• Follow Us on

Home သင်္ဃန်းကျွန်းမြို့နယ်၌ လက်လုပ်ဗုံးကို လာရောက်ရှင်းလင်းခဲ့သည် တာဝန်ရှိသူနှစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိ

သင်္ဃန်းကျွန်းမြို့နယ်၌ လက်လုပ်ဗုံးကို လာရောက်ရှင်းလင်းခဲ့သည် တာဝန်ရှိသူနှစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ (People Media)

 

ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် (၂၉) ရပ်ကွက်ရှိ ကြီးပွားရေးလက်ဖက်ရည်ဆိုင်အနီး၌ လက်လုပ်မိုင်းတွေ့ရှိ၍ အဆိုပါ လက်လုပ်မိုင်းကို လာရောက်ရှင်းလင်း ခဲ့သည့် တာဝန်ရှိသူနှစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“လက်ဖက်ဆိုင်အနီးမှ မင်္သကာဖွယ်ရာ အထုတ်ပါ။ မိုင်းလို့ ယူဆလို့ သက်ဆိုင်ရာကို အကြောင်းကြားပြီး လာရှင်းတာ။ အထုပ်ကို စစ်ဖို့ လုပ်နေစဉ် လက်လုပ်မိုင်းက ကွဲသွားတာ။ တာဝန်ရှိသူနှစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရတယ်လို့ ကနဦး သိရတယ်။ ဒဏ်ရာမပြင်းထင်ပါဘူး” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

အလားတူ ရန်ကုန်တိုင်းဒေသကြီး၌ အခြေခံပညာရေးကျောင်းများ ပြည်လည်ဖွင့်လှစ်ပြီးနောက် စာသင် ကျောင်းများအနီး၌ မကြာခဏ လက်လုပ်မိုင်းများ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သလို ပညာရေးဝန်ထမ်းနှင့် ပညာ ရေးဝန်ထမ်းအငြိမ်းစားအချို့လည်း လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

 

ထို့အတူ လာမည့် နှစ်ဆန်းပိုင်း၌ တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာန က ပြောဆိုထားသလို ကျောင်းလုံခြုံရေးနှင့်ပတ်သက်ပြီး ဆိုးရိမ်ဖွယ်မရှိရန် ဆောင်ရွက်နေကြောင်း သက်ဆိုင် ရာ တာဝန်ရှိသူအချို့က ပြောဆိုသည်။

 

Photo – ပုံဟောင်းအသုံးပြုထားသည်။

 

#PeopleMedia #ပညာရေး #သင်္ဃန်းကျွန်းမြို့နယ်

 

(unicode)


…………………………………………………..

 


 


 


 


 


 


 



Share this post