• Follow Us on

Home “ဝ” ဒေသအတွင်းသို့ တရားမဝင်ခိုးဝင်ရောက်သူများထံမှ COVID-19 စစ်ဆေးတွေ့ရှိပါက ပြစ်ဒဏ်ချမှတ် မည်ဖြစ်ပြီး ဝင်ရောက်ရန်ကူညီသူများအား ပြစ်ဒဏ် နှစ် ၂၀ မှ ၃၀ နှင့် တမင်ရည်ရွယ်သူများကို တစ်သက် တစ်ကျွန်းနှင့် သေဒဏ်ချမှတ်ခံရမည်

“ဝ” ဒေသအတွင်းသို့ တရားမဝင်ခိုးဝင်ရောက်သူများထံမှ COVID-19 စစ်ဆေးတွေ့ရှိပါက ပြစ်ဒဏ်ချမှတ် မည်ဖြစ်ပြီး ဝင်ရောက်ရန်ကူညီသူများအား ပြစ်ဒဏ် နှစ် ၂၀ မှ ၃၀ နှင့် တမင်ရည်ရွယ်သူများကို တစ်သက် တစ်ကျွန်းနှင့် သေဒဏ်ချမှတ်ခံရမည်

Share this post

နေပြည်တော်၊ သြဂုတ် ၁၃ (People Media)

 

အစိုးရထိန်းချုပ်နယ်မြေ၊ ညီနောင်အဖွဲ့အစည်းနယ်မြေများမှ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ တရားမဝင်ခိုးဝင်ရောက်သူများထံမှ COVID-19 ရောဂါစစ်ဆေးတွေ့ရှိခဲ့ပါက တရားမဝင်ခိုးဝင်လာသူအား ဆေးကုသပြီးနောက်တွင် တရားရေးဌာနသို့ ပို့ဆောင်ပြီး သက်ဆိုင်ရာစည်းမျဉ်းအတိုင်း ပြစ်ဒဏ်ချမှတ်သွား မည်ဖြစ်ကြောင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါတရားမဝင်ခိုးဝင်ရောက်ရန် ကူညီသူများအား သိမ်းဆည်းရမိသည့် ငွေကြေးပမာဏ၏ရာနှုန်းပြည့် ဒဏ် ငွေချမှတ်ကာ ပြစ်ဒဏ် နှစ် ၂၀ မှ ၃၀ အထိ ချမှတ်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

 

ထို့အပြင် တမင်ရည်ရွယ်၍ မကောင်းကြံစည်သူအား ပြစ်ဒဏ်တစ်သက်တစ်ကျွန်း (သို့မဟုတ်) သေဒဏ်အထိ ချမှတ်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

အလားတူ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မူးယစ်ဆေးဝါးမှောင်ခိုများနှင့် သုံးစွဲသူများကို ဖမ်းဆီးရမိလျှင် တရားရုံးတင်ပြစ်ဒဏ်ချအရေးယူခြင်းမရှိဘဲ ပစ်ခတ်ဖမ်းဆီးခြင်းနှင့် သေဒဏ်ပေးခြင်းဥပဒေကိုသာ ကျင့်သုံး သည့်ဒေသဖြစ်သည်။

 

#PeopleMedia #ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

 

(unicode)


………………………………………………………………………

 


 


 


 


 


 



Share this post