• Follow Us on

Home သထုံမြို့၊ ကမ္ဘာ့ရတနာဘဏ်(သိမ်ဆိပ်-ဘဏ်) ဓားပြတိုက်ခံရ

သထုံမြို့၊ ကမ္ဘာ့ရတနာဘဏ်(သိမ်ဆိပ်-ဘဏ်) ဓားပြတိုက်ခံရ

Share this post

မော်လမြိုင်၊ ဇန်နဝါရီ ၆ (People Media)

 

ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က မွန်ပြည်နယ်၊ သထုံမြို့၊ ကမ္ဘာ့ရတနာဘဏ်(သိမ်ဆိပ်-ဘဏ်ခွဲ) သည် ဓားပြတိုက်ခံခဲ့ရကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

 

ဖြစ်စဉ်မှာ Mask များ တပ်ထားသည့် အမည်မသိသေနတ်သမား သုံးဦးသည် ဘဏ်အတွင်းသို့ ဝင်ရောက်ပြီး နောက် သေနတ်ပြကာ ဘဏ်ရှိငွေများကို ယူဆောင်သွားသည်။

 

“ဘဏ်ကနေ ဘယ်လောက်ပါသွားတယ်ဆိုတာ သေခြာမသိဘူး။ ဓါးပြတိုက်ခံရတာ မှန်ပါတယ်။” လို့ ဒေသခံ တစ်ဦးက ပြောသည်။

 

အလားတူ ဒီဇင်ဘာလအတွင်း၌ သထုံမြို့နယ်၌ စက်သုံးဆီးရောင်းရငွေများကို ယူဆောင်လာသည့် ပုဂ္ဂလိက ဘဏ်မှ ငွေသယ်ယာဉ်သည် ဓါးပြတိုက်ခံရမှုဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။

 

လက်ရှိအချိန်၌ နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ကမ္ဘာ့ရတနာဘဏ်အပါအဝင် အခြားသော ပုဂ္ဂလိကဘဏ် များသည် ဓါးပြတိုက်ခြင်း ခံရလျက်ရှိသည်။

 

Photo – Credit

 

#PeopleMedia #သထုံ #ဘဏ်ဓားပြတိုက်မှု

 

(unicode)

သထုံမွို့၊ ကမ်ဘာ့ရတနာဘဏျ(သိမျဆိပျ-ဘဏျ) ဓားပွတိုကျခံရ

…………………………………………………..

 


 


 


 


 


 


 

Photo – Credit

 



Share this post