• Follow Us on
Latest News

Home သန်လျင်တံတားအဆင်းရှိ လုံခြုံရေးကင်းစခန်းနှင့် တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်ရှိ ယာဉ်ထိန်းရဲများကို PDF အဖွဲ့မှ ပစ်ခတ်တိုက်ခတ်

သန်လျင်တံတားအဆင်းရှိ လုံခြုံရေးကင်းစခန်းနှင့် တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်ရှိ ယာဉ်ထိန်းရဲများကို PDF အဖွဲ့မှ ပစ်ခတ်တိုက်ခတ်

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၅ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်တံတားအဆင်းရှိ လုံခြုံရေးကင်းစခန်းများနှင့် တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်ရှိ ယာဉ်ထိန်းရဲများအား ယနေ့ ၁၁ နာရီအချိန်ခန့်က ဝန်းကျင်အချိန်က PDF အဖွဲ့တစ်ခု ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ သန်လျင်တံတားအဆင်းရှိ ကင်းစခန်းများကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

 

အလားတူ တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်ရှိ ယာဉ်ထိန်းရဲများကိုလည်း PDF အဖွဲ့မှ တစ်ပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ထိန်းရဲတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး NUG လက်အောက်ခံ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ် ပြန်ထားရာတွင် ပျံလွှားအောင် စစ်ဆင်ရေးစီမံချက်ဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #ရန်ကုန်

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post