• Follow Us on

Home “ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ၿမိဳ႕နယ္ေလးခုတြင္ ေရြးေကာက္ပြဲက်င္းပႏိုင္ေရး ေဆြးေႏြးရန္လိုအပ္ေနေသး ဟု UWSA အဖြဲ႕ဆို

“ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ၿမိဳ႕နယ္ေလးခုတြင္ ေရြးေကာက္ပြဲက်င္းပႏိုင္ေရး ေဆြးေႏြးရန္လိုအပ္ေနေသး ဟု UWSA အဖြဲ႕ဆို

Share this post

လာမည့္ ၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ “ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ၿမိဳ႕နယ္ေလးခုတြင္ က်င္း ပႏိုင္ေရး UWSA ႏွင့္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ UEC ၾကားေဆြးေႏြးထားေသာ္လည္း ထပ္မံေဆြး ေႏြးရန္ လိုအပ္ေသးေၾကာင္း UWSA လားရႈိးဆက္ဆံေရးတာ၀န္ခံ ဦးညီရမ္းက ဇြန္လ ၆ ရက္ေန႔က ေျပာသည္။

၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲကို “ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္ က်င္းပႏိုင္ေရးကို ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလက ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ သြားေရာက္ေတြ႕ဆုံခဲ့ေသာ္လည္း ေရြး ေကာက္ပြဲအား က်င္းပရန္အတြက္ ထပ္မံေတြ႕ဆုံၫွိႏႈိင္းေဆြးေႏြးရန္ လိုအပ္ေနျခင္းျဖစ္ေၾကာင္း ၎ကဆို သည္။

“ေရြးေကာက္ပြဲေကာ္မရွင္နဲ႔ ကၽြန္ေတာ္တို႔ “ဝ” ေခါင္းေဆာင္ေတြနဲ႔ သြားေတြ႕တယ္ အဲ့ဒါက ေနာက္ဆုံးပါပဲ ဆက္လက္ၿပီးေတာ့ ေဆြးေႏြးဖို႔လိုပါေသးတယ္။ ျပင္ဆင္ဖို႔ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ကလည္း အေျခခံလို အပ္ခ်က္ေတြ လိုပါေသးတယ္” ဟု UWSA လားရႈိးဆက္ဆံေရးတာ၀န္ခံ ဦးညီရမ္းက ေျပာသည္။

လက္ရွိတြင္ ေရြးေကာက္ပြဲကို အစိုးရ၏ အုပ္ခ်ဳပ္မႈေအာက္တြင္ရွိေသာ ဟိုပန္ၿမိဳ႕နယ္ႏွင့္ မက္မန္းၿမိဳ႕နယ္ မ်ားတြင္ ေရြးေကာက္ပြဲကို က်င္းပႏိုင္ေသာ္လည္း “ဝ” လက္နက္ကိုင္အဖြဲ႔၏ အုပ္ခ်ဳပ္မႈေအာက္တြင္ရွိေသာ မိုင္းေမာ၊ ပန္းဝါ၊ နားဖန္း၊ ပန္ဆန္းစသည့္ၿမိဳ႕နယ္မ်ားတြင္ ေရြးေကာက္ပြဲအား က်င္းပႏိုင္ျခင္းမရွိခဲ့ေၾကာင္း သိရသည္။

“ဒါေတြက ေဆြးေႏြးေနတုန္းပဲ ရွိေနပါေသးတယ္။ ႏိုင္ငံေတာ္ရဲ႕ လုပ္ငန္းစဥ္ေတြ က႑ေတြကို ကၽြန္ေတာ္တို႔ မပါ၀င္ေပမယ့္လည္း ပါ၀င္ဖို႔လည္း အဆင္သင့္မျဖစ္ေသးတဲ့အေနအထားမ်ိဳးဆိုေတာ့လည္း အစိုးရနဲ႔ တပ္မ ေတာ္ ရဲ႕ ေရြးေကာက္ပြဲေတြကို ကၽြန္ေတာ္တို႔လည္း အားေပးပါတယ္ ” UWSA လားရႈိးဆက္ဆံေရး တာ၀န္ခံ ဦးညီရမ္းက ေျပာသည္။ လက္ရွိ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ “ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသတြင္ ေရြးေကာက္ပြဲက်င္းပရန္ ေဆြးေႏြးမႈမ်ားရွိေနေသာ္လည္း UWSA အေနျဖင့္ အစိုးရႏွင့္ ႏွစ္ဦးႏွစ္ဖက္ ေဆြးေႏြးမႈမ်ားမရွိေသးပါ။

ၿဖိဳးေအာင္

#PeopleMedia

(unicode)
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်လေးခုတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆွေးနွေးရန်လိုအပ်နေသေး ဟု UWSA အဖွဲ့ဆို
……………………………………………………

လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်လေးခုတွင် ကျင်း ပနိုင်ရေး UWSA နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကြားဆွေးနွေးထားသော်လည်း ထပ်မံဆွေး နွေးရန် လိုအပ်သေးကြောင်း UWSA လားရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ဇွန်လ ၆ ရက်နေ့က ပြောသည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပနိုင်ရေးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သွားရောက်တွေ့ဆုံခဲ့သော်လည်း ရွေး ကောက်ပွဲအား ကျင်းပရန်အတွက် ထပ်မံတွေ့ဆုံညှိနှိုင်းဆွေးနွေးရန် လိုအပ်နေခြင်းဖြစ်ကြောင်း ၎င်းကဆို သည်။

“ရွေးကောက်ပွဲကော်မရှင်နဲ့ ကျွန်တော်တို့ “ဝ” ခေါင်းဆောင်တွေနဲ့ သွားတွေ့တယ် အဲ့ဒါက နောက်ဆုံးပါပဲ ဆက်လက်ပြီးတော့ ဆွေးနွေးဖို့လိုပါသေးတယ်။ ပြင်ဆင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ကလည်း အခြေခံလို အပ်ချက်တွေ လိုပါသေးတယ်” ဟု UWSA လားရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲကို အစိုးရ၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ဟိုပန်မြို့နယ်နှင့် မက်မန်းမြို့နယ် များတွင် ရွေးကောက်ပွဲကို ကျင်းပနိုင်သော်လည်း “ဝ” လက်နက်ကိုင်အဖွဲ့၏ အုပ်ချုပ်မှုအောက်တွင်ရှိသော မိုင်းမော၊ ပန်းဝါ၊ နားဖန်း၊ ပန်ဆန်းစသည့်မြို့နယ်များတွင် ရွေးကောက်ပွဲအား ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

“ဒါတွေက ဆွေးနွေးနေတုန်းပဲ ရှိနေပါသေးတယ်။ နိုင်ငံတော်ရဲ့ လုပ်ငန်းစဉ်တွေ ကဏ္ဍတွေကို ကျွန်တော်တို့ မပါဝင်ပေမယ့်လည်း ပါဝင်ဖို့လည်း အဆင်သင့်မဖြစ်သေးတဲ့အနေအထားမျိုးဆိုတော့လည်း အစိုးရနဲ့ တပ်မ တော် ရဲ့ ရွေးကောက်ပွဲတွေကို ကျွန်တော်တို့လည်း အားပေးပါတယ် ” UWSA လားရှိုးဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းက ပြောသည်။ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ရွေးကောက်ပွဲကျင်းပရန် ဆွေးနွေးမှုများရှိနေသော်လည်း UWSA အနေဖြင့် အစိုးရနှင့် နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများမရှိသေးပါ။

ဖြိုးအောင်

#PeopleMedia


Share this post