• Follow Us on
Latest News

Home သဃၤန္းကၽြန္းၿမိဳ႕နယ္ရွိ တိုက္ခန္းတစ္ခုတြင္ ေသဆုံးခဲ့သည့္ အေလာင္းႏွစ္ေလာင္းႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕၏ ကနဦး ထုတ္ျပန္ခ်က္၌ ေသတမ္းစာ ၂ ေစာင္ ပါဝင္

သဃၤန္းကၽြန္းၿမိဳ႕နယ္ရွိ တိုက္ခန္းတစ္ခုတြင္ ေသဆုံးခဲ့သည့္ အေလာင္းႏွစ္ေလာင္းႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕၏ ကနဦး ထုတ္ျပန္ခ်က္၌ ေသတမ္းစာ ၂ ေစာင္ ပါဝင္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကၽြန္းၿမိဳ႕နယ္ ငမိုးရိပ္(၆)လမ္းရွိ တိုက္ခန္းတစ္ခုတြင္ ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ အေလာင္းႏွစ္ေလာင္းႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕၏ ကနဦးထုတ္ျပန္ခ်က္၌ ေသတမ္းစာ ၂ ေစာင္ ပါဝင္လာခဲ့သည္။

ျမန္မာနိုင္ငံရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္၌ ေသဆုံးသူမ်ားမွာ နယ္ဘက္မွ ရန္ကုန္သို႔ လာေရာက္၍ အခန္းငွားေနထိုင္ အလုပ္လုပ္ေနေသာ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးျဖစ္ၿပီး ေဆြမ်ိဳးသားခ်င္းမ်ားမဟုတ္ေၾကာင္း ပတ္ဝန္းက်င္ႏွင့္ ေသဆုံးသူ အမ်ိဳးသမီး၏ ဝမ္းကြဲညီမေတာ္စပ္သူတို႔၏ ေျပာၾကားခ်က္အရ ၎တို႔(၂)ဦးသည္ မၾကာခဏစကားမ်ား ရန္ျဖစ္ေလ့ရွိသည့္ အေလ့အထရွိေၾကာင္း ေဖာ္ျပထားသည္။

အခင္းျဖစ္ခ်ိန္ အိမ္ခန္း ဝင္/ထြက္ေပါက္ သံပန္းတံခါးကို အတြင္းမွ ေသာ့ပိတ္ထားၿပီး၊ ကနဦး စစ္ေဆးခ်က္မ်ားအရ ေသဆုံးသူမ်ားအနီးရွိ ေသြးကြက္မ်ားေပၚတြင္ ေျခရာမ်ားေတြ႕ရွိျခင္း၊ ေျခပုံစံစစ္ေဆးခ်က္အရ ေသဆုံးသူအမ်ိဳးသား၏ ေျခရာမ်ားျဖစ္သလို အသုံးျပဳသည့္လက္နက္သည္ အခင္းျဖစ္ေနအိမ္ မီးဖိုေခ်ာင္သုံး ဓား(၃)လက္ျဖစ္ေၾကာင္း ဓားမ်ား လက္ကိုင္ေပၚရွိ လက္ပုံစံ စိစစ္ဆဲျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထုတ္ျပန္သည္။

ေသဆုံးသူမ်ားအနီးတြင္ ၎တို႔ႏွင့္ပတ္သက္ၿပီး ေရးသားထားသည့္ ေသြးစြန္းေနေသာ စာရြက္(၂)ရြက္ေတြ႕ရွိခဲ့ရေၾကာင္း၊ အဆိုပါအမႈျဖင့္ ပတ္သက္၍ ရနိုင္သမွ် လူ/ပစၥည္း သက္ေသအေထာက္အထား ထပ္မံရွာေဖြစိစစ္လၽွက္ရွိေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ ထုတ္ျပန္ခဲ့သည္။

ဒီဇင္ဘာ ၁၇ ရက္ မြန္းလြဲ ၂ နာရီခြဲခန႔္တြင္ သဃၤန္းကၽြန္းၿမိဳ႕နယ္ ငမိုးရိပ္ ၆ လမ္း အမွတ္ ၄၀၅ တိုက္ ပထမထပ္အခန္းအတြင္း အသက္ ၂၂ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးႏွင့္ အသက္ ၂၄ ႏွစ္အရြယ္ အမ်ိဳးသမီးတို႔မွာ ျပတ္ရွဒဏ္ရာမ်ားျဖင့္ ေသဆုံးေနျခင္း ျဖစ္သည္။

#PeopleMedia

(unicode)
သင်္ဃန်းကျွန်းမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် သေဆုံးခဲ့သည့် အလောင်းနှစ်လောင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ ကနဦး ထုတ်ပြန်ချက်၌ သေတမ်းစာ ၂ စောင် ပါဝင်
……………………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်(၆)လမ်းရှိ တိုက်ခန်းတစ်ခုတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းနှစ်လောင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ ကနဦးထုတ်ပြန်ချက်၌ သေတမ်းစာ ၂ စောင် ပါဝင်လာခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်၌ သေဆုံးသူများမှာ နယ်ဘက်မှ ရန်ကုန်သို့ လာရောက်၍ အခန်းငှားနေထိုင် အလုပ်လုပ်နေသော အမျိုးသားနှင့် အမျိုးသမီးဖြစ်ပြီး ဆွေမျိုးသားချင်းများမဟုတ်ကြောင်း ပတ်ဝန်းကျင်နှင့် သေဆုံးသူ အမျိုးသမီး၏ ဝမ်းကွဲညီမတော်စပ်သူတို့၏ ပြောကြားချက်အရ ၎င်းတို့(၂)ဦးသည် မကြာခဏစကားများ ရန်ဖြစ်လေ့ရှိသည့် အလေ့အထရှိကြောင်း ဖော်ပြထားသည်။

အခင်းဖြစ်ချိန် အိမ်ခန်း ဝင်/ထွက်ပေါက် သံပန်းတံခါးကို အတွင်းမှ သော့ပိတ်ထားပြီး၊ ကနဦး စစ်ဆေးချက်များအရ သေဆုံးသူများအနီးရှိ သွေးကွက်များပေါ်တွင် ခြေရာများတွေ့ရှိခြင်း၊ ခြေပုံစံစစ်ဆေးချက်အရ သေဆုံးသူအမျိုးသား၏ ခြေရာများဖြစ်သလို အသုံးပြုသည့်လက်နက်သည် အခင်းဖြစ်နေအိမ် မီးဖိုချောင်သုံး ဓား(၃)လက်ဖြစ်ကြောင်း ဓားများ လက်ကိုင်ပေါ်ရှိ လက်ပုံစံ စိစစ်ဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်သည်။

သေဆုံးသူများအနီးတွင် ၎င်းတို့နှင့်ပတ်သက်ပြီး ရေးသားထားသည့် သွေးစွန်းနေသော စာရွက်(၂)ရွက်တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါအမှုဖြင့် ပတ်သက်၍ ရနိုင်သမျှ လူ/ပစ္စည်း သက်သေအထောက်အထား ထပ်မံရှာဖွေစိစစ်လျှက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ် ၆ လမ်း အမှတ် ၄၀၅ တိုက် ပထမထပ်အခန်းအတွင်း အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတို့မှာ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်သည်။

#PeopleMedia


Share this post