• Follow Us on
Latest News

Home သထုံမြို့တွင် စားသောက်ကုန်များတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး ပစ်ခတ်ခံရမှုကြောင့် ယာဉ် မောင်းဖြစ်သူ အမျိုးသား သေဆုံး

သထုံမြို့တွင် စားသောက်ကုန်များတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး ပစ်ခတ်ခံရမှုကြောင့် ယာဉ် မောင်းဖြစ်သူ အမျိုးသား သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

 

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ဒုံးဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာ(ရွာသစ်ကျေးရွာ)အနီးတွင် စားသောက်ကုန်များတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းအမျိုး သားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

 

ယနေ့နံနက်တွင် သထုံမြို့မှ ဘီးလင်းဘက်သို့ မောင်းနှင်လာသည့် စားသောက်ကုန်များတင်ဆောင်လာသည့် မော်တော်ယာဉ်ကို KNU/PDF များမှ ပစ်ခတ်မှုကြောင့် မော်တော်ယာဉ်မှာ ကမာစိုင်ကျေးရွာ(ရွာသစ်ကျေးရွာ) အဝင် ဇရပ်အား တိုက်မိပြီး လမ်းဘေးသို့ထိုးကျခဲ့ကြောင်း သိရပါတယ်။

 

ယာဉ်မောင်းဖြစ်သူ မင်းထွန်း(ခ)ဝက်ကလေးမှာ အခင်းနေရာတွင် သေဆုံးသွားကြောင်း၊ ထိုနေရာသို့ဒေသခံ လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရပါတယ်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာ (ရွာသစ်ကျေးရွာ)အနီးတွင် ရန်ကန်-မော်လမြိုင်အဝေးပြေးကားလမ်းမတွင် ခရီးသည်တင်ယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ယာဉ်မောင်းဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်များလည်းဖြစ်ပေါ်ခဲ့ပါတယ်။

 

Photo – Credit

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 

Photo – Credit

 

#PeopleMedia


Share this post