• Follow Us on

Home သတၱဳကုမၸဏီ လုပ္ကြက္တစ္ခုက စြန႔္ပစ္ေရမ်ား ေဖာက္ခ်ခဲ့မႈေၾကာင့္ သတၱဳေရမ်ား ေငါ့ခ်မ္းခေခ်ာင္းအတြင္း ေရာက္ရွိေန

သတၱဳကုမၸဏီ လုပ္ကြက္တစ္ခုက စြန႔္ပစ္ေရမ်ား ေဖာက္ခ်ခဲ့မႈေၾကာင့္ သတၱဳေရမ်ား ေငါ့ခ်မ္းခေခ်ာင္းအတြင္း ေရာက္ရွိေန

Share this post

ျမစ္ႀကီးနား၊ နိုဝင္ဘာ ၁၂

ခ်ီေဖြၿမိဳ႕နယ္အတြင္း ယမန္ေန႔ စတင္ကာ သတၱဳတူးေဖာ္ေရး ကုမၸဏီလုပ္ကြက္တစ္ခုမွ စြန႔္ပစ္ေရမ်ား ေဖာက္ထုတ္ခဲ့ေသာေၾကာင့္ ေငါ့ခ်မ္းခေခ်ာင္းအတြင္း သတၱဳေရမ်ား ဝင္ေရာက္ေနေၾကာင္း ေဒသခံမ်ားကေျပာသည္။

ယင္းကဲ့သို႔ သတၱဳစြန႔္ပစ္ေရမ်ား ေဖာက္ခ်ခဲ့သည့္ ေနရာမွာ ခ်ီေဖြၿမိဳ႕နယ္အတြင္းရွိ ခ်ီေဖြ – ဖီေမာ္သြားလမ္း လုတ္ေနာဂန္ ေက်းရြာ အုပ္စု အတြင္းရွိ လိုင္ဂန္ေက်းရြာ အနီးတြင္ ျဖစ္ၿပီး သတၱဳတူးေဖာ္ေရး ကုမၸဏီတစ္ခု၏ လုပ္ကြက္မွ ေဖာက္ခ်ခဲ့ျခင္း ျဖစ္နိုင္ေၾကာင္း အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာျပသည္။

“အဲ့ဒီ သတၱဳလုပ္ကြက္ကေန စြန႔္ပစ္ေရ ေတြကို ေဖာက္ခ်ခဲ့လို႔ ေခ်ာင္းထဲကို ေရာက္ရွိေနတယ္၊ ဒါက ေဒသခံေတြအတြက္ေရာ၊ ကၽြဲ၊ ႏြား စတဲ့ အိမ္ေမြးတိရိစၧာန္ေတြ အျခားတိရိစၧာန္ေတြ အတြက္ေရာ ေတာ္ေတာ္ အႏၲရာယ္ရွိ နိုင္ပါတယ္” ဟု ၎က ဆိုသည္။

ထို႔အျပင္ ေဒသခံတစ္ဦးကလည္း “ဒီရက္ပိုင္း သတၱဳကုမၸဏီကေန ေဖာက္ခ်လိုက္တဲ့ စြန္ပစ္ေရေတြဟာ အႏၲရာယ္ ရွိနိုင္လား၊ မရွိနိုင္ဘူးလား ေသေသခ်ာခ်ာ မသိရေသးပါဘူး၊ ေခ်ာင္းေရက အခုျမင္တဲ့အတိုင္းပါပဲ၊ ဒီလိုကိစၥကေတာ့ က်ေနာ္တို႔ဘက္မွာေတာ့ မၾကာခဏဆိုသလို ျဖစ္ေနတာပဲ၊ ေခ်ာင္းထဲက ငါးကေတာ့ စားမရတာ ၾကာပါၿပီ” ဟု ေျပာျပသည္။

အဆိုပါ ေငါ့ခ်မ္းခေခ်ာင္းအတြင္း သတၱဳကုမၸဏီက ေဖာက္ခ်ခဲ့သည့္ စြန႔္ပစ္ေရမ်ားကို နိုဝင္ဘာလ ၈ ရက္ေန႔ကတည္း စတင္ ျမင္ေတြ႕ေနရေၾကာင္းႏွင့္ ေခ်ာင္းေရအတြင္း စြန႔္ပစ္ေရမ်ားကို ယေန႔ အထိ ျမင္ေတြ႕ေနရေသးေၾကာင္း ေဒသခံမ်ားက ဆုိသည္။

ခ်မ္းျမဴး

#PeopleMedia #EPN #သဘာဝပတ္ဝန္က်င္

(unicode)
သတ္တုကုမ္ပဏီ လုပ်ကွက်တစ်ခုက စွန့်ပစ်ရေများ ဖောက်ချခဲ့မှုကြောင့် သတ္တုရေများ ငေါ့ချမ်းခချောင်းအတွင်း ရောက်ရှိနေ
………………………………………………………….
.
မြစ်ကြီးနား၊ နိုဝင်ဘာ ၁၂

ချီဖွေမြို့နယ်အတွင်း ယမန်နေ့ စတင်ကာ သတ္တုတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်တစ်ခုမှ စွန့်ပစ်ရေများ ဖောက်ထုတ်ခဲ့သောကြောင့် ငေါ့ချမ်းခချောင်းအတွင်း သတ္တုရေများ ဝင်ရောက်နေကြောင်း ဒေသခံများကပြောသည်။

ယင်းကဲ့သို့ သတ္တုစွန့်ပစ်ရေများ ဖောက်ချခဲ့သည့် နေရာမှာ ချီဖွေမြို့နယ်အတွင်းရှိ ချီဖွေ – ဖီမော်သွားလမ်း လုတ်နောဂန် ကျေးရွာ အုပ်စု အတွင်းရှိ လိုင်ဂန်ကျေးရွာ အနီးတွင် ဖြစ်ပြီး သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခု၏ လုပ်ကွက်မှ ဖောက်ချခဲ့ခြင်း ဖြစ်နိုင်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပြသည်။

“အဲ့ဒီ သတ္တုလုပ်ကွက်ကနေ စွန့်ပစ်ရေ တွေကို ဖောက်ချခဲ့လို့ ချောင်းထဲကို ရောက်ရှိနေတယ်၊ ဒါက ဒေသခံတွေအတွက်ရော၊ ကျွဲ၊ နွား စတဲ့ အိမ်မွေးတိရိစ္ဆာန်တွေ အခြားတိရိစ္ဆာန်တွေ အတွက်ရော တော်တော် အန္တရာယ်ရှိ နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဒေသခံတစ်ဦးကလည်း “ဒီရက်ပိုင်း သတ္တုကုမ္ပဏီကနေ ဖောက်ချလိုက်တဲ့ စွန်ပစ်ရေတွေဟာ အန္တရာယ် ရှိနိုင်လား၊ မရှိနိုင်ဘူးလား သေသေချာချာ မသိရသေးပါဘူး၊ ချောင်းရေက အခုမြင်တဲ့အတိုင်းပါပဲ၊ ဒီလိုကိစ္စကတော့ ကျနော်တို့ဘက်မှာတော့ မကြာခဏဆိုသလို ဖြစ်နေတာပဲ၊ ချောင်းထဲက ငါးကတော့ စားမရတာ ကြာပါပြီ” ဟု ပြောပြသည်။

အဆိုပါ ငေါ့ချမ်းခချောင်းအတွင်း သတ္တုကုမ္ပဏီက ဖောက်ချခဲ့သည့် စွန့်ပစ်ရေများကို နိုဝင်ဘာလ ၈ ရက်နေ့ကတည်း စတင် မြင်တွေ့နေရကြောင်းနှင့် ချောင်းရေအတွင်း စွန့်ပစ်ရေများကို ယနေ့ အထိ မြင်တွေ့နေရသေးကြောင်း ဒေသခံများက ဆုိသည်။

ချမ်းမြူး

#PeopleMedia #EPN #သဘာဝပတ်ဝန်ကျင်


Share this post