• Follow Us on
Latest News

Home သက္ေတာ္(၈၃)ႏွစ္ရွိ သီတဂူဆရာေတာ္ႀကီး ဆြစ္စလန္ႏိုင္ငံ၌ ႏွလုံးက်န္းမာေရးႏွင့္အေ ထြေထြစစ္ေဆးမႈခံယူ

သက္ေတာ္(၈၃)ႏွစ္ရွိ သီတဂူဆရာေတာ္ႀကီး ဆြစ္စလန္ႏိုင္ငံ၌ ႏွလုံးက်န္းမာေရးႏွင့္အေ ထြေထြစစ္ေဆးမႈခံယူ

Share this post

ေက်းဇူးေတာ္ရွင္ သီတဂူဆရာေတာ္ႀကီးသည္ ဒီဇင္ဘာ(၃) ရက္ေန႔၊ ေန႔ခင္းတြင္ ဆြစ္ဇာလန္ႏိုင္ငံ၊ ဇူးရစ္ၿမိဳ႕ရွိ အထူးကုေဆး႐ုံသို႔ ႂကြေရာက္၍ ႏွလုံးက်န္းမာေရးႏွင့္ အေထြေထြစစ္ေဆးေပးမႈ ခံယူေတာ္ခဲ့ရာ လြန္စြာေကာင္းမြန္ေၾကာင္း တပည့္ဒကာအေပါင္းကို သိရွိရန္ သတင္းထုတ္ျပန္ထားသည္။

သက္ေတာ္-၈၃ႏွစ္ အတြင္းေရာက္ရွိေနၿပီျဖစ္ေတာ္မူသည့္ ေက်းဇူးေတာ္ရွင္ သီတဂူဆရာေတာ္ႀကီးအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈကို အထူးဂ႐ုျပဳ ေဆာင္ရြက္ေပးခဲ့ၾကသည့္ ဆရာဝန္ႀကီးမ်ားႏွင့္တကြ ပါဝင္ေဆာင္ရြက္သူမ်ား အားလုံးကို ေက်းဇူးတင္ရွိပါေၾကာင္း သီတဂူ သာသနာျပဳအဖြဲ႕က ေက်းဇူးမွတ္တမ္းတင္ ဂုဏ္ျပဳအပ္ပါေၾကာင္း ေဖာ္ျပထားသည္။

သီတဂူဆရာေတာ္ႀကီး၏ က်န္းမာေရးစစ္ေဆးမႈႏွင့္ သက္ဆိုင္ေသာ အေထြေထြကုန္က်စားရိတ္ကို ဆြစ္ဇလန္ႏိုင္ငံမွ ေဒါက္တာကံမင္းႏွင့္ ေဒၚဥမၼာမင္း မိသားစုက လွဴဒါန္းေပးၾကပါသည္။ ဆြမ္းႏွင့္ အျခားေသာ ေဝယ်ာဝစၥအလုပ္အေကြၽးမ်ား ျပဳစုေပးၾကပါသည္။

ဥေရာပက်န္းမာေရး စစ္ေဆးမႈခရီးစဉ္တြင္ ကပၸိယမ်ားအျဖစ္ သီတဂူဦးေက်ာ္မိုးႏိုင္ (ျမန္မာ)၊ သီတဂူဦးသူရ (ဂ်ာမနီ)၊ သီတဂူေဒါက္တာဦးကိုကို (အဂၤလန္) တို႔က လိုက္ပါအလုပ္ေအ​ကြၽး ျပဳစုၾကပါသည္။

[Unicode]
သက်တော်(၈၃)နှစ်ရှိ သီတဂူဆရာတော်ကြီး ဆွစ်စလန်နိုင်ငံ၌ နှလုံးကျန်းမာရေးနှင့် အထွေထွေစစ်ဆေးမှုခံယူ
…………………………………………………………………….

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ဒီဇင်ဘာ(၃) ရက်နေ့၊ နေ့ခင်းတွင် ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့ရှိ အထူးကုဆေးရုံသို့ ကြွရောက်၍ နှလုံးကျန်းမာရေးနှင့် အထွေထွေစစ်ဆေးပေးမှု ခံယူတော်ခဲ့ရာ လွန်စွာကောင်းမွန်ကြောင်း တပည့်ဒကာအပေါင်းကို သိရှိရန် သတင်းထုတ်ပြန်ထားသည်။

သက်တော်-၈၃နှစ် အတွင်းရောက်ရှိနေပြီဖြစ်တော်မူသည့် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အထူးဂရုပြု ဆောင်ရွက်ပေးခဲ့ကြသည့် ဆရာဝန်ကြီးများနှင့်တကွ ပါဝင်ဆောင်ရွက်သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း သီတဂူ သာသနာပြုအဖွဲ့က ကျေးဇူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း ဖော်ပြထားသည်။

သီတဂူဆရာတော်ကြီး၏ ကျန်းမာရေးစစ်ဆေးမှုနှင့် သက်ဆိုင်သော အထွေထွေကုန်ကျစားရိတ်ကို ဆွစ်ဇလန်နိုင်ငံမှ ဒေါက်တာကံမင်းနှင့် ဒေါ်ဥမ္မာမင်း မိသားစုက လှူဒါန်းပေးကြပါသည်။ ဆွမ်းနှင့် အခြားသော ဝေယျာဝစ္စအလုပ်အကျွေးများ ပြုစုပေးကြပါသည်။

ဥရောပကျန်းမာရေး စစ်ဆေးမှုခရီးစဉ်တွင် ကပ္ပိယများအဖြစ် သီတဂူဦးကျော်မိုးနိုင် (မြန်မာ)၊ သီတဂူဦးသူရ (ဂျာမနီ)၊ သီတဂူဒေါက်တာဦးကိုကို (အင်္ဂလန်) တို့က လိုက်ပါအလုပ်အ​ေကျွး ပြုစုကြပါသည်။


Share this post