• Follow Us on

Home သကျဓီတာသီလရှင်စာသင်တိုက်များ၏ ပဓာနနာယကဖွားဖွားကြီး ဒေါ်ဇနကမာလိနီမွေးနေ့အထိမ်းအမှတ် အဖြစ် သကျမုနိစေတီတော်မြတ်ကြီးနှင့် ရန်အောင်မြင်နှီးဘုရားကြီးတို့အား ဆီမီးအလင်းတိုင် (၁၆၀၀) တို့ဖြင့် လှူဒါန်းပူဇော်

သကျဓီတာသီလရှင်စာသင်တိုက်များ၏ ပဓာနနာယကဖွားဖွားကြီး ဒေါ်ဇနကမာလိနီမွေးနေ့အထိမ်းအမှတ် အဖြစ် သကျမုနိစေတီတော်မြတ်ကြီးနှင့် ရန်အောင်မြင်နှီးဘုရားကြီးတို့အား ဆီမီးအလင်းတိုင် (၁၆၀၀) တို့ဖြင့် လှူဒါန်းပူဇော်

Share this post

နေပြည်တော်၊ မတ် ၁၀

 

(စစ်ကိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ ပြင်ဦးလွင်၊ ပွင့်ဖြူ၊ ယော) သကျဓီတာသီလရှင်စာသင်တိုက်များ၏ ပဓာနနာ ယကဆရာကြီးဖြစ်တော်မူသော ဖွားဖွားကြီး ဒေါ်ဇနကမာလိနီ ၏ (၇၂)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ကုသိုလ် အဖြစ် သကျမုနိစေတီတော်မြတ်ကြီးနှင့် ရန်အောင်မြင်နှီးဘုရားကြီးတို့အား ဆီမီးအလင်းတိုင်(၁၆၀၀)တို့ဖြင့် ယမန်နေ့က လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ နံနက်ပိုင်းကလည်း ဖွားဖွားကြီး ဒေါ်ဇနကမာလိနီ ၏ မွေးနေ့အထိမ်းအမှတ် အာစရိယပူဇာအခမ်း အနားနှင့် စာအောင်ဆုနှင်းသဘင် အခမ်းအနား၌ ကျင်းပခဲ့ရာ  တဂရာ ( ပထမငယ်တန်း ဆရာလေး) ရေး သားပူဇော်အပ်သော ကဗျာကို ဆရာလေးများမှ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

 

ထို့နောက် သကျဓီတာ စာသင်တိုက်၌ ကျင်းပအပ်သော သဒ္ဓမ္မဒ္ဓဇ စာမေးပွဲကြီး အခြေပြုတန်းနှင့် မူကြို တန်းတို့၌ အာဂုမ် + ရေးဖြေအောင် ဆရာလေးများ၊ အစိုးရ ဓမ္မာစရိယနှင့်  ပါဠိပထမပြန်စာမေးပွဲတို့၌ ဓမ္မာစရိယကျမ်းစွဲ၊ ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်းအောင် ဆရာလေးများအား ပညာတော်ဆုများ အသီးသီးချီးမြင့်ခဲ့ကြောင်း သိရသည်။

 

(unicode)


………………………………………………..

 


 


 


 



Share this post