• Follow Us on

Home သန္လ်င္သဘာ၀တရားရိပ္သာမွ COVID-19 ကူးစက္ခံထားရေသာ သက္ႀကီး႐ြယ္အိုမ်ားအတြက္ လူကယ္ျပန္ ဝန္ႀကီးဌာနမွ သိန္း (၁၇၀) ေထာက္ပ့ံ

သန္လ်င္သဘာ၀တရားရိပ္သာမွ COVID-19 ကူးစက္ခံထားရေသာ သက္ႀကီး႐ြယ္အိုမ်ားအတြက္ လူကယ္ျပန္ ဝန္ႀကီးဌာနမွ သိန္း (၁၇၀) ေထာက္ပ့ံ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၁၉ (People Media)
 
ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕၊ သဘာဝတရားရိပ္သာရွိ COVID-19 ေရာဂါကူးစက္ခံရသည့္ သက္ႀကီး ႐ြယ္အိုမ်ားကို လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနမွ ေထာက္ပံ့ေၾကး သိန္း (၁၇၀) ကို ဒီဇင္ဘာ ၁၈ ရက္ေန႔တြင္ ဗီဒီယိုကြန္ဖရင့္စနစ္ျဖင့္ ေထာက္ပံ့ခဲ့ေၾကာင္း သိရသည္။
 
COVID-19 ျဖစ္ပြားေနသည့္ အေျခအေနတြင္ ထိခိုက္လြယ္သည့္ ကေလးသူငယ္မ်ား၊ အမ်ိဳးသမီးမ်ား၊ သက္ႀကီး႐ြယ္အိုမ်ားအတြက္ အေျခခံ စားေသာက္ကုန္ပစၥည္းမ်ားႏွင့္ COVID-19 ကာကြယ္ေရး ပစၥည္းမ်ားဝယ္ယူႏိုင္ေရးအတြက္ ေငြေၾကးေထာက္ပံ့မႈအစီအစဥ္တို႔ကို ေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း လူကယ္ျပန္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးကေျပာၾကားခဲ့ျခင္းျဖစ္သည္။
 
ယင္းအစည္းအေ၀းသို႔ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ကိုယ္စား ရန္ကုန္တိုင္းေဒသႀကီး လူမႈဝန္ထမ္း ဦးစီးဌာန႐ုံး၊ ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဦးစီးဌာန႐ုံးႏွင့္ ျပန္လည္ထူေထာင္ေရးဦးစီးဌာန႐ုံးတို႔မွ တာဝန္ရွိသူမ်ားက ေထာက္ပံ့အလွဴေငြ ေပးအပ္ရာ သန္လ်င္ၿမိဳ႕ သဘာဝတရားရိပ္သာမွ ေဆးအဖြဲ႕တာဝန္ခံ ဆရာေလးေဒၚစာဂဝတီက လက္ခံရခဲ့ျခင္းျဖစ္သည္။
 
သန္လ်င္ၿမိဳ႕ရွိ သဘာဝတရားရိပ္သာတြင္ ျပဳစုေစာင့္ေရွာက္ထားသည့္ ဘိုးဘြားမ်ားအနက္ ကိုဗစ္-၁၉ ကူး စက္ခံရသူ မသန္စြမ္းသက္ႀကီး႐ြယ္အို (၅၉) ဦးႏွင့္ သက္ႀကီး႐ြယ္အို (၁၁၁) ဦး စုစုေပါင္း (၁၇၀) ဦးတို႔ အတြက္ (၁) ဦးလွ်င္ေငြက်ပ္(၃၀,၀၀၀/-) ရိပ္သာရွိအျခားဘိုးဘြား မ်ားအတြက္ ကိုဗစ္-၁၉ ကာကြယ္ရန္ႏွင့္ အာဟာရ ျပည့္ဝေစရန္ က်ပ္(၁၁၉) သိန္း၊ စုစုေပါင္း က်ပ္ (၁၇၀) သိန္း ေထာက္ပ့ံျခင္းျဖစ္ေၾကာင္း သိရသည္။
 
#PeopleMedia #သန္လ်င္ဘိုးဘြားရိပ္သာ #COVID-19
 
(unicode)
သန်လျင်သဘာဝတရားရိပ်သာမှ COVID-19 ကူးစက်ခံထားရသော သက်ကြီးရွယ်အိုများအတွက် လူကယ်ပြန် ဝန်ကြီးဌာနမှ သိန်း (၁၇၀) ထောက်ပ့ံ
………………………………………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ – ၁၉ (People Media)
 
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ သဘာဝတရားရိပ်သာရှိ COVID-19 ရောဂါကူးစက်ခံရသည့် သက်ကြီး ရွယ်အိုများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကြေး သိန်း (၁၇၀) ကို ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
 
COVID-19 ဖြစ်ပွားနေသည့် အခြေအနေတွင် ထိခိုက်လွယ်သည့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများအတွက် အခြေခံ စားသောက်ကုန်ပစ္စည်းများနှင့် COVID-19 ကာကွယ်ရေး ပစ္စည်းများဝယ်ယူနိုင်ရေးအတွက် ငွေကြေးထောက်ပံ့မှုအစီအစဉ်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း လူကယ်ပြန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကပြောကြားခဲ့ခြင်းဖြစ်သည်။
 
ယင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနရုံး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနရုံးတို့မှ တာဝန်ရှိသူများက ထောက်ပံ့အလှူငွေ ပေးအပ်ရာ သန်လျင်မြို့ သဘာဝတရားရိပ်သာမှ ဆေးအဖွဲ့တာဝန်ခံ ဆရာလေးဒေါ်စာဂဝတီက လက်ခံရခဲ့ခြင်းဖြစ်သည်။
 
သန်လျင်မြို့ရှိ သဘာဝတရားရိပ်သာတွင် ပြုစုစောင့်ရှောက်ထားသည့် ဘိုးဘွားများအနက် ကိုဗစ်-၁၉ ကူး စက်ခံရသူ မသန်စွမ်းသက်ကြီးရွယ်အို (၅၉) ဦးနှင့် သက်ကြီးရွယ်အို (၁၁၁) ဦး စုစုပေါင်း (၁၇၀) ဦးတို့ အတွက် (၁) ဦးလျှင်ငွေကျပ်(၃၀,၀၀၀/-) ရိပ်သာရှိအခြားဘိုးဘွား များအတွက် ကိုဗစ်-၁၉ ကာကွယ်ရန်နှင့် အာဟာရ ပြည့်ဝစေရန် ကျပ်(၁၁၉) သိန်း၊ စုစုပေါင်း ကျပ် (၁၇၀) သိန်း ထောက်ပ့ံခြင်းဖြစ်ကြောင်း သိရသည်။
 
#PeopleMedia #သန်လျင်ဘိုးဘွားရိပ်သာ #COVID-19

Share this post