• Follow Us on

Home သစ္စက္မ်ားမွ ေငြေတာင္းခံသည့္မႈခင္းသတင္းေထာက္ကုိ ေဒသခံမ်ားက ဧရာဝတီတုိင္းလုံ/နယ္ဝန္ႀကီးထံ တုိင္ၾကား

သစ္စက္မ်ားမွ ေငြေတာင္းခံသည့္မႈခင္းသတင္းေထာက္ကုိ ေဒသခံမ်ားက ဧရာဝတီတုိင္းလုံ/နယ္ဝန္ႀကီးထံ တုိင္ၾကား

Share this post

ပုသိမ္၊ မတ္-၁၆

ဧရာ၀တီတိုင္းေဒသႀကီး၊ ေျမာင္းျမခရိုင္၊ ဝါးခယ္မၿမိဳ႕နယ္ရွိေက်း႐ြာမ်ားရွိ သစ္ခြဲစက္မ်ားႏွင့္ ေနအိမ္မ်ားတြင္ သစ္ခြဲသည့္ ေက်း႐ြာသားမ်ားထံမွ ေငြးေတာင္းခံခဲ့သည့္ ေနျပည္ေတာ္တိုင္းမ္ မႈခင္းႏွင့္သတင္းစုံသတင္းဌာနမွ သတင္းေထာက္ကို ေဒသခံမ်ားက ဧရာ၀တီတိုင္းေဒသႀကီး အစိုးရအဖြဲ႕လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာ၀န္ႀကီးထံ တိုင္းၾကားခဲ့သည္။

ေနျပည္ေတာ္တိုင္းမ္ မႈခင္းႏွင့္ သတင္းစုံသတင္းဌာနမွ သတင္းေထာက္ ဦးေက်ာ္ဦးဆိုသူမွာ အေဖာ္တစ္ဦးႏွင့္အတူ ေဖေဖာ္ ဝါရီလ ၂၀ ရက္တြင္ ဝါးခယ္မၿမိဳ႕နယ္ ျမဂိုးႀကီးေက်း႐ြာကိုေရာက္လာၿပီး သစ္လုပ္ငန္းလုပ္ကိုင္သူမ်ားအား ၁ လလွ်င္ တစ္သိန္း ငါးေသာင္းက်ပ္ ေပးေဆာင္ရန္ ေတာင္းခံခဲ့သျဖင့္ တိုင္ၾကားျခင္းျဖစ္ေၾကာင္း ေငြေတာင္းခံခဲ့ရသူ ကိုမ်ိဳးထက္ကေျပာသည္။

“သူတို႔က မူးယစ္ေဆးဝါးေတြလည္းဖမ္းတယ္၊ သစ္စက္ေတြလည္း ဖမ္းတယ္ေျပာတယ္၊ ၿပီးေတာ့ သူတို႔ေတာင္းတာမေပးရင္ ဖမ္းမယ္လို႔ ၿခိမ္းေျခာက္ပါတယ္” ဟု ၄င္းကေျပာသည္။

ေနျပည္ေတာ္တိုင္းမ္ မႈခင္းႏွင့္သတင္းစုံ သတင္းေထာက္မွ ေငြေတာင္းခ်ိန္တြင္ အိမ္ျပင္ေဆာက္ဖို႔ သစ္ခြဲထားျခင္းျဖစ္ေၾကာင္း၊ ၿခိမ္းေျခာက္ေငြေတာင္းျခင္းကို လူကိုယ္တိုင္လာေရာက္ေတာင္းျခင္း ဖုန္းဆက္ေငြေတာင္းျခင္းမ်ားျပဳလုပ္ခဲ့ေၾကာင္း ေဒသခံမ်ား ကေျပာသည္။

“က်ေနာ္တို႔အေနနဲ႔ အဲဒီ႐ြာကို သြားခဲ့တာမွန္ပါတယ္၊ ဒါေပမယ့္ ႐ြာက သစ္စက္ေတြကိုသြားတဲ့အခ်ိန္မွာ တာ၀န္ရွိတဲ့ဌာနဆိုင္ ရာ၀န္ထမ္းေတြနဲ႔ သြားေရာက္ေတြ႕ၿပီး ညွိႏွိုင္းတာေတြ ျပဳလုပ္ဖို႔နဲ႔ ဒီလိုမလုပ္ရင္ ဒီသစ္လုပ္ငန္းေတြက အဖမ္းခံရႏုိင္တယ္လို႔ သတိေပးေျပာဆိုေပးခဲ့တာပါ” ဟု ေနျပည္ေတာ္တိုင္းမ္သတင္းဌာနရဲ႕ ဧရာ၀တီတိုင္းတြဲဖက္တာ၀န္ခံဦးေက်ာ္ဦးကေျပာသည္။

ဝါးခယ္မၿမိဳ႕နယ္ရွိ ေငြေတာင္းခံရသူမ်ားမွ ေနျပည္ေတာ္တိုင္းမ္သတင္းဌာန ဦးေက်ာ္ဦး၏ ေငြေတာင္းခံသည္မ်ားကို အသံဖမ္းယူ ထားခဲ့ၿပီး တိုင္းေဒသႀကီး လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီးေက်ာ္စြာလိႈင္ထံတိုင္ၾကားရာတြင္ ထည့္သြင္းတိုင္ၾကား ထားျခင္းျဖစ္သည္။

စုိးျမင့္စုိး

#PeopleMedia #MPI

(Unicode)
သစ်စက်များမှ ငွေတောင်းခံသည့်မှုခင်းသတင်းထောက်ကို ဒေသခံများက ဧရာဝတီတိုင်းလုံ/နယ်ဝန်ကြီးထံ တိုင်ကြား
………………………………………………………

ပုသိမ်၊ မတ်-၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိကျေးရွာများရှိ သစ်ခွဲစက်များနှင့် နေအိမ်များတွင် သစ်ခွဲသည့် ကျေးရွာသားများထံမှ ငွေးတောင်းခံခဲ့သည့် နေပြည်တော်တိုင်းမ် မှုခင်းနှင့်သတင်းစုံသတင်းဌာနမှ သတင်းထောက်ကို ဒေသခံများက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံ တိုင်းကြားခဲ့သည်။

နေပြည်တော်တိုင်းမ် မှုခင်းနှင့် သတင်းစုံသတင်းဌာနမှ သတင်းထောက် ဦးကျော်ဦးဆိုသူမှာ အဖော်တစ်ဦးနှင့်အတူ ဖေဖော် ဝါရီလ ၂၀ ရက်တွင် ဝါးခယ်မမြို့နယ် မြဂိုးကြီးကျေးရွာကိုရောက်လာပြီး သစ်လုပ်ငန်းလုပ်ကိုင်သူများအား ၁ လလျှင် တစ်သိန်း ငါးသောင်းကျပ် ပေးဆောင်ရန် တောင်းခံခဲ့သဖြင့် တိုင်ကြားခြင်းဖြစ်ကြောင်း ငွေတောင်းခံခဲ့ရသူ ကိုမျိုးထက်ကပြောသည်။

“သူတို့က မူးယစ်ဆေးဝါးတွေလည်းဖမ်းတယ်၊ သစ်စက်တွေလည်း ဖမ်းတယ်ပြောတယ်၊ ပြီးတော့ သူတို့တောင်းတာမပေးရင် ဖမ်းမယ်လို့ ခြိမ်းခြောက်ပါတယ်” ဟု ၄င်းကပြောသည်။

နေပြည်တော်တိုင်းမ် မှုခင်းနှင့်သတင်းစုံ သတင်းထောက်မှ ငွေတောင်းချိန်တွင် အိမ်ပြင်ဆောက်ဖို့ သစ်ခွဲထားခြင်းဖြစ်ကြောင်း၊ ခြိမ်းခြောက်ငွေတောင်းခြင်းကို လူကိုယ်တိုင်လာရောက်တောင်းခြင်း ဖုန်းဆက်ငွေတောင်းခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများ ကပြောသည်။

“ကျနော်တို့အနေနဲ့ အဲဒီရွာကို သွားခဲ့တာမှန်ပါတယ်၊ ဒါပေမယ့် ရွာက သစ်စက်တွေကိုသွားတဲ့အချိန်မှာ တာဝန်ရှိတဲ့ဌာနဆိုင် ရာဝန်ထမ်းတွေနဲ့ သွားရောက်တွေ့ပြီး ညှိနှိုင်းတာတွေ ပြုလုပ်ဖို့နဲ့ ဒီလိုမလုပ်ရင် ဒီသစ်လုပ်ငန်းတွေက အဖမ်းခံရနိုင်တယ်လို့ သတိပေးပြောဆိုပေးခဲ့တာပါ” ဟု နေပြည်တော်တိုင်းမ်သတင်းဌာနရဲ့ ဧရာဝတီတိုင်းတွဲဖက်တာဝန်ခံဦးကျော်ဦးကပြောသည်။

ဝါးခယ်မမြို့နယ်ရှိ ငွေတောင်းခံရသူများမှ နေပြည်တော်တိုင်းမ်သတင်းဌာန ဦးကျော်ဦး၏ ငွေတောင်းခံသည်များကို အသံဖမ်းယူ ထားခဲ့ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်ထံတိုင်ကြားရာတွင် ထည့်သွင်းတိုင်ကြား ထားခြင်းဖြစ်သည်။

စိုးမြင့်စိုး

#PeopleMedia #MPI


Share this post