• Follow Us on

Home သတ္မွတ္နာရီထက္ပို၍ အလုပ္အခ်ိန္ပိုေစခိုင္းသည့္အလုပ္ရွင္မ်ားအား အေရးယူမည္

သတ္မွတ္နာရီထက္ပို၍ အလုပ္အခ်ိန္ပိုေစခိုင္းသည့္အလုပ္ရွင္မ်ားအား အေရးယူမည္

Share this post

ရန္ကုန္၊ ​ေအာက္တိုဘာ ၂၄
ေဒသႏၲရ ကန္သတ္ခ်က္မ်ားကို ျပန္လည္႐ုပ္သိမ္းျခင္းမရွိပဲ စက္႐ုံအလုပ္႐ုံမ်ားရွိ လုပ္ငန္းရွင္မ်ားအေနျဖင့္ သတ္မွတ္နာရီထက္ပို၍ အလုပ္အခ်ိန္ပိုေစခိုင္းျခင္းမ်ိဳးရွိခဲ့ပါက
အလုပ္ရွင္မ်ားအား အေရးယူမည္ျဖစ္ေၾကာင္း အလုပ္႐ုံႏွင့္အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာနညြန္ၾကားေရးမွူးခ်ဳပ္ဦးညြန႔္ဝင္းကေျပာပါတယ္။
အလုပ္သမား၊ လူဝင္မူႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနတာဝန္ရွိသူမ်ားႏွင့္အလုပ္သမားအဖြဲ႕ခ်ဳပ္ မ်ား ႏွင့္ ေအာက္တိုဘာ ၂၃ရက္ကျပဳလုပ္သည့္အစည္းအေဝးတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ျပန္လည္ဖြင့္လွစ္လည္ပတ္ေနသည့္ စက္႐ုံအလုပ္႐ုံအခ်ိဳ့မွာ အခ်ိန္ပိုအဆမတန္ ေခၚယူေစခိုင္းမူမ်ားရွိေနသည့္အတြက္ ေျဖရွင္းေဆာင္ရြက္ေပးရန္ အလုပ္သမားကိုယ္စားလွယ္မ်ားကေတာင္းဆိုခဲ့မူအေပၚ ဦးညြန႔္ဝင္းကျပန္လည္ ေျဖၾကားခဲ့ျခင္းျဖစ္ပါတယ္။
“သတ္မွတ္ခ်က္နာရီထက္ ပိုမိုလုပ္ေဆာင္မွုမ်ားရွိရင္ သတင္းေပးပို့ၾကပါ တာဝန္ရွိသူမ်ားမွ သြားေရာက္၍ ဥပေဒႏွင့္အညီ စစ္ေဆး အေရးယူေဆာင္ရြက္ေပးသြားပါမယ္”ဟု ဦးညြန႔္ဝင္းကေျပာပါတယ္။
ကိုဗစ္နိုင္တီးကာလတြင္ စက္႐ုံ၊အလုပ္႐ုံႏွင့္အလုပ္ဌာနမ်ားအား တစ္ပတ္လၽွင္ နာရီ ၂၀ထက္ပို၍ အခ်ိန္ပိုေစခိုင္းျခင္းမျပဳလုပ္ရန္အလုပ္ ႐ုံႏွင့္အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာနက ညြန္ၾကားထားၿပီး အခ်ိန္ပိုေစခိုင္းမည္ဆိုပါက လည္းသက္ ဆိုင္ရာၿမိဳ့နယ္အလုပ္သမား႐ုံးမ်ားထံကနဦးခြင့္ျပဳခ်က္ေတာင္းခံရန္သတ္မွတ္ထားေၾကာင္း ၄င္းက ေျပာဆိုပါတယ္။
“အလုပ္သမားေတြ ခံနိုင္ရည္ထက္ပိုခိုင္းရင္ ၾကာရင္ ေရာဂါဖိဆီးလာမွာကိုစိုးရိမ္ရတယ္။အခ်ိန္ပိုလုပ္ရင္ပိုက္ဆံ ပိုရတာမွန္ေပမယ့္က်န္းမာေရးလည္းေမ့ထားလို့မရဘူး”ဟု အေျခခံအလုပ္သမားအဖြဲ႕စည္း ေခါင္းေဆာင္ကိုဥကၠာကေျပာပါတယ္။
ရန္ကုန္တိုင္းေဒသႀကီးတြင္ ကိုဗစ္နိုင္တီးေရာဂါ ေတြ႕ရွိမွု ဆက္လက္ျမင့္တက္လ်က္ရွိေသာ္လည္း စက္မွုလက္မွုလုပ္ငန္းမ်ား ျပန္လည္ပတ္နိုင္ရင္ ေအာက္တိုဘာ ၁၂ ရက္ေန႔တြင္ ျပန္လည္ အဆင့္အလိုက္ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳေပးလိုက္ၿပီး လက္ရွိတြင္ စက္႐ုံအတြင္း ကိုဗစ္ေရာဂါ ေတြ႕ရွိမွုေၾကာင့္ look Down ျပဳလုပ္ခံရသည့္ စက္႐ုံႏွစ္႐ုံခန္႔ရွိေၾကာင္းသိရပါတယ္။
#PeopleMedia
(unicode)
သတ်မှတ်နာရီထက်ပို၍ အလုပ်အချိန်ပိုစေခိုင်းသည့်အလုပ်ရှင်များအား အရေးယူမည်
……………………..
ရန်ကုန်၊ ​အောက်တိုဘာ ၂၄
ဒေသန္တရ ကန်သတ်ချက်များကို ပြန်လည်ရုပ်သိမ်းခြင်းမရှိပဲ စက်ရုံအလုပ်ရုံများရှိ လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်နာရီထက်ပို၍ အလုပ်အချိန်ပိုစေခိုင်းခြင်းမျိုးရှိခဲ့ပါက
အလုပ်ရှင်များအား အရေးယူမည်ဖြစ်ကြောင်း အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနညွန်ကြားရေးမှူးချုပ်ဦးညွန့်ဝင်းကပြောပါတယ်။
အလုပ်သမား၊ လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတာဝန်ရှိသူများနှင့်အလုပ်သမားအဖွဲ့ချုပ် များ နှင့် အောက်တိုဘာ ၂၃ရက်ကပြုလုပ်သည့်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်ဖွင့်လှစ်လည်ပတ်နေသည့် စက်ရုံအလုပ်ရုံအချို့မှာ အချိန်ပိုအဆမတန် ခေါ်ယူစေခိုင်းမူများရှိနေသည့်အတွက် ဖြေရှင်းဆောင်ရွက်ပေးရန် အလုပ်သမားကိုယ်စားလှယ်များကတောင်းဆိုခဲ့မူအပေါ် ဦးညွန့်ဝင်းကပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။
“သတ်မှတ်ချက်နာရီထက် ပိုမိုလုပ်ဆောင်မှုများရှိရင် သတင်းပေးပို့ကြပါ တာဝန်ရှိသူများမှ သွားရောက်၍ ဥပဒေနှင့်အညီ စစ်ဆေး အရေးယူဆောင်ရွက်ပေးသွားပါမယ်”ဟု ဦးညွန့်ဝင်းကပြောပါတယ်။
ကိုဗစ်နိုင်တီးကာလတွင် စက်ရုံ၊အလုပ်ရုံနှင့်အလုပ်ဌာနများအား တစ်ပတ်လျှင် နာရီ ၂၀ထက်ပို၍ အချိန်ပိုစေခိုင်းခြင်းမပြုလုပ်ရန်အလုပ် ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက ညွန်ကြားထားပြီး အချိန်ပိုစေခိုင်းမည်ဆိုပါက လည်းသက် ဆိုင်ရာမြို့နယ်အလုပ်သမားရုံးများထံကနဦးခွင့်ပြုချက်တောင်းခံရန်သတ်မှတ်ထားကြောင်း ၎င်းက ပြောဆိုပါတယ်။
“အလုပ်သမားတွေ ခံနိုင်ရည်ထက်ပိုခိုင်းရင် ကြာရင် ရောဂါဖိဆီးလာမှာကိုစိုးရိမ်ရတယ်။အချိန်ပိုလုပ်ရင်ပိုက်ဆံ ပိုရတာမှန်ပေမယ့်ကျန်းမာရေးလည်းမေ့ထားလို့မရဘူး”ဟု အခြေခံအလုပ်သမားအဖွဲ့စည်း ခေါင်းဆောင်ကိုဥက္ကာကပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်နိုင်တီးရောဂါ တွေ့ရှိမှု ဆက်လက်မြင့်တက်လျက်ရှိသော်လည်း စက်မှုလက်မှုလုပ်ငန်းများ ပြန်လည်ပတ်နိုင်ရင် အောက်တိုဘာ ၁၂ ရက်နေ့တွင် ပြန်လည် အဆင့်အလိုက် ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးလိုက်ပြီး လက်ရှိတွင် စက်ရုံအတွင်း ကိုဗစ်ရောဂါ တွေ့ရှိမှုကြောင့် look Down ပြုလုပ်ခံရသည့် စက်ရုံနှစ်ရုံခန့်ရှိကြောင်းသိရပါတယ်။

Share this post