• Follow Us on
Latest News

Home သဃၤန္းကြ်န္းအမတ္ေဟာင္း ဦးသိန္းၫြန္႔ မဲစာရင္းတြင္မပါဘဲ ေသဆုံး သူဇနီးအမည္စာရင္းပါ၀င္

သဃၤန္းကြ်န္းအမတ္ေဟာင္း ဦးသိန္းၫြန္႔ မဲစာရင္းတြင္မပါဘဲ ေသဆုံး သူဇနီးအမည္စာရင္းပါ၀င္

Share this post

ရန္ကုန္၊ ဇူလိုင္ ၂၈

သဃၤန္းကြ်န္းအမတ္ေဟာင္း ဦးသိန္းၫြန္႔ မဲစာရင္းတြင္မပါဘဲ ေသဆုံးသူဇနီးအမည္စာရင္းသာ ပါ၀င္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီပါတီသစ္မွ ေျပာေရးဆိုခြင့္ရွိသူ ေန၀င္းသန္းကေျပာသည္။

မဲစာရင္းတြင္မပါ၀င္ျခင္းႏွင့္ ပတ္သက္၍ ဇူလိုင္ ၂၈ ရက္ people media က ဆက္သြယ္ေမးျမန္းရာတြင္ အမ်ိဳး သားဒီမိုကေရစီပါတီသစ္မွ ေျပာေရးဆိုခြင့္ရွိသူေန၀င္းသန္းကေျပာၾကားခဲ့သည္။

“မဲစာရင္းသြားၾကည့္တာဟုတ္တယ္။ ဦးသိန္းၫြန္႔ နာမည္မပါဘူး။ ဆရာ့ဇနီးနာမည္ပါတယ္။ မပါေတာ့ အခုပုံစံ ၃ နဲ႔ ျပန္ေလွ်ာက္ရမွာေပါ့။ မနက္ျဖန္သြားေလွ်ာက္မယ္။ အမွန္ကပါသင့္တာေပါ့။ ၁၉၉၀ အမတ္လည္းျဖစ္ တယ္။ ပထမအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္လည္းျဖစ္တယ္”ဟု ၎ကေျပာသည္။

ဦးသိန္းၫြန္႔သည္ ၂၀၁၀ေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ NDF မွ သဃၤန္းကြ်န္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ၀င္ေရာက္ယွဥ္ျပဳိင္ကာအႏိုင္ရရွိခဲ့သူတစ္ဦးျဖစ္ၿပီး အမ်ိဳးသားဒီမိုကေရ စီပါတီသစ္ကို တည္ေထာင္သူတစ္ဦးလည္းျဖစ္သည္။

၂၀၂၀ ေရြးေကာက္ပြဲကို ၂၀၂ဝ ျပည့္ႏွစ္ ႏို၀င္ဘာ ၈ ရက္တြင္က်င္းပေပးမည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က ေၾကညာထားၿပီး ဆႏၵမဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ရွိေၾကာင္းသိရသည္။

#PeopleMedia

(unicode)
သင်္ဃန်းကျွန်းအမတ်ဟောင်း ဦးသိန်းညွန့် မဲစာရင်းတွင်မပါဘဲ သေဆုံး သူဇနီးအမည်စာရင်းပါဝင်
……………………………………………………

ရန်ကုန်၊ ဇူလိုင် ၂၈

သင်္ဃန်းကျွန်းအမတ်ဟောင်း ဦးသိန်းညွန့် မဲစာရင်းတွင်မပါဘဲ သေဆုံးသူဇနီးအမည်စာရင်းသာ ပါဝင်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်မှ ပြောရေးဆိုခွင့်ရှိသူ နေဝင်းသန်းကပြောသည်။

မဲစာရင်းတွင်မပါဝင်ခြင်းနှင့် ပတ်သက်၍ ဇူလိုင် ၂၈ ရက် people media က ဆက်သွယ်မေးမြန်းရာတွင် အမျိုး သားဒီမိုကရေစီပါတီသစ်မှ ပြောရေးဆိုခွင့်ရှိသူနေဝင်းသန်းကပြောကြားခဲ့သည်။

“မဲစာရင်းသွားကြည့်တာဟုတ်တယ်။ ဦးသိန်းညွန့် နာမည်မပါဘူး။ ဆရာ့ဇနီးနာမည်ပါတယ်။ မပါတော့ အခုပုံစံ ၃ နဲ့ ပြန်လျှောက်ရမှာပေါ့။ မနက်ဖြန်သွားလျှောက်မယ်။ အမှန်ကပါသင့်တာပေါ့။ ၁၉၉၀ အမတ်လည်းဖြစ် တယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တယ်”ဟု ၎င်းကပြောသည်။

ဦးသိန်းညွန့်သည် ၂၀၁၀ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာအနိုင်ရရှိခဲ့သူတစ်ဦးဖြစ်ပြီး အမျိုးသားဒီမိုကရေ စီပါတီသစ်ကို တည်ထောင်သူတစ်ဦးလည်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲကို ၂၀၂ဝ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိကြောင်းသိရသည်။

#PeopleMedia


Share this post