• Follow Us on

Home သန်လျင်မြို့နယ်၌ ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သေနတ်သမားများ ပစ်ခတ်လိုက်သော ကျည်သည် ကွမ်းယာရောင်းသည့် အမျိုးသမီးကို ထိမှန်

သန်လျင်မြို့နယ်၌ ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သေနတ်သမားများ ပစ်ခတ်လိုက်သော ကျည်သည် ကွမ်းယာရောင်းသည့် အမျိုးသမီးကို ထိမှန်

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ နယ်မြေ ၁၀၊ သမာဓိလမ်းတွင် ယနေ့ ၁၀ နာရီ အချိန်ခန့် ရာအိမ်မှူးတစ်ဦးသည် သေနတ်ဖြင့်ပစ်ခံရသော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သေနတ်သမား များ ပစ်ခတ်လိုက်သော ကျည်ဆံသည် ကွမ်းယာဆိုင်ရှိ ကွမ်းယာရောင်းနေသည့် အမျိုးသမီးကို ထိမှန်ခဲ့ပါ တယ်။

 

ဖြစ်စဉ်မှာ ရာအိမ်မှူး ဦးအငယ်လေးသည် အမှုထမ်းရပ်ကွက်၊ နယ်မြေ ၁၀၊ ဘောဂလမ်းရှိ စိုးနိုင်နိုင် လက် ဖက်ရည်ဆိုင်မှအပြန် သမာဓိလမ်းအရောက် ပိတ်ထားသည့်အသုပ်ဆိုင်ထဲ၌ အမည်မသိအမျိုးသားတစ်ဦးမှာ ထိုင်နေပြီး ယင်းနောက် ဆိုင်ကယ်နှစ်စီးနှင့် အမည်မသိအမျိုးသား ၄ ဦးရောက်ရှိလာပြီး သေနတ်ထုတ်သည် ကို မြင်လိုက်သဖြင့် ရာအိမ်မှူး ဦးအငယ်လေးမှာ ကွမ်းယာဆိုင်ဘက်သို့ ထွက်ပြေးရာ လွတ်မြောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ထို့နောက် သေနတ်သမားများက ရာအိမ်မှူး ဦးအငယ်လေးကို လေးချက် ပစ်ခတ်ခဲ့ပါတယ်။

 

ထိုကဲ့သို့ သေနတ်သမားများက ရာအိမ်မှူးကို လိုက်လံပစ်ခတ်ရာ သေနတ်သမားများ ပစ်လိုက်သော ကျည်သည် ကွမ်းယာဆိုင်ရှိ အမျိုးသမီး၏ ဘယ်ဘက်ဒူးအောက်ပိုင်းသို့ ကျည်ထိမှန်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ကျည်ထိမှန်ခဲ့သည့် အမျိုးသမီးအား မြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းနှင့် မည်သည့်အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်သည်ကိုမူ မသိရှိရသေးပေ။

 

အလားတူ နိုဝင်ဘာ ၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင်လည်း သန်လျင်မြို့ရှိ ထန်းပင်ကုန်းအလယ်လမ်းတွင် နေ သည့် မုန်တိုင်းဆိုသည့် အမျိုးသားတစ်ဦးနှင့် ၎င်း၏တပည့်ဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ ကြောင်း သိရှိရသည်။

 

#PeopleMedia #သန်လျင် #ရာအိမ်မှူး

 

(unicode)


……………………………………………………

 


 


 


 


 


 


 



Share this post