• Follow Us on

Home သတင္းဌာနမ်ားႏွင့္ ေဖ့စ္ဘြတ္တို႔ကို ပိတ္ပင္ရန္ ထိုင္းရဲမ်ားစီစဥ္ေန

သတင္းဌာနမ်ားႏွင့္ ေဖ့စ္ဘြတ္တို႔ကို ပိတ္ပင္ရန္ ထိုင္းရဲမ်ားစီစဥ္ေန

Share this post

ဘန္ေကာက္၊ ေအာက္တိုဘာ ၁၉
 
အမ်ိဳးသားလံုျခံဳေရးကိုၿခိမ္းေျခာက္သည္ဟုဆိုကာ သတင္းဌာန ၄ ခုႏွင့္ ဆႏၵျပသူမ်ား၏ေဖ့စ္ဘြတ္စာမ်က္ႏွာ ၁ ခုတို႔ကိုပိတ္သိမ္းရန္ ထိုင္းရဲမ်ားက စီစဥ္ေနသည္။
 
Voice တီဗြီ၊ Prachatha ၀က္ဆိုက္၊ The Reporters ႏွင့္ The Standard သတင္းဌာနမ်ားႏွင့္ Free Youth movement ေဖ့စ္ဘြတ္စာမ်က္ႏွာတို႔ကိုပိတ္သိမ္းရန္ အမ်ိဳးသား႐ုပ္သံလႊင့္ႏွင့္ဆက္သြယ္ေရးေကာ္မ႐ွင္ႏွင့္ ဒစ္ဂ်စ္တယ္စီးပြားေရးႏွင့္လူမႈေရး၀န္ႀကီးဌာနတို႔ကိုေတာင္းဆိုသည့္အမိန္႔ကို အေရးေပၚအမိန္႔အရ ထိုင္းရဲခ်ဳပ္ ဆူ၀က္ ဂ်န္ယိုဆြတ္က ေသာၾကာေန႔တြင္ လက္မွတ္ေရးထိုးခဲ့သည္။
 
The Reporters သည္ ေဖ့စ္ဘြတ္အေျခစိုက္သတင္းဌာန၊ The Standard သည္ ၀က္ဆိုက္အေျချပဳၿပီး ေဖ့စ္ဘြတ္ေပ့ဂ်္လည္း႐ွိသည့္အျပင္ Voice တီဗြီတြင္လည္း ေဖ့စ္ဘြတ္စာမ်က္ႏွာ႐ွိသည္။
 
အမ်ိဳးသားလံုျခံဳေရးကိုထိခိုက္ေစသည့္အေၾကာင္းအရာမ်ားကို အဆိုပါသတင္းဌာနမ်ားႏွင့္ ထိုင္းဆႏၵျပေခါင္းေဆာင္မ်ား၏စာမ်က္ႏွာမ်ားမွထုတ္လႊင့္ေနသည္ဟု ထိုင္းရဲခ်ဳပ္ ဆူ၀က္ကေျပာသည္။
 
ၾကာသပေတးေန႔တြင္စတင္အသက္၀င္သည့္အေရးေပၚအမိန္႔အရ အမ်ိဳးသားလံုျခံဳေရးကိုၿခိမ္းေျခာက္ဟန္ျပဳသည့္ မီဒီယာႏွင့္အျခားသတင္းရင္းျမစ္မ်ားကို ပိတ္ပင္ခြင့္႐ွိသည္။
 
ထိုင္းဘ႑ာေရး၀န္ႀကီးေဟာင္းႏွင့္အစိုးရကိုေ၀ဖန္သူ သီရာခ်ိဳင္း ဖူဗာနတ္နာရာႏူဘာလာက ရဲမ်ား၏လုပ္ရပ္ကို သူ႔ေဖ့စ္ဘြတ္စာမ်က္ႏွာတြင္ ႐ွဳတ္ခ်ခဲ့ၿပီး ထိုင္းႏိုင္ငံသည္ အျပည့္အ၀အာဏာ႐ွင္စနစ္ကို ဦးတည္သြားေနသည္ဟုေ၀ဖန္သည္။
 
အျခားတဦးတေယာက္ခ်င္းေဖ့စ္ဘြတ္အသံုးျပဳသူမ်ားကို ေနာက္ထပ္ပစ္မွတ္ထားရန္႐ွိ၊ မ႐ွိလည္း သိခ်င္သည္ဟု သီရာခ်ိဳင္းကေျပာသည္။
 
Ref : Police move to silence news, Facebook platforms
 
#PeopleMedia
 
(unicode)
သတင်းဌာနများနှင့် ဖေ့စ်ဘွတ်တို့ကို ပိတ်ပင်ရန် ထိုင်းရဲများစီစဉ်နေ
………………………………………….
 
ဘန်ကောက်၊ အောက်တိုဘာ ၁၉
 
အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်သည်ဟုဆိုကာ သတင်းဌာန ၄ ခုနှင့် ဆန္ဒပြသူများ၏ဖေ့စ်ဘွတ်စာမျက်နှာ ၁ ခုတို့ကိုပိတ်သိမ်းရန် ထိုင်းရဲများက စီစဉ်နေသည်။
 
Voice တီဗွီ၊ Prachatha ဝက်ဆိုက်၊ The Reporters နှင့် The Standard သတင်းဌာနများနှင့် Free Youth movement ဖေ့စ်ဘွတ်စာမျက်နှာတို့ကိုပိတ်သိမ်းရန် အမျိုးသားရုပ်သံလွှင့်နှင့်ဆက်သွယ်ရေးကော်မရှင်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးနှင့်လူမှုရေးဝန်ကြီးဌာနတို့ကိုတောင်းဆိုသည့်အမိန့်ကို အရေးပေါ်အမိန့်အရ ထိုင်းရဲချုပ် ဆူဝက် ဂျန်ယိုဆွတ်က သောကြာနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။
 
The Reporters သည် ဖေ့စ်ဘွတ်အခြေစိုက်သတင်းဌာန၊ The Standard သည် ဝက်ဆိုက်အခြေပြုပြီး ဖေ့စ်ဘွတ်ပေ့ဂျ်လည်းရှိသည့်အပြင် Voice တီဗွီတွင်လည်း ဖေ့စ်ဘွတ်စာမျက်နှာရှိသည်။
 
အမျိုးသားလုံခြုံရေးကိုထိခိုက်စေသည့်အကြောင်းအရာများကို အဆိုပါသတင်းဌာနများနှင့် ထိုင်းဆန္ဒပြခေါင်းဆောင်များ၏စာမျက်နှာများမှထုတ်လွှင့်နေသည်ဟု ထိုင်းရဲချုပ် ဆူဝက်ကပြောသည်။
 
ကြာသပတေးနေ့တွင်စတင်အသက်ဝင်သည့်အရေးပေါ်အမိန့်အရ အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်ဟန်ပြုသည့် မီဒီယာနှင့်အခြားသတင်းရင်းမြစ်များကို ပိတ်ပင်ခွင့်ရှိသည်။
 
ထိုင်းဘဏ္ဍာရေးဝန်ကြီးဟောင်းနှင့်အစိုးရကိုဝေဖန်သူ သီရာချိုင်း ဖူဗာနတ်နာရာနူဘာလာက ရဲများ၏လုပ်ရပ်ကို သူ့ဖေ့စ်ဘွတ်စာမျက်နှာတွင် ရှုတ်ချခဲ့ပြီး ထိုင်းနိုင်ငံသည် အပြည့်အဝအာဏာရှင်စနစ်ကို ဦးတည်သွားနေသည်ဟုဝေဖန်သည်။
 
အခြားတဦးတယောက်ချင်းဖေ့စ်ဘွတ်အသုံးပြုသူများကို နောက်ထပ်ပစ်မှတ်ထားရန်ရှိ၊ မရှိလည်း သိချင်သည်ဟု သီရာချိုင်းကပြောသည်။
 
Ref : Police move to silence news, Facebook platforms
 
#PeopleMedia

Share this post