• Follow Us on

Home သက္ကလမြို့နယ်၌ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

သက္ကလမြို့နယ်၌ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁ (People Media)

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သက္ကလမြို့ရှိ အုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ သက္ကလမြို့၊ ရွှေပြည်အေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းဦးသည် ယနေ့နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် ပဲခူး-သက္ကလကားမှတ်တိုင်ရှိ ကွမ်းယာဆိုင်၌ ကွမ်းဝယ်ယူနေစဉ် သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ခံရ ပြီး အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရှိရသည်။

 

ထို့အပြင် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်၌နေထိုင်သည့် ကျောက်ပိုးဒိုး(ခ)ကိုဖြိုးဆိုသူအား ပျူစောထီးအဖွဲ့ဝင်ဟုဆိုကာ အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ပစ်ခတ်သတ်ဖြတ်ခံရကြောင်း သိရှိရသည်။

 

အလားတူ တိုင်းဒေသကြီးအသီးသီးရှိ မြို့နယ်အချို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံရမှုများရှိနေ သောကြောင့် အုပ်ချုပ်ရေးမှူးများမှာ တာဝန်မှနုတ်ထွက်မှုများရှိနေသည်။

 

#PeopleMedia #ပဲခူး #သက္ကလ #အုပ်ချုပ်ရေးမှူး

 

(unicode)

သက်ကလမွို့နယျ၌ အုပျခြုပျရေးမှူးတဈဦး သနေတျဖွင့ျ ပဈခတျသတျဖွတျခံရ

……………………………………………………………………..

 


 


 


 


 


 

#PeopleMedia #ပဲခူး #သက်ကလ #အုပျခြုပျရေးမှူး


Share this post