• Follow Us on
Latest News

Home သတင်းစာဆရာ စည်သူအောင်မြင့် ဖမ်းဆီးခံရ

သတင်းစာဆရာ စည်သူအောင်မြင့် ဖမ်းဆီးခံရ

Share this post

ရန်ကုန်၊ သြဂုတ် – ၁၈ (People Media)

 

သြဂုတ်လ (၁၇) ရက်နေ့ ည (၁၀) နာရီ အချိန်ခန့်၌ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တိုက်ခန်းတစ်ခု၌ သတင်းစာ ဆရာ စည်သူအောင်မြင့် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ၎င်းနှင့် နီးစပ်သူအချို့က People Media သို့ အတည်ပြု ပြောဆိုသည်။

 

“ဆရာ စည်သူအောင်မြင့်နဲ့အတူ မီဒီယာလောကမှ အမျိုးသမီးတစ်ယောက် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ ဧည့်စာရင်းစစ်ရင်း အဖမ်းခံရတာပါ” လို့ ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

သတင်းစာဆရာ စည်သူအောင်မြင့်သည် န-စ-က အစိုးရမှ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားမှုကြောင့် တိမ်းရှောင်နေရသူလည်း ဖြစ်ပါတယ်။

 

သတင်းစာဆရာ စည်သူအောင်မြင့်သည် VOA သတင်းဌာနနှင့် Frontier Myanmar Magazine ၌ ပင်တိုင် ဆောင်းပါးများ ရေးသားနေသည့် သတင်းစာဆရာတစ်ဦး ဖြစ်ပါတယ်။

 

#PeopleMedia #စည်သူအောင်မြင့် #နစက

 

(unicode)


………………………………..

 


 


 


 


 


 



Share this post