• Follow Us on

Home သက်တမ်းကျော်နေသည့်ယာဉ်များကို ယာဉ်ထိန်းတပ်ဖွဲ့က အရေးမယူရန် ညှိနှိုင်းထား


Share this post

ရန်ကုန်၊ စက်တင်ဘာ – ၁၁








#PeopleMedia #ယာဉ်

(unicode)
သက်တမ်းကျော်နေသည့်ယာဉ်များကို ယာဉ်ထိန်းတပ်ဖွဲ့က အရေးမယူရန် ညှိနှိုင်းထား
………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၁၁

သက်တမ်းကျော်နေသည့် ယာဉ်များကို ယာဉ်ထိန်းတပ်ဖွဲ့က အရေးမယူဖို့ ညှိထားနှိုင်းထားတယ်လို့ ရန်ကုန်တို င်းဒေသကြီး ကညန တိုင်းဦးစီမှူး ဦးသိန်းထွဋ်ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ Covid-19 ကူးစပ်မှု့မရှိစေရေးအတွက်မော်တော်ယာဉ်သတ်တမ်းတိုးခြင်းနှင့်ယာဉ်မောင်းလိုင်စင်သတ်တမ်းတိုးခြင်းလုပ်ငန်းကို ဒီကနေ့စက်တင်ဘာလမှစ၍ ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှ ယနေ့ထုန်ပြန်လိုက်သည်။

ထိုပြင် Covid-19 အခြေနေတည်ငြိမ်မှသာ ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပေးမည့်ရက်ကို ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်းကိုလဲ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနများ၏ရုံးမှ ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ ၉ရက်နေ့က လုပ်တဲ့ ကိုဗစ်အမျိုးသားအဆင့် ကော်မတီရဲ့အစည်းအဝေးကနေပြီးတော့မှ လမ်းညွှန်ချက်အရ အခြေနေတွေတည်ငြိမ်ပြီးတော့တဲ့အထိ ကျွန်တော်တို့ရုံးတွေကို လူစုလူဝေးမဖြစ်ဖို့အတွက် ခေတ္တလုပ်ငန်းတွေကို ရာယီရပ်ဆိုင်းတာပါ”ဦးသိန်းထွဋ်(ရန်ကုန်တိုင်းဒေသကြီး ကညန တိုင်းဦးစီးမှူး)က ပြောပါတယ်။

အဆိုပါ ကားတွေသတ်တမ်းတိုးပေးတာ၊ ယာဉ်မောင်းလိုင်းစင်တွေခေတ္တရပ်ဆိုင်းထားခြင်းဟာ ပြန်ဖွင့်မဲ့ရက်ကို အထပ်အဖွဲ့စည်းတွေကနေပြီးတော့မှ တည်ငြိမ်သွားတဲ့အချိန်ကြရင်ခွင့်ပြုရန် ကြိုပြီးပြောမည်ဖြစ်ကြောင်းကိုလဲ ၎င်းကပြောသည်။

ထို့နောက် ဝန်ထမ်းတွေကိုတော့ ငါးဆယ်ရာခိုင်နှုန်းထိ ရုံးတတ်ပြီးတော့မှ ရုံးလုပ်ငန်းတွေကို ပုံမှန်ဆော င်ရွက်သွားမှာ ဖြစ်ပြီး အချိန်မှန်နေ့တစ်ဝက်စီ တတ်နေပြီးတော့မှ တခြားစာပေး၊စာယူ၊ တခြားစာတိုက်မှလာတဲ့ လုပ်ငန်းတွေကိုတော့ ဆတ်လုပ်ပြီး အပြင်လူကိုတော့ ပေးမဝင်မဟုက် ကြောင်းကိုလည်း ဦးသိန်းထွဋ်က ပြောသည်။

ထိုပြင် Covid-19 အခြေနေတည်ငြိမ်မှသာ ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပေးမည့်ရက်ကို ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်းကိုလဲ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနများ၏ရုံးမှ ထုတ်ပြန်ထားသည်။

#PeopleMedia #ယာဉ်


Share this post