
ဝူဟန်မြို့ရှိတဲ့ပြည်နယ်ကဒေသခံတွေကို စင်းလုံးငှားလေယာဉ်တွေနဲ့ တရုတ်အစိုးရပြန်ခေါ်ဖို့စီစဉ်နေ
……………………………………………………………

ဘေကျင်း၊ ဇန်နဝါရီ – ၃၁

ကိုရိုနာဗိုင်းရပ်စ်ဒဏ်ခံနေရတဲ့ဝူဟန်မြို့ရှိတဲ့ ဟူဘေးပြည်နယ်ဒေသခံတွေကို စင်းလုံးငှားလေယာဉ်တွေနဲ့ အမြန် ဆုံးပြန်ခေါ်ဖို့ တရုတ်အစိုးရကသောကြာနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ အထူးသဖြင့် ဝူဟန်မြို့ခံတွေအပါအဝင် ဟူဘေးပြည်နယ်က တရုတ်နိုင်ငံသားတွေ လက်တွေ့ခံစားနေရတဲ့ကွဲပြားမှုတွေကိုရှူမြင်တဲ့အနေနဲ့ ဆုံးဖြတ် တာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူဟွာချွန်းယွင်က ပြောပါတယ်။

အသေအပျောက်များတဲ့ဗိုင်းရပ်စ်သစ်နဲ့ ရင်ဆိုင်နေရတဲ့တရုတ်နိုင်ငံကို လေကြောင်းခရီးစဉ်တွေရပ်ဆိုင်းတာနဲ့ လျှော့ချတာတွေလုပ်ဖို့ လေကြောင်းလိုင်းတွေကကြေညာခဲ့ပြီးတဲ့နောက် အခုလိုကြေညာတာပါ။

နိုင်ငံခြားခရီးစဉ်တွေ ရွှေ့ဆိုင်းဖို့နဲ့ အုပ်စုလိုက်နိုင်ငံခြားအပျော်တမ်းခရီးသွားတာတွေ ဖျက်သိမ်းဖို့ တရုတ်နိုင်ငံ သားတွေကို အကြံပြုထားတာပါ။ တရုတ်နိုင်ငံဆီ ခရီးသွားတာရှောင်ကြဖို့ ဂျာမနီ၊ ဗြိတိန်နိုင်ငံတို့က နိုင်ငံသား တွေကို တိုက်တွန်းထားသလို အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ပြီး တရုတ်နိုင်ငံကိုမသွားကြဖို့လည်း အမေရိ ကန်နိုင်ငံက ညွှန်ကြားထားပါတယ်။

Source – Agencies/jt

Photo – People’s Daily China

#Wuhan #2019nCoV #CarterPlane #ChineseGovernment


Share this post