• Follow Us on

Home သတင်းမှား ထုတ်လွှင့်ဖော်ပြမှုများကို တားဆီးတိုက်ဖျက်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများက အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီး ပြောဆို

သတင်းမှား ထုတ်လွှင့်ဖော်ပြမှုများကို တားဆီးတိုက်ဖျက်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများက အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီး ပြောဆို

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၂ (People Media)

 

သတင်းမှား ထုတ်လွှင့်ဖော်ပြမှုများကို တားဆီးတိုက်ဖျက်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများက နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြ ရန်လိုကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ် အရှေ့ရွှေဂုံတိုင်လမ်းရှိ လူထုအခြေပြု ဗဟိုဌာန(ဗဟန်း)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် ဦးစီးမှူးများအား တွေ့ဆုံ၍ ပြောကြား ခဲ့ခြင်းဖြစ်သည်။

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများသည် မြို့နယ်တိုင်းတွင် ဖွင့်လှစ်ထားရှိသဖြင့် နိုင်ငံတော် အစိုးရနှင့် ပြည်သူများ သတင်းအပြန်အလှန်စီးဆင်းရေးကို အဓိကထားဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့ အချိန်တွင် ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးတက်လျှက်ရှိပြီး မီဒီယာများ၏ အသွင်သဏ္ဌာန်နှင့် မီဒီယာ ထုတ်လွှင့်မှုပုံစံများ ပြောင်းလဲတိုးတက်လျက်ရှိပါကြောင်း၊ ထိုနည်းတူ ပြည်သူများ၏သတင်းရယူမှုပုံစံများလည်း ပြောင်းလဲသွားပြီဖြစ်ကြောင်း၊ အထူးသဖြင့် သမားရိုးကျမီဒီယာများဖြစ်သည့် ပုံနှိပ်မီဒီယာနှင့် ရုပ်သံလွှင့် မီဒီယာ များပေါ်မှ သတင်းရယူမှုနည်းပါးသွားပြီး Social Media ပလက်ဖောင်းများပေါ်မှ သတင်းများ ရယူနေကြပါ ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

မသမာသူ အဖျက်သမားအချို့က Social Media  ပလက်ဖောင်းများကို အသုံးပြု၍ သတင်းမှားများ၊ သတင်းတု များကို ထုတ်လွှင့်ကာ နိုင်ငံတော်အစိုးရအပေါ် အထင်အမြင် လွဲမှားအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ သတင်းမှား ထုတ်လွှင့်ဖော်ပြမှုများကို တားဆီးတိုက်ဖျက်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ များက နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ဆောင်ရွက်ပေး ကြရန်လိုကြောင်း၊ လူထုအခြေပြုဗဟိုဌာနများတွင် လူငယ်များကို ဗဟိုပြုသည့် အစီအစဉ်များ၊ လူငယ် ဖွံ့ဖြိုး ရေးကို ဦးတည်သည့်လှုပ်ရှားမှုကို အဓိကထားဆောင်ရွက်ပေးကြစေလိုကြောင်း၊ လူငယ်များ အသိအမြင် အတွေးအခေါ် မှန်ကန်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။

 

Photo – MOI

 

#PeopleMedia #ဦးမောင်မောင်အုန်း #ပြန်ကြားရေး

 

(unicode)


…………………………………………………………………….

 


 


 


 


 


 

Photo – MOI

 



Share this post