• Follow Us on

Home သင်္ဃန်းကျွန်းမြို့(ဆ/က)ရပ်ကွက် အမက(၉)ကျောင်းရှေ့၌ မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတွေ့ရှိ

သင်္ဃန်းကျွန်းမြို့(ဆ/က)ရပ်ကွက် အမက(၉)ကျောင်းရှေ့၌ မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတွေ့ရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၂၆ (People Media)

 

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် (ဆ/က) ရပ်ကွက်၊ ခိုင်သဇင်လမ်း အမက(၉)ကျောင်းရှေ့ ဓာတ်တိုင်အနီး တွင် ယနေ့ နံနက် ၁၁ နာရီခန့်က မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံးတွေ့ရှိခဲ့ကြောင်း ယင်းရပ်ကွက်နေ ထိုင်သူများထံမှ သိရသည်။

 

မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးကို ပြည်သူအချို့၏ အကြောင်းကြားမှုကြောင့် တာဝန်ရှိသူများက သွား ရောက်ရှင်းလင်းကြောင်း  သိရသည်။

 

ဆက်လက်ပြီးလည်း ရန်အောင်ရပ်ကွက် ဇဗ္ဗူဒိပ်လမ်း ဒေသန္တရကျန်းမာရေးဆေးခန်းရှေ့ ရေမြောင်းထဲ၌ လက်လုပ်ဗုံးတစ်လုံး ထပ်မံတွေ့ရှိခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်းနေကြောင်း သိရသည်။

 

#PeopleMedia #လက်ပစ်ဗုံး

 

(unicode)


…………………………………………………………………..

 


 


 


 


 



Share this post