• Follow Us on

Home သန္လ်င္ၿမိဳ႕ရွိ သဘာဝတရားရိပ္သာရွိ သံဃာေတာ္၊ သီလရွင္၊ အဘုိးအုိမ်ားႏွင့္ အဘြားအုိ(၂၆၂)ဦး COVID-19 ေရာဂါ ေတြ႕ရွိၿပီးေနာက္ ရိပ္သာ၏ ဆြမ္း၊ ကြမ္းအေျခအေနမ်ားႏွင့္ပတ္သက္ၿပီး သဘာ၀တရားရိပ္သာ ဆရာေတာ္ အရွင္ဦးဥတၱမသာရ မိန္႔ၾကားခ်က္

သန္လ်င္ၿမိဳ႕ရွိ သဘာဝတရားရိပ္သာရွိ သံဃာေတာ္၊ သီလရွင္၊ အဘုိးအုိမ်ားႏွင့္ အဘြားအုိ(၂၆၂)ဦး COVID-19 ေရာဂါ ေတြ႕ရွိၿပီးေနာက္ ရိပ္သာ၏ ဆြမ္း၊ ကြမ္းအေျခအေနမ်ားႏွင့္ပတ္သက္ၿပီး သဘာ၀တရားရိပ္သာ ဆရာေတာ္ အရွင္ဦးဥတၱမသာရ မိန္႔ၾကားခ်က္

Share this post

သန္လ်င္သဘာ၀တရားရိပ္သာတြင္ သံဃာေတာ္၊သီလရွင္၊အဘိုး၊ အဘြားမ်ား၌ COVID-19 ေရာဂါပိုး (၂၆၂) ဦး ေတြ႕ရွိမႈႏွင့္ပတ္သက္ၿပီး လက္ရွိႀကဳံေတြ႕ေနရသည့္ အေျခအေနမ်ားကို People Media က ဆရာေတာ္ အရွင္ဦးဥတၱမသာရ (သဘာ၀တရားရိပ္သာ)ထံ ေလ်ာက္ထားေမးျမန္းမႈကုိ ေဖာ္ျပလုိက္သည္။
People Media ။ ။ သဘာ၀တရားရိပ္သာမွာ COVID-19 ေရာဂါပိုးေတြ႕ရွိတယ္ဆိုေတာ့ လက္ရွိမွာ ဘယ္လို အေျခအေနရွိပါသလဲ၊ လူနာေတြကို ဘယ္လိုထားရွိထားပါသလဲ အရွင္ဘုရား။
ေျဖ ။ ။ ရိပ္သာမွာကေတာ့ ေန႔တိုင္းစစ္ေနတာေပါ့။ စစ္ေနတဲ့အခါက်ေတာ့ အေျခအေနကေျပာင္းေနတာေပါ့။ ေယာဂီ ၁၀၀၀ ေက်ာ္ေက်ာ္ေလာက္ကို စစ္ၿပီးသြားၿပီ။ အားလုံးေပါင္း ၄၀၀၀ ေက်ာ္ေလာက္ရွိတာဆိုေတာ့။ အေျခအေနေပးသလို ဆက္စစ္ေနဦးမွာပါ။ Positive သမားေတြအတြက္ ေနရာက စီစဥ္ေနရတုန္းဆိုေတာ့ ဒါကအခ်ိန္မီမေခၚနိုင္ေသးဘူး။ ရိပ္သာထဲမွာပဲ ေလာေလာဆယ္ သီးျခားခြဲထားေနရတယ္။ ေနရာစီစဥ္ေနရတဲ့ သေဘာရွိတာေပါ့ေနာ္။
People Media ။ ။ ျဖစ္စဥ္ေလးသိပါရေစ အရွင္ဘုရား။
ေျဖ။ ။ ခုစျဖစ္တာက ရိပ္သာထဲမွာ သံဃာတစ္ပါးကစ ၿပီး ေတာ့ ေနမေကာင္းလို႔ Q Center ထဲမွာထားရင္းနဲ႕ မခံမရပ္နိုင္ျဖစ္ရာကေန အစားစားလည္းအန္၊ အစာအိမ္ ေရာဂါလည္းရွိ အဲဒါနဲ႔ သန္လ်င္ေဆး႐ုံသြားျပၿပီးေတာ့ အစစ္ခံခ်င္တယ္ဆိုတာနဲ႕ အဲဒီမွာ စျဖစ္တာေပါ့။ အဲဒီကအေျဖ P ထြက္တာ။ အဲဒီကေနမွ ဆက္စပ္ပတ္သက္တာေတြအကုန္ စစ္ေဆးျဖစ္တာပါ။ အခုအမ်ားႀကီး ကို စစ္ေဆးတဲ့အေနအထားျဖစ္သြားတာ။
People Media ။ ။ ရိပ္သာကို ဘယ္လိုစီမံေဆာင္႐ြက္ထားပါသလဲ၊ သာသနာေရး၀န္ႀကီးဌာနအေနနဲ႔ေရာ ဘာ ေတြပူးေပါင္းေဆာင္႐ြက္ထားရွိပါသလဲ အရွင္ဘုရား။
ေျဖ ။ ။ ခုစစ္တာ ၃၁ ရက္ေန႕ထိကို ၁၈၉ ဦးထိရွိၿပီ။ မေန႔ကထပ္ၿပီးစစ္ေဆးေတာ့ အားလုံးေပါင္း၂၆၂ ဦးရွိၿပီ။ ဒီေန႔လည္း ထပ္ၿပီးစစ္ေဆးေနတယ္။ အခုရိပ္သာက သာသနာေရးပိုင္းအရ ဘုန္းႀကီးေတြနဲ႔ သီလရွင္ေတြကို စာရင္းေတြေကာက္ၿပီးေတာ့ သပ္သပ္ပို႔ရတယ္ေလ။ သံဃာေတြျဖစ္တဲ့အတြက္ေပါ့။ လူပုဂၢိဳလ္ပိုင္းက်ေတာ့ ဒီက ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးပိုင္းတို႔၊ ၿမိဳ႕နယ္က်န္းမာေရးပိုင္းတို႔ တိုင္းတို႔ ခရိုင္တို႔ ေရာက္လာၾကပါတယ္။ သူတို႔နဲ႔ ဆရာ ေတာ္နဲ႔ ေတြ႕ဆုံၿပီး ဒီဟာေတြကိုထိန္းခ်ဳပ္ဖို႔၊ ျပန႔္ပြားမႈကိုထိန္း ခ်ဳပ္ဖို႔ တားဆီးဖို႔ေဆာင္႐ြက္ေနပါတယ္။ ခုအေျဖထြက္တဲ့လူေတြကိုေတာ့ ေလာ့ေဒါင္းခ်ထားတယ္။ ရိပ္သာတစ္ခုလုံးအေနနဲ႔ ကၽြန္ေတာ့ အ၀င္အထြက္ ေတြ စိစစ္ၿပီးေတာ့ပဲ လက္ခံေတာ့တယ္။ မလိုအပ္ဘဲနဲ႔ ၀င္ေနထြက္ေနတာေတြကိုေတာ့ ရိပ္သာတစ္ခုလုံး အတိုင္းအတာအေနနဲ႔ ၀င္ေပါက္ထြက္ေပါက္က ၈ ေပါက္ေလာက္ရွိတယ္။ ၅ ေပါက္ ေလာက္ကို အစိုးရနဲ႔ ရပ္ကြက္နဲ႕ေပါင္းၿပီးေတာ့ ပိတ္ထားတာေပါ့။ ၃ ေပါက္ကိုေတာ့ ဂိတ္ေတြလုပ္ထားတယ္။ ၀င္ထြက္ေတြကို ကတ္ျပားလုပ္ေပးထားတယ္။ အလုပ္လုပ္တဲ့လူေတြ ၀င္ထြက္ဖို႔နဲ႔ အခုအဲဒီ ေစာင့္တဲ့လူေတြကိုလည္း က်န္းမာေရးစစ္ေဆးတယ္။ ဒီေန႔ေတာ့ အလုပ္လုပ္တဲ့လူေတြကို စစ္ေဆးတာေပါ့။
People Media ။ ။ ခုလက္ရွိကာလမွာ အရွင္ဘုရားတို႔အေနနဲ႕ ဆြမ္း၊ ကြမ္း ေဝယ်ာ၀စၥေတြကို ဘယ္လို စီမံ ေဆာင္႐ြက္ေနရပါသလဲ အရွင္ဘုရား။
ေျဖ ။ ။ အခုကလုပ္ကိုင္တဲ့သူေပါ့ေနာ္။ Positive ထြက္တဲ့လူေတြက Q ၀င္ေနရတာဆိုေတာ့ လူအားေတာ့ နည္းနည္း လိုတဲ့သေဘာေပါ့။ ဆြမ္း၊ ကြမ္းေတြက်ေတာ့ လာလာလွဴၾကတာေတြ၊ ဆြမ္းခံကေတာ့ ရသေလာက္ေတာ့ ထြက္ေနၾကတာေပါ့။ လုပ္ကိုင္ေပးမယ့္လူကေတာ့ ပိုပိုၿပီးေတာ့ နည္းသြားနိုင္တယ္။ Q ၀င္ရတဲ့သူနဲ႔ Positive သမားေတြမ်ားလာရင္သေလာက္ေပါ့ေနာ္။ အျပင္ထြက္ၿပီးေတာ့ ဆြမ္းခံထြက္ရတာ ေတြရွိတယ္။ ဆြမ္းသိမ္းတာေတြရွိတယ္။ ေနာက္ၿပီးေတာ့ ေစ်း၀ယ္ထြက္တာေတြရွိတယ္။ ခ်က္ျပဳတ္ဖို႔ေပါ့။ အနီးအနားရပ္႐ြာနဲ႔ေရာ အျပင္နဲ႔ေရာ သြားလာေနတာ ေတြအကုန္လုံးကိုေတာ့ ပိုးရွိ၊ မရွိစစ္ၿပီးေတာ့မွ က်န္းမာတဲ့လူမွပဲ အျပင္ထြက္ဖို႔ေပါ့။ မျဖစ္မေနအနည္းဆုံးအေရအတြက္ကိုပဲ ထြက္ဖို႔ေပါ့။ ရိပ္သာမွာေတာ့ ဒီ ၄၃၀၀ ေက်ာ္ကို ေန႔တိုင္းေကြၽးေနရတာေပါ့။ မွီခိုတဲ့လူေတြပါ ပါတဲ့အခါက်ေတာ့၊ အဲဒီေတာ့လည္း ဆြမ္းတန္းႂကြ တာေတြေရာ၊ ဟင္းေတြလာၿပီး လွဴဒါန္းတာေတြေရာ၊ သြား၀ယ္ရတာေတြေရာ၊ အဲဒါေတြနဲ႔ ေန႔စဥ္ လူ ၄၀၀၀ ေက်ာ္ကို စားဖို႔အတြက္ကို စီစဥ္ေဆာင္႐ြက္ေပးေနရေတာ့ လုံး၀ႀကီး ရိပ္သာကပိတ္လိုက္လို႔ေတာ့ မရဘူး။ အခုအသက္ႀကီးတဲ့သူေတြေရာ၊ လူေတာ္ေတာ္မ်ားမ်ားက အျပင္ကိုသိပ္မသြားခ်င္ၾကဘူး။ ရိပ္သာမွာပဲ ေနခ်င္ၾကတယ္။
People Media ။ ။ အရွင္ဘုရားအေနနဲ႔ ဘာမ်ားျဖည့္စြက္မိန႔္ၾကားခ်င္ပါေသးလဲ။
ေျဖ ။ ။ ခုလက္ရွိအခ်ိန္ထိ စစ္ေဆးတာ ၁၀၀၀ ေက်ာ္စစ္ၿပီးၿပီ။ မေန႕ကထိ ေရာဂါပိုးေတြ႕ရွိသူက ၂၆၂ ဦးေပါ့။ အဲဒီထဲက သံဃာက ၁၅ ပါး၊ သီလရွင္က ၁၆ ပါးပါတယ္။ အခုကေတာ့ ရိပ္သာ မွာပဲထားမွာ။ ရိပ္သာမွာ ထားတာက သက္ႀကီး႐ြယ္အိုေတြအတြက္ေရာ နည္းနည္းေနရာခက္တာေပါ့။ အကုန္လုံး Positive သမားေတြကို အစိုးရကစစ္ေပးတယ္။ ၿပီးေတာ့ သူတို႔ဘက္က က်န္းမာေရးပိုင္းဆိုင္ရာ ၀န္ထမ္းေတြလည္း ထိုက္သေလာက္ပို႔ေပးတယ္။ အခုက လူငယ္ကဆရာေတာ္တို႔မွာ ရွားေနတယ္။ တစ္ဖက္မွာလည္း ဆြမ္းခ်က္တာတို႔၊ ဆြမ္းသိမ္းတာတို႔၊ အလွဴေငြလက္ခံတာတို႔၊ ႐ုံးအဖြဲ႕ေတြေပါ့၊ အဲဒါေတြအကုန္လုံး အစစ္ေဆးခံရမယ့္သေဘာျဖစ္ေနတာေပါ့။ အခုလိုေျဖၾကားေပးပါတာ ေက်းဇူးတင္ပါတယ္ အရွင္ဘုရား။
#PeopleMedia #သဘာဝတရားရိပ္သာ #COVID19
(unicode)
သန်လျင်မြို့ရှိ သဘာဝတရားရိပ်သာရှိ သံဃာတော်၊ သီလရှင်၊ အဘိုးအိုများနှင့် အဘွားအို(၂၆၂)ဦး COVID-19 ရောဂါ တွေ့ရှိပြီးနောက် ရိပ်သာ၏ ဆွမ်း၊ ကွမ်းအခြေအနေများနှင့်ပတ်သက်ပြီး သဘာဝတရားရိပ်သာ ဆရာတော် အရှင်ဦးဥတ္တမသာရ မိန့်ကြားချက်
…………………………………………………………………..
သန်လျင်သဘာဝတရားရိပ်သာတွင် သံဃာတော်၊သီလရှင်၊အဘိုး၊ အဘွားများ၌ COVID-19 ရောဂါပိုး (၂၆၂) ဦး တွေ့ရှိမှုနှင့်ပတ်သက်ပြီး လက်ရှိကြုံတွေ့နေရသည့် အခြေအနေများကို People Media က ဆရာတော် အရှင်ဦးဥတ္တမသာရ (သဘာဝတရားရိပ်သာ)ထံ လျောက်ထားမေးမြန်းမှုကို ဖော်ပြလိုက်သည်။
People Media ။ ။ သဘာဝတရားရိပ်သာမှာ COVID-19 ရောဂါပိုးတွေ့ရှိတယ်ဆိုတော့ လက်ရှိမှာ ဘယ်လို အခြေအနေရှိပါသလဲ၊ လူနာတွေကို ဘယ်လိုထားရှိထားပါသလဲ အရှင်ဘုရား။
ဖြေ ။ ။ ရိပ်သာမှာကတော့ နေ့တိုင်းစစ်နေတာပေါ့။ စစ်နေတဲ့အခါကျတော့ အခြေအနေကပြောင်းနေတာပေါ့။ ယောဂီ ၁၀၀၀ ကျော်ကျော်လောက်ကို စစ်ပြီးသွားပြီ။ အားလုံးပေါင်း ၄၀၀၀ ကျော်လောက်ရှိတာဆိုတော့။ အခြေအနေပေးသလို ဆက်စစ်နေဦးမှာပါ။ Positive သမားတွေအတွက် နေရာက စီစဉ်နေရတုန်းဆိုတော့ ဒါကအချိန်မီမခေါ်နိုင်သေးဘူး။ ရိပ်သာထဲမှာပဲ လောလောဆယ် သီးခြားခွဲထားနေရတယ်။ နေရာစီစဉ်နေရတဲ့ သဘောရှိတာပေါ့နော်။
People Media ။ ။ ဖြစ်စဉ်လေးသိပါရစေ အရှင်ဘုရား။ ဖြေ။ ။ ခုစဖြစ်တာက ရိပ်သာထဲမှာ သံဃာတစ်ပါးကစ ပြီး တော့ နေမကောင်းလို့ Q Center ထဲမှာထားရင်းနဲ့ မခံမရပ်နိုင်ဖြစ်ရာကနေ အစားစားလည်းအန်၊ အစာအိမ် ရောဂါလည်းရှိ အဲဒါနဲ့ သန်လျင်ဆေးရုံသွားပြပြီးတော့ အစစ်ခံချင်တယ်ဆိုတာနဲ့ အဲဒီမှာ စဖြစ်တာပေါ့။ အဲဒီကအဖြေ P ထွက်တာ။ အဲဒီကနေမှ ဆက်စပ်ပတ်သက်တာတွေအကုန် စစ်ဆေးဖြစ်တာပါ။ အခုအများကြီး ကို စစ်ဆေးတဲ့အနေအထားဖြစ်သွားတာ။
People Media ။ ။ ရိပ်သာကို ဘယ်လိုစီမံဆောင်ရွက်ထားပါသလဲ၊ သာသနာရေးဝန်ကြီးဌာနအနေနဲ့ရော ဘာ တွေပူးပေါင်းဆောင်ရွက်ထားရှိပါသလဲ အရှင်ဘုရား။
ဖြေ ။ ။ ခုစစ်တာ ၃၁ ရက်နေ့ထိကို ၁၈၉ ဦးထိရှိပြီ။ မနေ့ကထပ်ပြီးစစ်ဆေးတော့ အားလုံးပေါင်း၂၆၂ ဦးရှိပြီ။ ဒီနေ့လည်း ထပ်ပြီးစစ်ဆေးနေတယ်။ အခုရိပ်သာက သာသနာရေးပိုင်းအရ ဘုန်းကြီးတွေနဲ့ သီလရှင်တွေကို စာရင်းတွေကောက်ပြီးတော့ သပ်သပ်ပို့ရတယ်လေ။ သံဃာတွေဖြစ်တဲ့အတွက်ပေါ့။ လူပုဂ္ဂိုလ်ပိုင်းကျတော့ ဒီက မြို့နယ်အုပ်ချုပ်ရေးပိုင်းတို့၊ မြို့နယ်ကျန်းမာရေးပိုင်းတို့ တိုင်းတို့ ခရိုင်တို့ ရောက်လာကြပါတယ်။ သူတို့နဲ့ ဆရာ တော်နဲ့ တွေ့ဆုံပြီး ဒီဟာတွေကိုထိန်းချုပ်ဖို့၊ ပြန့်ပွားမှုကိုထိန်း ချုပ်ဖို့ တားဆီးဖို့ဆောင်ရွက်နေပါတယ်။ ခုအဖြေထွက်တဲ့လူတွေကိုတော့ လော့ဒေါင်းချထားတယ်။ ရိပ်သာတစ်ခုလုံးအနေနဲ့ ကျွန်တော့ အဝင်အထွက် တွေ စိစစ်ပြီးတော့ပဲ လက်ခံတော့တယ်။ မလိုအပ်ဘဲနဲ့ ဝင်နေထွက်နေတာတွေကိုတော့ ရိပ်သာတစ်ခုလုံး အတိုင်းအတာအနေနဲ့ ဝင်ပေါက်ထွက်ပေါက်က ၈ ပေါက်လောက်ရှိတယ်။ ၅ ပေါက် လောက်ကို အစိုးရနဲ့ ရပ်ကွက်နဲ့ပေါင်းပြီးတော့ ပိတ်ထားတာပေါ့။ ၃ ပေါက်ကိုတော့ ဂိတ်တွေလုပ်ထားတယ်။ ဝင်ထွက်တွေကို ကတ်ပြားလုပ်ပေးထားတယ်။ အလုပ်လုပ်တဲ့လူတွေ ဝင်ထွက်ဖို့နဲ့ အခုအဲဒီ စောင့်တဲ့လူတွေကိုလည်း ကျန်းမာရေးစစ်ဆေးတယ်။ ဒီနေ့တော့ အလုပ်လုပ်တဲ့လူတွေကို စစ်ဆေးတာပေါ့။
People Media ။ ။ ခုလက်ရှိကာလမှာ အရှင်ဘုရားတို့အနေနဲ့ ဆွမ်း၊ ကွမ်း ဝေယျာဝစ္စတွေကို ဘယ်လို စီမံ ဆောင်ရွက်နေရပါသလဲ အရှင်ဘုရား။
ဖြေ ။ ။ အခုကလုပ်ကိုင်တဲ့သူပေါ့နော်။ Positive ထွက်တဲ့လူတွေက Q ဝင်နေရတာဆိုတော့ လူအားတော့ နည်းနည်း လိုတဲ့သဘောပေါ့။ ဆွမ်း၊ ကွမ်းတွေကျတော့ လာလာလှူကြတာတွေ၊ ဆွမ်းခံကတော့ ရသလောက်တော့ ထွက်နေကြတာပေါ့။ လုပ်ကိုင်ပေးမယ့်လူကတော့ ပိုပိုပြီးတော့ နည်းသွားနိုင်တယ်။ Q ဝင်ရတဲ့သူနဲ့ Positive သမားတွေများလာရင်သလောက်ပေါ့နော်။ အပြင်ထွက်ပြီးတော့ ဆွမ်းခံထွက်ရတာ တွေရှိတယ်။ ဆွမ်းသိမ်းတာတွေရှိတယ်။ နောက်ပြီးတော့ စျေးဝယ်ထွက်တာတွေရှိတယ်။ ချက်ပြုတ်ဖို့ပေါ့။ အနီးအနားရပ်ရွာနဲ့ရော အပြင်နဲ့ရော သွားလာနေတာ တွေအကုန်လုံးကိုတော့ ပိုးရှိ၊ မရှိစစ်ပြီးတော့မှ ကျန်းမာတဲ့လူမှပဲ အပြင်ထွက်ဖို့ပေါ့။ မဖြစ်မနေအနည်းဆုံးအရေအတွက်ကိုပဲ ထွက်ဖို့ပေါ့။ ရိပ်သာမှာတော့ ဒီ ၄၃၀၀ ကျော်ကို နေ့တိုင်းကျွေးနေရတာပေါ့။ မှီခိုတဲ့လူတွေပါ ပါတဲ့အခါကျတော့၊ အဲဒီတော့လည်း ဆွမ်းတန်းကြွ တာတွေရော၊ ဟင်းတွေလာပြီး လှူဒါန်းတာတွေရော၊ သွားဝယ်ရတာတွေရော၊ အဲဒါတွေနဲ့ နေ့စဉ် လူ ၄၀၀၀ ကျော်ကို စားဖို့အတွက်ကို စီစဉ်ဆောင်ရွက်ပေးနေရတော့ လုံးဝကြီး ရိပ်သာကပိတ်လိုက်လို့တော့ မရဘူး။ အခုအသက်ကြီးတဲ့သူတွေရော၊ လူတော်တော်များများက အပြင်ကိုသိပ်မသွားချင်ကြဘူး။ ရိပ်သာမှာပဲ နေချင်ကြတယ်။
People Media ။ ။ အရှင်ဘုရားအနေနဲ့ ဘာများဖြည့်စွက်မိန့်ကြားချင်ပါသေးလဲ။
ဖြေ ။ ။ ခုလက်ရှိအချိန်ထိ စစ်ဆေးတာ ၁၀၀၀ ကျော်စစ်ပြီးပြီ။ မနေ့ကထိ ရောဂါပိုးတွေ့ရှိသူက ၂၆၂ ဦးပေါ့။ အဲဒီထဲက သံဃာက ၁၅ ပါး၊ သီလရှင်က ၁၆ ပါးပါတယ်။ အခုကတော့ ရိပ်သာ မှာပဲထားမှာ။ ရိပ်သာမှာ ထားတာက သက်ကြီးရွယ်အိုတွေအတွက်ရော နည်းနည်းနေရာခက်တာပေါ့။ အကုန်လုံး Positive သမားတွေကို အစိုးရကစစ်ပေးတယ်။ ပြီးတော့ သူတို့ဘက်က ကျန်းမာရေးပိုင်းဆိုင်ရာ ဝန်ထမ်းတွေလည်း ထိုက်သလောက်ပို့ပေးတယ်။ အခုက လူငယ်ကဆရာတော်တို့မှာ ရှားနေတယ်။ တစ်ဖက်မှာလည်း ဆွမ်းချက်တာတို့၊ ဆွမ်းသိမ်းတာတို့၊ အလှူငွေလက်ခံတာတို့၊ ရုံးအဖွဲ့တွေပေါ့၊ အဲဒါတွေအကုန်လုံး အစစ်ဆေးခံရမယ့်သဘောဖြစ်နေတာပေါ့။ အခုလိုဖြေကြားပေးပါတာ ကျေးဇူးတင်ပါတယ် အရှင်ဘုရား။
#PeopleMedia #သဘာဝတရားရိပ်သာ #COVID19


Share this post